အပိုင်း ၄ 👬💛👬

4.8K 257 0
                                    

Kong ရဲ့ အတွေး......

ကျနော့ အသည်းကို ဓါးနဲ့ မွှန်းသွားသလိုပါပဲ။ သူက တော့ ဘာမှ ခံစားရလောက်ပါဘူး။သူကျနော့် ကို Khun လို့ ခေါ်ဖို့ ပြောတုန်းက ကျနော် မျက်ရည်မကျမိအောင် မနည်းထိန်းထားရတယ်။သူ့လို စိတ်ခိုင်နိုင်ရင် ကျနော့ ဘဝလည်း အခုလို ဖြစ်နေမှာမဟုတ်ဘူး......😞

P'Arthit ရဲ့ အတွေး............

Kong ကျနော့ ရုံးခန်းထဲက ထွက်သွားမှ သက်ပြင်းချနိုင်တော့တယ်

''Khun Arthit Sawadeekrup , ကျနော့ နာမည် Off ပါ
Khun ရဲ့ အတွင်းရေးမှူးအသစ်ပါ ခင်ဗျာ''

''ကျနော့ ရဲ့ အတွင်းရေးမှူး က ယောက်ျားလေးလား?😳Wow! ''

'' ကျနော်လည်း ကြောင်တောင်တောင် နိုင်နေတယ်ဆိုတာ သိပါတယ် ဒါပေမယ့်........ '''
သူ ကျနော့်ကို ပြောရင်း ပြုံးနေသည်။

ဒါက ကျနော့်ဘဝမှာ ပထမဆုံး ယောက်ျားလေး အတွင်းရေးမှူး လို့်ပြောရမလား? သူက ချောတယ် သူ့အပြုံးတွေကလည်း ဆွဲဆောင်မှုရှိတယ်။

'' Khun, ကျနော် ပြောတာ ကြားရဲ့လား?''

''အမ်!Sorry အလုပ်အကြောင်း တွေးမိသွားလို့ပါ.....
ဒါနဲ့ မင်း ကိုယ့်ကို Khun လို့ ခေါ်မယ့်အစား ကိုယ့် နာမည်ကိုပဲ ခေါ်ပေးနိုင်မလား? "

'' Krup,Arthit ''
ရုတ်တရက် Kong အခန်းထဲကို ဝင်လာပီး ခေါ်လိုက်ချင် ဖြစ်သည်။လက်ထဲမှာ file တွေ ကိုင်ထားရင်း.......

''ကျနော် အရင် သွားနှင့်ပါမယ် Arthit'' Off က ပြောပီးထွက်သွားသည်။

"Krup,Off '' P'Arthit က ပြန်ပြောလိုက်သည်။

Kong ရဲ့ အတွေး.......

Off? Arthit? ဟုတ်လား။Khun မလိုဘူးတဲ့ 😕 ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလဲ ငါ့ကြတော့ Khun ထည့် ခိုင်းပီးတော့ သူ့ကိုကြတော့ မလိုဘူးတဲ့ 😡

"Arthit? ဟုတ်လား Khun မလိုဘူးပေါ့ Khun Arthit ''
Off အခန်းထဲက ထွက်သွားတော့ ကျနော် မေးလိုက်တယ်

''သူကတော့ ငါ့ကို Khun ထည့်ပီး ခေါ်စရာ မလိုဘူး Khun Kongpob ... တစ်ယောက်သော သူကသာ မှားပီး ငါ့ကို လာခေါ်တာ
ပီးတော့ သူက ငါ့အပေါ် ဘာမှ မလုပ်သေးဘူး။
ဥပမာ - မင်း ငါ့ အပေါ် လှည့်စားခဲ့သလိုပေါ့''

( Sotus S ) Pink Milk မွန်းစတား ရဲ့ Seme😍Where stories live. Discover now