အချစ်စစ်၏ တည်နေရာSeason (2)အပိုင်း(၁၃)

3.4K 177 1
                                    

အချစ်စစ်၏ တည်နေရာ
Season (2)
အပိုင်း(၁၃)

သူ၏ ပွင့်လင်းသောစကားများက မိုးစက်ကို စိတ်ဝင်စားသွားစေသည်။ နှင်းကလေး ကသူ့လို လူကြမ်းကြီးကို ဘယ်လိုများ နူးညံ့အောင်လုပ်ခဲပါလိမ့်ဟုတွေးမိသည်။

"နှင်းကလေးက ဟို ပန်းပုနဲ့ပုံတူ မိန်းကလေးနော်။"

"ဘာလဲ။ နှင်းကလေး ကိုယ့်ကို မကြောက်ဘူးလားလို့ မေးမလို့လား။"

မိုးစက် သူ့ကို ခေါင်းသာငြိမ့်ပြလိုက်သည်။ သူက မိုးစက်ပန်းကန်ထဲ ဟင်းများခပ်ထည့်ပေးကာ စားရန်ညွှန်ပြိး ဆက်ပြောပြသည်။
"နှင်းကလေးက သိပ်ကိုသတ္တိရှိတယ်။ ကိုယ့်ကို ဒဏ်ရာတွေနဲ့ သူစတွေ့ခဲ့တာ။ သူတောင်းဆိုလို့ သူ့အဖေ ဆရာဝန်ကြီးက ကိုယ့်ကို ကုပေးခဲ့တယ်။ နှင်းကလေးကြောင့် ကိုယ်အသက်ရှင်ခဲ့တယ်။ မင်း စဉ်းစားကြည့်စမ်း။ ဘယ်လို အသက် ၁၂ နှစ်အရွယ်မိန်းကလေးက သွေးတွေနဲ့ လူစိမ်းကို မကြောက်မရွံ တွဲခေါ်ရဲမှာလဲ။ နှင်းကလေးက ကိုယ့်ကို သူတို့အိမ်ထဲ တွဲခေါ်ပြီး ကယ်တင်ပေး ခဲ့တယ်။ အဲ့ဒီအချိန်ကတည်းက ကိုယ်ဆုံးဖြတ်ချက်ချလိုက်တယ်။ ကိုယ် နှင်းကလေးအတွက်ပဲ အသက်ဆက်ရှင်မယ်လို့။ နောက်ပိုင်း ကိုယ် လူကောင်းဖြစ်အောင် ကြိုးစားခဲ့တယ်။"

မိုးစက် သူ့အကြောင်းနားထောင်ရင်း မျက်လုံးထဲအထိမြင်ယောင်လာမိသည်။ နှင်းကလေး အကြောင်း ပြောနေချိန်တွင် သူ့မျက်လုံးက နူးညံ့ကာ သူ့အပြုံးက ချိုသာလို့နေသည်။ သူ နှင်းကလေး ကို အသက်တမျှချစ်မည်ကို မိမိတွေးရုံနှင့်ပင်သိလိုက်သည်။
"နှင်းကလေး ကံကောင်းလိုက်တာနော်။"

သူက မျက်ခုံးပင့်ကာ မေးလိုက်သည်။
"ခင်ဗျားလိုလူရဲ့ အချစ်ကိုရလို့လေ"

"ကျူပ်ကံကောင်းလို့ သူ့အချစ်ကိုရခဲ့တာပါ။ ဒါပေမယ့် ကျူပ်အသုံးမကျဘူး။ ကျုပ်ချစ်သူကို မကာကွယ်ပေးနိုင်ခဲ့ဘူး။ "

"ဘယ်လိုဖြစ်လို့လဲဟင်။"

"နောက်ကြုံရင်ပြောပြပါ့မယ်။ အခု ကျုပ် အဲ့ဒီအကြောင်းကို မပြောချင်ဘူး။ အဟောင်းက အသစ်ဖြစ်တယ်။.ပြီးတော့ ပျော်စရာ အကြောင်းလည်းမဟုတ်ဘူး။ မင်းသိချင်ရင် နောက်တခါ ကျုပ်ကို တခုခုပြန်ကျွေးပေါ့။"

