Ep 1

49 3 2
                                    

ချစ်​ရသူ......
အဲ့အချိန်​ကမင်းနဲ့သာ မဆုံခဲ့ရင်
ကိုယ်​ဟာ ဒီ​လောက်​ထိ နူးညံ့လာမယ်​မထင်

သို့​ပေမဲ့လည်း မင်းကိုဆုံးရှုံးလိုက်​ရရင်​ဆိုတဲ့
ကိုယ့်​အ​တွေး​တွေကိုမင်း​လေး​ဖျောက်​ဖျက်
ပေးရင်​သိပ်​​ကောင်းမှာဘဲ

သူများ​တွေက ကိုယ့်​ကိုမာနကြီးတယ်
စကားနည်းတဲ့လူတစ်​​ယောက်​လို့​ပြော​ပေမဲ့
မင်း​လေးက​တော့သူများ​တွေနဲ့မတူညီစွာဆက်​ဆံခဲ့တယ်

အစစ်​အမှန်​သာ​ပြောရမည်​ဆိုလျှင်
မင်း​လေးပစ်​ခွင်းလိုက်​တဲ့မြှားဟာ အချစ်​မြှားမဟုတ်​ဘဲ
များစွာ​သောအဆိပ်​​တွေ​လူးထားတဲ့မြှား ဆိုရင်​​တောင်
ကိုယ်​ကအပစ်​ခံနိုင်​စွမ်းရှိ​အောင်​ပြင်​ဆင်​ရမှာပါ ချစ်​သူ
......................................

ိန်​ ကလည်း ငါဘယ်​နှခါ​ခေါ်မှကြားမှာလဲ ဟမ်
ဘာ​တွေများ​တွေး​နေလို့လဲ

ဟဟ မင်းက​ရော​နေ့ခင်း​ကြောင်​​တောင်​ကြီး ဘာလာလုပ်​တာလဲ

အော်​ ​နေ့လည်​စာကိုငါမှလာမ​ကျွေးရင်​ စားရမဲ့အ​ကောင်​မဟုတ်​လို့ အ​မေက လာပို့ခိုင်းလိုက်​တာ

မေခိုင့်​ လက်​ရာလား

ကျ​နော်​လည်း​​မေခိုင့်​လက်​ရာဆို​တော့ခုဘဲဗိုက်​ကဆာလာသလိုလိုဘဲ

ရော့ ကိုယ့်​ကွကိုယ်​ဖွင့်​ပြီးစား

တွေ့လား သူများ​တွေကမာနမင်းသားလို့​ခေါ်ကြတဲ့သူကို သူကခုလိုအနိုင်​ကျင့်​​နေတာဆယ်​နှစ်​​လောက်​ရှိပြီလို့​ပြောရင်​ ယုံမဲ့သူခပ်​ရှားရှားရယ်

ခုလည်းကြည့်​ဗျာ ကိုယ့်​ကွကိုယ်​ ​အေး​ဆေးစား​နေတဲ့လူကို

လဒ ​ဖြေး​ဖြေးစားနင်​​သေ​နေဦးမယ်​ ​ရေ​လေးလည်း​သောက်​ဦး ​ရော့

ရေခွက်​​ပေးတာ​တောင်​ ​စေတနာက သိပ်​ရှိချင်​ပုံမ​ပေါ်
ခဏကြာ​တော့ ကျ​နော်​လည်းစားပြီး သူလည်း ပြန်​​တော့မယ်​အချိန်

ယံ ခဏ​လေး

ကျ​နော်​ ရုံးခန်းက​နေထွက်​​တော့မယ့်​သူ​လေးကို ခဏ​လောက်​ရပ်​ခိုင်းထားပြီးအံဆွဲထဲမှာရှိတဲ့ ဘူး​လေးတစ်​ဘူး​ကိုထုတ်​လိုက်​ပြီး

အဆိပ်​လူး​သော  မြှားWhere stories live. Discover now