သူ့လက်ရာ အဖြူရောင်
သတို့သမီးဝတ်စုံလေးသည်
သူမကိုယ်ပေါ်မှာ
ချပ်ချပ်ရပ်ရပ်နဲ့ ပနံတင့် လှပနေသည်..။သို့ပေမယ့်လဲ အပေါ်ယံ
ံ အလှအပတစ်ခုကို
အခုချိန်မှာ ကျွန်တော်စိတ်မ၀င်စားအား..။"ချစ်..ဒါလေးတော်တော် အဆင်ပြေတယ်..
ယူချင် ယူလိုက်လေ..
ကိုယ့် အသိနဲ့ တွေ့နေလို့..အဲ့ဒါ
ခဏစကားသွားပြော ကြမလို့..
ညီမတို့ သူ့ကို တစ်ချက်လောက် ကူညီ
လိုက်ကြပါနော်.."သူမအား ၀န်ထမ်းကောင်မလေးတွေ အကြား
ချန်ထားရစ်ခဲ့လိုက်ပြီး
ကျွန်တော့်ဘေးမှာ
ကြောင်တောင်တောင်လေးနဲ့
တွေဝေမိန်းမော နေသော
သူ့လက်ကလေးကို ကိုင်ဆွဲရင်းသာ
ဆိုင်အပြင်ဘက်ဆီ ထွက်လာခဲ့လိုက်သည်..။ဆိုင်ထဲမှာ ကျန်နေခဲ့ကြသည့်
သူမအပါအ၀င်
ဝန်ထမ်းကောင်မလေးတွေရော..။ကျွန်တော်တို့ နှစ်ယောက်၏ အခြေအနေကို
ဒီတိုင်း ငေးမောရင်းသာ
ကျန်ရစ်ခဲ့ကြသည်..။သတို့သမီးလောင်းလေးကို ဒီတိုင်း
ချန်ထားရစ်ကာ
သူစိမ်းယောက်ျားတစ်ယောက်ရဲ့
လက်ကို ကိုင်ဆွဲပြီး
အလောတကြီးထထွက်သွားတဲ့
ကျွန်တော့်ပုံစံက
သူမအတွက် အနည်းငယ်တော့
ထူးဆန်းနေမှာပေမယ့်..။ကျွန်တော့်အတွက်ကတော့
အခုချိန်မှာ
တစ်ခြားသော ဖြစ်တည်မှုများထက်
သူ၏ တည်ရှိမှု တစ်ခုသည်သာ
အရေးကြီးဆုံးဖြစ်လို့နေသည်လေ..။ဒီအချိန်မှာ တစ်ပါးသူထက်
ကျွန်တော် ကိုယ်တိုင်ရဲ့ ခံစားချက်တွေကိုပဲ
အရေးပေးချင်ပါသည်..။နှလုံးသားတစ်စုံက ဟောင်းလောင်းပေါက်ရာဖြစ်နေခဲ့တာလဲ
တော့်တော့်ကို ကြာခဲ့ပြီလေ..။"ပြောလေ..ဒီကို ..ဘာလို့လာတာလဲ..?"
သူ့လက်ကောက်ဝတ်လေးကို
ဆုပ်ကိုင်ထားသည့် ကျွန်တော့်လက်ကိုတောင်
မဖယ်ရသေး..။ဆိုင်ပြင်ရောက်ရောက်ချင်းမှာ
သူမေးလာခဲ့သည်က..။မတွေ့တာကြာပြီနော်..နေကောင်းရဲ့လား
ဆိုသော သာမန်စကားတစ်ခွန်းမဟုတ်ခဲ့..။