မိုးစက် အစားကို ပါးစပ်ထဲသွင်းလိုက်ပြီး
"တော်ပါပြီ။ ခင်ဗျားကို ဘာလို့ ပြန်တွေ့ရမှာလဲ။"

သူက ပြုံးရုံသြာ့ပုံးနေလိုက်သည်။ သူ့အပြုံးက ညီမကို ခွင့်လွှတ်နားလည်ပေးသော အကိုကြီးပုံစံ ဖြစ်သောကြောင့် မိုးစက် သူ့ကို ငေးကြည့်နေမိသည်။ သူ့လို အကိုကြီးတယောက်လောက် မိမိရှိ လျှင် ဘယ်လောက်များပျော်စရာကောင်းလိမ့်မလဲဟု တွေးမိသည်။

"ကြုံရင်တော့ နားထောင်မှာပေါ့။ တကူတကတော့ လာမတွေ့နိုင်ပါဘူး။"

"မင်း သဘောပါကွာ။ ကဲ စားမှာဖြင့်စား။ ပြီးရင်ပြန်ကြမယ်။ မိုးချုပ်လို့ မင်းအိမ်က စိုးရိမ်နေမယ်။"

သူပြောစဉ်မှာပင် အကိုနှင်းထန်ထံမှ ဖုန်းဝင်လာခဲ့သည်။ မိုးစက် စကားမပြောချင်သောကြောင့် ဖုန်းပိတ်လိုက်သည်။

"ရပါတယ်။ ကျွန်တော့်ကို စိတ်ပူမယ့်သူ မရှိဘူး။"

သူ ဘာမှ ဆက်မပြောတော့သဖြင့် မိုးစက်စိတ်သက်သာရာရသွားသည်။ မိမိအတွင်းရေးကို သူများသိမှာ ရှက်လှသည်။ ပြီးတော့ ပြောကောင်းသည့်အကြောင်းလည်းမဟုတ်ပေ။
နှစ်ယောက်သား စားသောက်ပြီး မိဘမဲ့ဂေဟာတွင် မိုးစက်၏ ကားဝင်ယူကာ သူက မိုးစက်အိမ်အထိ လိုက်ပို့ပေးခဲ့သည်။

အိမ်သို့ရောက်လျှင် ရန်ပွဲတစ်ခုစောင့်ကြိုနေမည်ကို မိုးစက် သိလိုက်ကာ သက်ပြင်းရှိုက်လိုက်မိ သည်။ ယနေ့ညတော့ မိုးစက်ဘာမှ မေးလည်းမမေးချင်၊ ရှင်းလည်း မရှင်းချင်တော့ပေ။ တခါတည်း အိပ်သွားချင်တော့သည်။ စိတ်ရောကိုယ်ရောပင်ပန်းလို့နေပြီ။ မိုးစက် ကားကို ခြံထဲသို့မောင်းဝင်လာ စဉ် ဆင်ဝင်အောက်တွင် သူ့ကို ဖုန်း ဆက်နေသည်ကို တွေ့လိုက်သည်။ သူက မိုးစက်၏ ကားကို မြင်သောအခါ ဖုန်းချလိုက်သည်။

မိုးစက် ကားပေါ်မှ ဆင်းသည်နှင့် သူ မိုးစက်၏ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ မေးလိုက်သည်။
"မင်းဘယ်သွားနေတာလဲ ချာတိတ်။ ဘာကြောင့် ဖုန်းပိတ်ထားတာလဲ။ "

မိုးစက် သူ့လက်များကိုဖယ်ချကာ
"မိဘမဲ့ ဂေဟာကို သွားနေတာပါ။ ဖုန်းအားကုန်လို့ပိတ်ထားတာပါ။ အကို ကျွန်တော့ကို လွှတ်ပါ ကျွန်တော် နားချင်ပြိ။ "

နင်းထန်သည် မိုးစက် ငိုထားသည်ကို သိလိုက်ကာ မိုးစက်ကို ရင်ခွင်ထဲ ဆွဲသွင်းကာ တောင်းပန် စကား ဆိုသည်။
"တောင်းပန်ပါတယ် မိုးစက်ရယ်။ တောင်းပန်ပါတယ်။"

