Ep 2

43 2 2
                                    

ခင်​ဗျားကြီးဟာ​လေ
ကျ​နော့်​ကိုအရမ်းသိမ်းသွင်းနိုင်​တာဘဲ​နော်
ဒါမဲ့​လေ ကျ​နော်​သာအဲ့​နေက ခင်​ဗျားကြီးနဲ့

အဲ့လိုအဖြစ်​မျိုးမဖြစ်​ခဲ့ရင်
အ​ခြေအ​နေ​တွေဒီ​လောက်​ဆိုးရွားမယ်​မထင်
သို့​သော်​လည်း ကျ​နော့်​နှလုံးသားဟာ
ခင်​ဗျားကိုဘဲ​ရွေးချယ်​မိတဲ့အခါမှာ

ကျ​နော်​ဘယ်​​လောက်​ဘဲ​ပျော်​​နေ​နေ
တခြားသူ​တွေကို​တော့နာကျင်​​စေခဲ့တဲ့
ကျ​နော့်​ကိုကျ​နော်​မုန်းမိတယ်​ လူကြီးရဲ့

..................................................

ကျ​နော်​ရဲ့ သူငယ်​ချင်းကြီးဆီသွားပြီးအပြန်​မှာ
သူ့ကိုစ​တွေ့ခဲ့တာဗျ
ယောက်ျားပီသ ပြီး handsomeဖြစ်​တဲ့သူ့ကို

ကျ​နော့်​လို ချစ်​ဖို့​ကောင်းပြီး မိန်းက​လေးရုပ်​နဲ့
ကျ​နော်​က သူ့ကိုသ​ဘောကျတာ​တော့ မဆန်းဘူးမလား
ဒါမဲ့ ကျ​နော့်​ သူငယ်​ချင်း ရိန်​လည်း ​ယောက်ျားပီသ တာဘဲ​လေ
အရပ်​ရှည်​ရှည်​ အသားကကျ​နော့်​လောက်​သိပ်​မဖြူ​ပေမဲ့ သူ့ရဲ့​ကျောင်းသားဘဝတုန်းကKingဆိုတဲ့ ဂုဏ်​ပုဒ်​နဲ့အညီပင်​ ​ကောင်​မ​လေး​တော်​​တော်​များများကလည်းရိန်​ပြုံးလိုက်​ရုံနဲ့တင်​​ကြွေ​နေကြတာ ဒါမဲ့သူတို့Kingကင​ပေါကြီးဆိုရင်​ယုံမယ်​မထင်

ပြီး​တော့ ရိန်​ က ကျ​နော့်​ကိုဆို က​လေး​လေး တစ်​​ယောက်​လိုဘဲ
စောင့်​​ရှောက်​တာ သူက ကျ​နော်​ထက်​​တော့ လပိုင်းကြီးတာ​ပေါ့
ခုဆို ကျ​နော်​က ​ဖေ​ဖေCompany မှာအလုပ်​လုပ်​​ဖို့ကိုငြင်း​နေတာ ဟီးးးး

ကျ​နော်​မှမလုပ်​ချင်​​သေးတာလို့
ရိန်​က​တော့ စပြီးသူအ​ဖေ့ရဲ့လုပ်​ငန်းကိုဦးစီး​နေပြီ
အိမ်​က ​မေ​မေတို့ကလည်း ရိန်​လာပြီဆို ပွစိပွစိနဲ့
ကျ​နော့်​ကိုအပြစ်​တင်​လို့မဆုံး​တော့

တီ........တီ.........

သား​ရေ ......​ဝေယံ ​လေး သူရိန်​လင်း​လာတယ်​ သား​ရေ.....

ဟောာာ လာပြီဗျ ကျ​နော်​ရဲ့ချစ်​သူငယ်​ချင်းကြီး
သူနဲ့တက္ကသိုလ်​တက်​တုန်းကဆို သူက​ကျောင်းရဲ့မာနကြီးတဲ့ King တဲ့ ဒီ​လောက်​စကားများပြီး​ပေါ​တော​တောကိုမှ ခုလည်းကျ​နော်​ဆင်းလာတာကို ဂရု​တောင်​စိုက်​ပုံမရ

အဆိပ်​လူး​သော  မြှားWhere stories live. Discover now