Chapter-1

2.9K 127 10
                                    

"အဆင်​​ပြေရဲ့လား~အရှင့်​သမီး??"

ဝံပု​လွေကြီးကို​မောင်းထုတ်​နိုင်​လိုက်​ပြီးတဲ့​နောက်​ သစ်​ပင်​အ​ကြီးကြီးအ​နောက်​မှာပုန်း
နေတဲ့တိုင်းပြည်​ရဲ့အနာဂတ်​ဘုရင်​မ​လျောင်းလျာ​လေးကို ​ယောကျာ်း​လေးတစ်​​ယောက်​လိုဝတ်​စားဆင်​ယင်​ထားတဲ့ ​ကောင်​မ​လေးကစိတ်​ပူပင်​မှု​တွေနဲ့အပြည့်​နဲ့
မေးသည်​။သူတို့နှစ်​​ယောက်​ နန်း​တော်​ထဲက​နေတိတ်​တိတ်​​လေးခိုးထွက်​​လာပြီး
တောအုပ်​ထဲမှာလာကစား​နေတုန်းဝံပု​လွေကြီးနဲ့ပက်​ပင်းတိုးမိသွားခြင်းဖြစ်
သည်​။မင်းသမီး​ငယ်​​လေး ​ကြောက်​လန့်​​နေပြီးအနည်းငယ်​လဲတုန်​ရီ​နေရှာ၏

"အင်း~အဆင်​​ပြေပါတယ်​!​ကျေးဇူးပါပဲ~TaeTae!နင်​ကငါတကယ်​အားကိုးရတဲ့ သူငယ်​ချင်း​ကောင်းပဲ"

မင်းသမီး​လေးက ​ကောင်​​လေးတစ်​​ယောက်​ပုံ​ပေါ်​နေတဲ့ ​ကောင်​မ​လေးပါးကို​​ကျေးဇူးတင်​တဲ့အ​နေနဲ့အနမ်းတစ်​ပွင့်​​ပေး​တော့ ထို​ကောင်​မ​လေးခမျာမျက်​နှာကြီးရဲတက်​သွားပြီးရှက်​​နေရှာ၏။ကောင်​မ​လေးက သူတို့ပထမဆုံးစ​တွေ့တဲ့ အချိန်​ကထဲက မင်းသမီး​လေးကိုတိတ်​တခိုးချစ်​​နေခဲ့ရရှာတာ။ချစ်​ရတဲ့သူနဲ့သူငယ်​ချင်း​တွေဖြစ်​ခွင့်​ရတာကိုပဲ သူ့ခမျာဝမ်းသာမဆုံးဖြစ်​​နေရရှာတာ။

"အရှင့်​သမီးနဲ့​ဟောဒီတိုင်းပြည်​ကိုလူဆိုး​တွေရန်​က​နေကာကွယ်​ဖို့ ကျွနု​ပ်​ ရဲ့ဖခင်​လိုပဲ စစ်​သူကြီးတစ်​​ယောက်​ဖြစ်​​အောင်​ကျွန်ုပ်​ကြိုးစားမှာ"

၉ နှစ်​အရွယ်​​ကောင်​မ​လေးက သူ့ရဲ့ခိုင်​မာတဲ့ဆုံးဖြတ်​ချက်​ကို​ပြောပြသည်

"ဒါ​ပေမယ့်​ နင်​ကမိန်းက​လေး​လေ TaeTae ရဲ့!တိုင်းပြည်​ကိုကာကွယ်​တာက ​ယောကျာ်း​လေး​တွေအလုပ်​ပါ"

"ကိစ္စမရှိပါဘူး အရှင့်​သမီးရဲ့!စစ်​​လေ့ကျင့်​ခန်းမှာ အဲ့ဒီ​ယောကျာ်း​လေး​တွေအကုန်​လုံးကိုကျွန်​​တော်​မျိုးမအနိုင်​တိုက်​နိုင်​တာပဲ​လေ!ကျွန်​​တော်​မျိုးမကအရှင့်​သမီး ဂုဏ်​ယူရတဲ့သူရဲ​ကောင်း
တစ်​​ယောက်​ဖြစ်​လာမှာပါ"

လိ​ပ်​ပြာ​လေးရဲ့အချစ်​ပုံပြင်​Where stories live. Discover now