"အကိုက ဘာလုပ်ထားလို့ တောင်းပန်နေတာလဲ။"

"မင်း ၀သုန်ဆီက ကြားပြီးသား မဟုတ်လား။ တခြားဘာမှ လျှောက်မတွေးပါနဲ့။ ၀တီက ရှယ်ယာရှင် ဖြစ်လို့ လိုက်မိတ်ဆက်ပေးတာပါ။ "

မိုးစက် ၀တီ့နာမည်ကို မကြားချင်သောကြောင့် သူ့ရင်ခွင်မှ ရုန်းထွက်ကာ
"ဟုတ်ကဲ့။ ကျွန်တော့်ကို လွှတ်ပေးပါ အကို။ ကျွန်တော် နားချင်ပြီ။"

"မင်း ဘယ်မိဘမဲ့ဂေဟာကိုသွားတာလဲ။ အင်းစိန်က ဂေဟာကို ဖုန်းဆက်ကြည့်တော့ မင်းမလာဘူုးလို့ပြောတယ်။"

"မှော်ဘီက ဂေဟာပါ။ အကို ကျွန်တော် နားချင်ပြီ။ မေးချင်ရင် ရေချိုးပြိးမှမေးပါ။"

"ရေအမြန်ချိုးနော်။ ကိုယ်ထမင်းစားဖို့စောင့်နေမယ်။"

"ကျွန်တော် အပြင်မှာ စားခဲ့ပြီ အကို။ "

မိုးစက် သူ့ကို ပြောကာ အိမ်ပေါ်ကိုတက်လာခဲ့သည်။ သူ ဘာမှ မပြောပဲ ခြေလှမ်းကြဲကြီးဖြင့် လိုက်လာပြီး အခန်းထဲရောက်မှ မိုးစက် ၏ လက်ကို ဆုပ်ကိုင်ကာ တင်းမာစွာမေးလိုက်သည်။

"မင်း ဘယ်အကောင်နဲ့ အတူရှိနေတာလဲ မိုးစက်"

မိုးစက်သူ့လက်ကို ခါချကာ သူ့မျက်လုံးကို စိုက်ကြည့်ပြီး ပြန်မေးလိုက်သည်။
"ဘာကြောင့် ဒီလိုမေးတာလဲ အကို။ ဘာကြောင့် ယောက်ျားတစ်ယောက်နဲအတူရှိတယ်လို့ ထင်ရတာလဲ။"

နှင်းထန် အနည်းငယ်ထိတ်သွားသည်။ မိုးစက်၏ ယခုလိုပုံစံကို မိမိမတွေ့ဖူးပေ။

"ကိုယ်ခံစားလို့ရတယ် မိုးစက်။ မင်းယောက်ျားတစ်ယောက်နဲက အတူရှိနေခဲ့တာ။ အဲ့ဒါ ဘယ်က အကောင်လဲ။"

မိုးစက် နာကျင်စွာရယ်မောလိုက်သည်။ သူ့ကို ဒေါသနှင့်ကြည့်ကာ
"ဘာဖြစ်လို့လဲ။ ဖြတ်ဖောက်ချုပ်ထားလို့ ကျွန်တော်က ယောက်ျားတစ်ယောက်ယောက်ကို အမြဲတွဲ နေရမှာလား အကို။ "

မိုးစက် ၏ မေးဟန်ကို နှင်းထန် အံ့သြသွားသည်။
"ကိုယ်ဒီသဘောပြောတာ မဟုတ်ဘူး။ မင်းနဲ့အတူရှိတဲ့သူကို သိချင်လို့ပါ။"

"ကျွန်တော့် မိတ်ဆွေတစ်ယောက်ပါ။ ကဲ အကို ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် အရမ်းပင်ပန်းနေပြီ။ေ၇ချိုးပါရစေ၊ မေးစရာကို ပြီးမှမေးပါ။ Please.."

