အဆုံးသတ်မရှိသော နိဂုံး....

843 111 30
                                    

*EXO's former member Xiumin's wedding will be celebrated on December 10,2017!*

"နောက်ဆုံးတော့..hyung.."

"တော်သင့်ပြီ..Chennie hyung။ Hyung ငိုနေလို့ ဘာမှထူးတော့မှာ မဟုတ်ဘူးလေ.. ကျွန်တော်တို့ ဂုဏ်ပြုပေးလိုက်ရအောင်လေ..။ သူ့ကို တကယ်ချစ်ကြောင်း နာကျင်နေတဲ့ အပြုံးတွေနဲ့ သက်သေပြရမယ်..။"

"Aigoo.. ငါတို့ ငယ်လေး ဘယ်တုန်းက ရင့်ကျက်သွားတာပါလိမ့်? ငယ်လေးကြောင့် ကျမယ့် မျက်ရည်တောင် တန့်သွားတယ်.."

"အသက်ငယ်ပေမယ့်လည်း ရင့်ကျက်အောင် အဖြစ်အပျက် တစ်ချို့ကနေ သင်ယူလို့ရပါတယ် Hyung.. ဥပမာ.. သူတို့ နာကျင်ရပေမယ့် ကျွန်တော်တို့ကိုပဲ အားတင်းထားဖို့ ပြောတတ်တဲ့ ငွေပင်လယ်လိုမျိုးပေါ့..."

ငယ်လေးရဲ့ မျက်နှာမှာ.. ငွေပင်လယ်ရဲ့ အရိပ်အယောင်ကို ကျွန်တော် မြင်နေရသည်။Hyung leaving confirm တုန်းက တောင်းပန်နေခဲ့ ကြတဲ့ သူတို့တွေ...Wedding ကို Rumor လို့ တင်းခံငြင်းရင် ရောက်လေရာ အရပ်လိုက်လို့ အားပေးခဲ့ကြတာပဲ...။

Xiumin ဆိုတဲ့ လူတစ်ဦးရဲ့ ဖြစ်တည်မှုဟာ ကျွန်တော့်အတွက် အရင်းနှီးဆုံး
အဖွဲ့သား တစ်ယောက်ဖြစ်တယ်လို့ ပြောရင်း နှလုံးသားကို စတေး၍ ဖြေဆိုမိသောအခါ .....

"Chennie fighting! We know that you and Xiumin are the closet members! But don't feel sad for long time cause his leaving! We are always by your side!"

အဲ့ဒီ စာပိုဒ်လေးတွေ ကျွန်တော် သွားလေရာမှာ တွေ့ခဲ့ရသည်။
Park Chan နှင့် Sehun တို့၏ direct message တို့မှလည်း ထောင်နှင့်ချီသော ထို စာသားလေးကို နေ့စဉ် လက်ခံရခဲ့သည်။

လဲကျချိန်တိုင်းမှာ အနောက်က ပင့်တင်ပေးထားတဲ့ မင်းတို့ ရှိနေတယ်..။
မျက်ရည်ကျချိန်တိုင်းမှာ မငိုဖို့ ချော့တတ်တဲ့ မင်းတို့ ရှိနေတယ်..။
တော်ပါပြီ.. ငွေပင်လယ်.. ကိုယ် ဘယ်အရာမှ မလိုအပ်တော့ပါဘူး..။
ကိုယ်နဲ့ မင်းတို့ အတူပြုံးရွှင် ရယ်မောကြည့်ကြရအောင်..။
နာကျင်စရာတွေကို ခဏမေ့ရင်း ကိုယ်တို့ အတူရယ်မောကြတဲ့အခါ...
အတူရယ်ဖန်များလာတဲ့အခါ ကိုယ်တို့တွေ နာကျင်စရာတွေကို မေ့သွားမှာပါ။

အတူရယ်မောကြရအောင် ငွေပင်လယ်..!

"Chennie.. "

တစ်ထောင့်တစ်ညပုံပြင် [XiuChen]Where stories live. Discover now