Part 11 _ Meet with queen

2.5K 251 0
                                    

[Zawgyi]

Baek: အမလေး..Yeol yahh..ကြွက်..ကြွက်
ကြီး..

Yeol: Baek..Baek.. ရရဲ့လား..သွားပါပီမရှိတော့ဘူးနော်..

Baek: ဟင့်အင်း..Baek ကြောက်တယ်..ဆက်မသွားရဲတော့ဘူး..တခြားလမ်းမရှိဘူးလား..Yeol ရယ်..

NaNa ရဲ့..စံအိမ်ကြီးထဲကို..Baek နဲ့ Yeol အတူတူရောက်နေကြတယ်..အကြောင်းကတော့..
Suho ဘုရင်မကို တွေ့ဖို့အတွက်..ဖွက်ထားတဲ့ နေရာကို..သွားနေကြတာပါ..

Yeol: ဒီလမ်းပဲရှိတာကြောင့်ပါ Baek ရယ်..
ခဏလေးပဲသည်းခံလိုက်ပါနော်..ကိုယ့်ကလေးက လိမ္မာပါတယ်..

Yeol သိတာပေါ့..Baek ကြောက်နေတယ်ဆိုတာ..ဒါပေမယ့် ဒီလမ်းပဲရှိတာမို့လို့..သွားမှဖစ်မာလေ..အိမ်ပေါ်က တက်သွားရင်..NaNa လက်ချက်နဲ့..ဒုက္ခရောက်သွားမှာ..ဒီလမ်းတောင်..Hyung နဲ့ သူ့အစွမ်းပေါင်းပီး..NaNa မသိအောင်မနည်းလုပ်ထားရတာ..

တကယ်တော့..Yeol တို့ Suho ဘုရင်မကို ရှာတွေ့နေတာ နည်းနည်းတော့ ကြာပီ..ဒါပေမယ့်..တခါးကိုဘယ်လိုမှ..ဖွင့်လို့မရဘူး..Baek ဆိုရင်ရလောက်တာမို့..ကြိုးစားကြည့်ရမယ်လေ..အာ့ကြောင့်..Baek မကြောက်အောင်..ချော့ပီးပြောရင်း..ဆံပင်လေးတွေကို ဖွပေးလိုက်တယ်..Baek အာ့လိုလုပ်ရင် သဘောကျတယ်လေ..ခုလည်း..သူ့ကိုပြုံးပြီးခေါင်းလေးညိမ့်ပြတယ်..

Yeol: Aigooooo ဘယ်သူနဲ့တူလို့.. ဒီလောက်လိမ္မာနေတာပါလိမ့်..

Baek: ဟီး..

Yeol: ကဲ..Baek သွားရအောင်နော်..

တလမ်းလုံးလဲ..ကြွက်တေဖြတ်ပြေးလိုက်..ပိုးဟပ်တေထွက်လာလိုက်..မှောင်ကလည်းမှောင်နေသေးတယ်..မီးတုတ်လေးသာပါမလာရင်တော့.. ဒုက္ခပဲ..အေးလေ..မြေအောက်လှိုက်ဂူထဲက သွားနေရမှတော့..ဒီလောက်တော့ရှိမာပေါ့..
Baek လည်း ကြောက်နေတယ်ဆိုပေမယ့်..
Yeol က သူ့လက်လေးကို ဆုပ်ကိုင်ပေးထားတာမို့..ဘယ်ကမှန်းမသိတဲ့ သတ္တိတေရှိလာသလိုတောင်..ခံစားမိတယ်..

နောက်ဆုံးတော့..ရောက်ပီထင်တယ်..လှိုဏ်ဂူ
လမ်းက ဆုံးသွားပီလေ..Yeol ကိုလှည့်ကြည့်လိုက်တော့..သူ့လက်ကိုမလွှတ်ပေးသေးပဲ..ပတ်ဝန်းကျင်ကို အခြေအနေကြည့်နေပုံရတာမို့..ငြိမ်ငြိမ်လေးပဲ..ကြည့်နေလိုက်တယ်..ခဏနေတော့မှ.

🌠🌠Dreamland🌠🌠 [COMPLETED] (Z+U)Where stories live. Discover now