နှင်းထန် ဒေါသကိုထိန်းလိုက်ပြီး မိုးစက်ကို လွှတ်ပေးလိုက်သည်။ မိုးစက် သူ့လက်မှလွှတ်သည်နှင့်ေ၇ချိုးခန်းထဲ ၀င်ကာ ရေပန်းအောက်ဝင်ကာ ရေချိုးရင်း မျက်ရည်ကျနေမိသည်။ အားရအောင်ငိုပြီးမှ ထွက်လာခဲ့သည်။ သူက အိပ်ယာထက်တွင် အသင့်စောင့်နေသဖြင့် မိုးစက် စိတ်ညစ်သွားသည်။ သူက မိမိထံမှ အဖြေမရမချင်း တညလုံးနှိပ်စက်တော့မည်ကို သိသောကြောင့် ဖြစ်သည်။

မိုးစက် ညအိပ်အ၀တ်အစားလဲပြီး အိပ်ယာထက်တွင် ၀င်လှဲလိုက်သည်နှင့်သူက မိုးစက် ကိုအနမ်း ဖြင့် ဗုံးကြဲတိုက်ခိုက်တော့သည်။ မိုးစက်၏လည်တိုင်များကို ပူပြင်းသည့်အနမ်းပေးကာ သူ့လက်များ ကမိုးစက်ကို စိတ်ပါအောင် မျိုးစုံလုပ်နေသော်လည်း မိုးစက်စိတ်ညစ်လာသည်။ သူ့လက်များကို တွန်းဖယ်ပြစ်ကာ
"အကို ဒီည ကျွန်တော် စိတ်မပါဘူး။ တကြိမ်ပြီးရင်တော်ပါတော့။"

နှင်းထန် သူ့ကို အပေါ်မှစီးမိုးကြည့်ကာ
"မင်းနဲ့ တနေ့လုံး အတူရှိနေတာ ဘယ်က အကောင်လဲ။ သူ့နာမည် ဘယ်သူလဲ။"

"အရေးကြီးလို့လား အကို။"

"ကြီးတာပေါ့။ ကိုယ့်မိန်းမအနားက ဘယ်အကောင်ကပ်နေသလဲဆိုတာ သိချင်တာ ယောက်ျားတိုင်း ပဲလေ။"

"စိတ်မပူပါနဲ့ အကို။ သူက ကျွန်တော် ယောက်ျားဆိုတာ သိပါတယ်။ ကျွန်တော့်ကို သူစိတ်မ၀င်စား ပါဘူး။"

"သူက ဘယ်သူလဲ။"

မိုးစက် သူ့ကို မော့ကြည့်ကာ
"အကို ကျွန်တော်ပြောတာ မယုံဘုးလား။"

"ယုံတာ မယုံတာထက်အဲ့အကောင်နာမည်ကိုပြောဖို့ မင်းဘာဖြစ်လို့ တွန့်နေတာလဲ။"
မိုးစက် သူ့ကို စိတ်ပျက်စွာကြည့်ကာ
"အဲ့ဒါ ကျွန်တော့ကို မယုံလို့ပဲပေါ့။ အကိုဘာလို့ သူ့နာမည်ကိုသိချင်နေရတာလဲ။"

နှင်းထန် သူ့ကို တင်းမာစွာကြည့်ကာ လေသံပြတ်ဖြင့်ပြောလိုက်သည်။
"သူ့နာမည်ကို သိချင်တယ် မိုးစက်။ သူဘယ်သူလဲ။"

မိုးစက်သည် သူ့လေသံနှင့် မျက်နှာထားကြောင့် ရင်ကွဲမတတ်ခံစားရသည်။ မခံချင်စိတ်လည်းဝင် လာသည်။
"မပြောနိုင်ဘူး အကို။ "

"မင်း .. ကောင်းပြ၊ိ မင်း ဒီတညလုံး အိပ်ဖို့မကြံနဲု့။"

"အကိုတော်ပါတော့။ ထစ်ခနဲရှိ ဒါကိုလုပ်မနေနဲ့ ၊ကျွန်တော် မကြိုက်ဘူး။ အကို မနေနိင်ရင် ၀တီဆီ ကို သွားပါ။ ကျွန်တော် မတားဘူး။"

