~

116 13 1
                                    

တစ်နေ့တော့
မင်းချစ်တဲ့ကောင်မလေးဆိုတာပေါ်လာပြီး
ဆင်းရဲသည်ဖြစ်စေ…ချမ်းသာသည်ဖြစ်စေ
ကျန်းမာသည်ဖြစ်စေ…နာဖျားသည်ဖြစ်စေနှင့် စတဲ့ ကတိကဝတ်တွေပေး…
လက်စွပ်ချင်းလဲ အကြင်နာတွေ မျှဝေတဲ့ပွဲမှာ
ကိုယ့်အနေနဲ့ Taeyang ရဲ့ Wedding Dress ထဲကလို မျက်ရည်တွေနဲ့ စန္ဒရားမတီးပေးနိုင်ရင်တောင်
'ဂုဏ်ယူပါတယ်နော်'ဆိုတဲ့စကားကိုတော့ စိတ်ရင်းနဲ့ပြောချင်ခဲ့တာပါ။
ဒါပေမယ့် စိတ်ကူးတွေက စိတ်ကူးပါပဲ…
ချစ်နေရုံကလွဲပြီး ဘာမှမလိုဘူး(ဘာမှမမျှော်လင့်ဘူး)ဆိုပြီးပြောခဲ့တဲ့ စကားတွေမှာ ကိုယ့်အတ္တသေးသေးလေးတွေ နစ်မြုပ်နေတဲ့အကြောင်း လက်တွေ့ကြုံမှ သိလိုက်ရတဲ့အခါ ကိုယ်သွေးပျက်တာ ဖြစ်သင့်တယ်မထင်ဘူးလား။
မင်းကို မုန်းနေသေးတဲ့ လူတွေကိုတွေ့ရင် စိတ်မနာလိုက်ပါနဲ့။
အခုချိန်ထိ ချစ်နေသေးတဲ့(မပြတ်သားနိုင်သေးတဲ့)သူတို့ကိုယ်သူတို့ ဒဏ်ခတ်နေတယ်လို့ ဖြေတွေးလိုက်ပါ။
အချစ်ကြီးလို့ အမျက်ကြီးရတဲ့ လူတွေက သနားခံရဖို့ထိုက်တန်ပါတယ်။

Leaf~Where stories live. Discover now