"အာ...ကိုကို..လုပ်ပါနော်..."
"Tsk...နားယားအောင်တွေမခေါ်နဲ့..."
သူ ဘာလို့ အပေါက်အဲ့လောက်ဆိုးရလဲ ကျတော်
မသိပါ...။"မနက်ဖြန်လေးတစ်ရက်တော့အချိန်ပေးသင့်ပါ
တယ်...ခင်ဗျားကြီးက မတွေ့ချင်ပေမယ့် ကျတော်
ကတွေ့ချင်တယ်..""အခုရော မတွေ့ရလို့လား..ဘာလို့ သောက်ပိုတွေ
ခဏခဏပြောနေတာလဲ..."သူ ဘာလို့ စကားပြော အဲ့လောက်ရင့်သီးရလဲ ကျတော်မသိပါ...။
"ကျတော့်ထပ် အရေးကြီးတာတွေရှိသေးလား.."
"မင်းထပ်အရေးကြီးတာတွေကတော့အများကြီး
ပဲ..."သူ ဘာလို့ ကျတော့်ကို ကြင်ကြင်နာနာ မဆက်ဆံ
ရတာလဲ ကျတော်မသိပါ...။"ကျတော့်ကိုဘယ်လောက်ချစ်လဲဟင်..."
"စကားမများရင် မင်းလိုချင်တာဝယ်ပေးမယ်..
Baekhyun.."အဲ့တာကျတော့်ချစ်သူ...Park Chanyeol...
Zero Romance...။ရင့်သီးမောက်မာပြီးရိုင်းဆိုင်းလွန်းတဲ့သူ့ကို
ကျတော် ဘယ်နေရာကြည့်ပီးချစ်မိလည်း ဆိုတာ...သူ့ကို ပထမဆုံးတွေ့ခဲ့တုန်းက သူကလေ ကိုယ်ပိုင်
ကားနဲ့ ကျတော် ကားမှတ်တိုင်ကို လမ်းလျှောက်
သွားနေရတဲ့အချိန်မှာပေါ့...မိုးရွာထားလို့ရေအိုင်ဖြစ်နေတဲ့ ကားလမ်းပေါ်
ကိုယ်ပိုင်ကား နဲ့ တဝူးဝူးမောင်းလာပီး ကျတော့်
ဘေးကဖျတ်သွားတာ...ကျတော့်မှာ ဝုန်းကနဲ ရွဲ
ရွဲစိုပြီးကြွက်စုတ်လေးလိုဖြစ်သွားသည်အထိ အိပ်
မက်မက်တယ်လို့ထင်နေဆဲ...ကျတော့်တစ်ယောက်တည်းပဲ ကွက်ပီးမိုးရွာချ
လိုက်သလိုပဲ...ပီးတော့ ကားမောင်းသွားတဲ့အရှိန်ကလဲ
ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲဝင်လိုလို ဘာလိုလို...အဲ့သည်နေ့ က အိမ်ပြန်ပီးအင်္ကျီလဲလိုက်ရလို့
အလုပ်နောက်ကျသွားတယ်...ဌာနက လူကြီးကလည်းဆူတယ်...အချိန်မရတော့ခေါင်း
တောင်ခြောက်အောင်မသုတ်နိုင်တော့ နှာကစေးပီး
အအေးမိသွားသေး...