နှင်းထန်ဒေါသပုန်ထသွားသည်။ မိုးစက်၏ မျက်နှာပေးက မိမိဒေါသနှင့်သောကကို ဆွပေးနေသ လိုပင်။
"ငါ မယားတွေဆီ ဘယ်တယောက်နဲ့အိပ်ပါဆိုတာ မင်းပြောစရာမလိုဘူး မိုးစက်။ ငါအိပ်ချင်တဲ့ တယောက်နဲ့အိပ်မယ်။ နားလည်လား။ မင်းတာဝန်က မင်းဆီလာရင် ငါ့ကို ပြုစုပေးဖို့ပဲ။ လာစမ်း။ အခုချက်ချင်း ။ မင်းကို ကျုပ်လိုချင်နေပြီ။"

မိုးစက် သူ့ပြောပုံကြောင့် ဒေါသထွက်ကာ အတင်းပင် သူ့ရင်ခွင်အောက်မှ ရုန်းထွက်ရန်ကြိုးစား သည်။ သို့သော် ခွန်အားကြီးသောသူက ဇွတ်အတင်း အနိုင်ကျင့်တော့သည်။ မိုးစက်သည် သူ့ကို ပထမဆုံး စိတ်ဆိုးသွားသည်။

မိုးစက်ကို ဇွတ်တင်း အနိုင်ကျင့်ပြီးတော့မှ နှင်းထန်စိတ်မကောင်းဖြစ်သွားသည်။ မိမိလုပ်သမျှ အံကြိတ်ကာ မျက်ရည်ကျနေသော မိုးစက်ကို ကြည့်ပြီး နှင်းထန် ချစ်သူလေးကိုဖက်ကာချော့လိုက် သည်။
"ချာတိတ် ဆောရီး။ ကိုယ်လွန်သွားတယ်။ တောင်းပန်ပါတယ်။ ကိုယ် စိတ်ရှုပ်နေလို့ပါ။ ကိုယ့်ကို ခွင့်လွှတ်ပါကွာ နော်...."

မိုးစက်ဘာတခွန်းမှမပြောတော့ပဲ သူ့ကို ပြောလိုက်သည်။
"အကို့ ဆန္နပြည့်ပြီလား။ ကျွန်တော့်ဘယ်လိုနေပေးရဦးမလဲ။"

"မိုးစက်..."

မိုးစက်၏ စကားများက နှင်းထန်၏ ပါးကို ဖြတ်ရိုက်လိုက်သလိုခံစားလိုက်ရသည်။ မိုးစက်ကို အော်လိုက်သည်။ နှင်းထန် သည် နာကျင်ခံစားစွာဖြင့် မိုးစက်ကို ဆွဲပွေ့ကာ ဖက်ထားပြီး
"ကိုယ်က တဏှာရူးတဲ့အကောင်ကြီးလား မိုးစက်။ အင်းအဲ့လိုထင်သလား။ ဒီလောက်အတူနေတာ ကြာပြီ။ မင်းကိုယ့်အကြောင်းကို မသိသေးဘူးလား။ ဟင် မိုးစက် ဖြေပါအုံး။ "

မိုးစက်သူ့ကို မတုန်မလှုပ်ကြည့်ကာ
"ကျွန်တော် မသိတော့ဘူး။ ကျွန်တော့ကို လွှတ်ပေးပါ။ ကျွန်တော် သန့်ရှင်းရေးသွားလုပ်ပါရစေ။"

နှင်းထန် မိုးစက်ကို တွန်းလှဲကာ အတင်းမေးသည်။
"မင်းအတွက် စနေထွဋ်ခေါင်က ပိုအရေးကြီးသလား မိုးစက်။ မင်းယောက်ျားထက် သူစိမ်းယောက်ျား တယောက်က ပိုအရေးပါသလား။ ဖြေစမ်းပါ။"

မိုးစက် သူ့မျက်နှာကို စိုက်ကြည့်ကာ ဖြေလိုက်သည်။
"အကို့အတွက် ၀တီက အရေးကြီးသလိုပေါ့။"

သူ့စကားကို ကြားသော် နှင်းထန် ပေါက်ကွဲတော့သည်။ သူ ဘယ်လိုသဘောပေါက်သွားသည် မသိ တော့ပေ။ မိုးစက်ကိုဆွဲမှောက်ကာ အတင်းကြမ်းတော့သည်။ မိုးစက် နာကျင်စွာအော် သော်လည်း သူက လုံးဝလွှတ်မပေးပေ။

"အကို မလုပ်နဲ့။ လွှတ်ပါ။ မလုပ်နဲ့။ ကျွန်တော် မကြိုက်ဘူး။ ကျွန်တော် စိတ်ဆိုးလာပြီနော။်"

နှင်းထန်က မိုးစက်နားရွက်နားကပ်ကာ ရယ်မောလိုက်သည်။ သူ့ရယ်သံက မကောင်းဆိုးဝါးသံ ထွက်နေသည်။

"ယောက်ျားဖာလို ၀တီ့ဆီ ကျုပ်ရဲ့ကိုယ် ထိုးပေးထားတာတောင် မင်းကဘာကြောင့် ကျုပ်အချစ်ကို နားမလည်ရတာလဲ။ ကျုပ်ကလည်း ၀တီနဲ့ ပျော်ပျော်ရွှင်ရွှင် ချစ်တင်းနှောနေတယ်ထင်သလား။ သူ့ ငွေကြောင့် ကျုပ် သူ့ကိုလိုက်လျောနေတာ။ ဒါတောင် မင်းက ကျုပ်ကိုအရွဲ့တိုက်ပြီး ဟိုအကောင်နဲ့ တွဲတယ်။ ဘာလဲ။ မင်းက ချမ်းသာတဲ့ ဦးလေးကြီးကို အပိုင်ဖမ်းချင်တာလား။"

သူ့စွပ်စွဲချက်များက မိုးစက်ကို ဘာမှပြန်ပြေချင်စိတ်မရှိအောင် နာကျင်စေပါသည်။ မိမိ ဘယ်လိုစိတ် ရှိသည်ကို သူသိလျက်နှင့် မိမိကို စွပ်စွဲ၇က်သည်။ သူသာ အရင်တုန်းက စောမြ၀တီနှင့် ဖြစ်ခဲ့သည်။ ဒါက ငယ်စဉ်ကလေးဘ၀က ဆိုတော့ ထားလိုက်ပါတော့။ ရင်နာသော်လည်း မိမိနားလည်ခွင့်လွှတ် ပေးနိုင်ခဲ့သည်။ ၀တီ မိမိကိုခေါ်ပြောစဉ်က သူ့ကိုပြောသော်လည်း သူငြင်းခဲ့သည်။ထိုစဉ်က သူလက် ခံခဲ့လျှင်လည်း မိမိ ဒီလောက်နာကျင်ကြေကွဲရမည် မဟုတ်ပေ။ ယခုတော့ မိမိကို သူငြင်းပြီးနောက် ပိုင်း မှ သူဝတီကိုလက်ခံခဲခြင်းက မိမိလှည့်စားခံရသလို ခံစားရစေသည်။

သူကတော့ မိမိအတွက် သူ့ကိုယ်ကို ရောင်းလိုက်ရသည်တဲ့။ မိမိကလည်း ဒီလိုအခြေနေဆိုလျှင် ပျော်မလားဆိုတာကို သူနည်းနည်းတော့ထည့်စဉ်းစားသင့်သည် ထင်ပါသည်။ ချမ်းသာသော သူဌေးမလေးက မိမိချစ်သူုကို ခေါ်ခေါ်သွားတာမျိုးတွေ၊ သူမနှင့် အကို တွဲသွားကာ လူကြားထဲ သွားလာနေသည်က မိမိကို လူတွေ ဘယ်လိုမြင်စေမလဲ။ ပြီးတော့ သူ့ဘက်က စိတ်ဆိုးရသည် ရှိသေးသည်။ မိမိကို ယောက်ျားတကာနှင့် သံသယ၀င်နေတာ၊ ဘယ်မှ မသွားစေချင်တာတွေက သူလိုလာလျှင် အသုံးချရုံသက်သက် အိမ်တွင်ထားသလိုပင်။ မိမိရဲ့ ရပ်တည်မှုက ဘာလဲ။ ယောက်ျားတစ်ယောက်အတွက် လိင်ပိုင်းဆိုင်ရာ ဖြည့်ဆည်းပေးဖို့သက်သက် သူ့ဘေးမှာ နေရမှာလား။

မိုးစက်စဉ်းစားရင်း မျက်ရည်များက တားမနိုင်ဆီးမရ ထွက်လို့သာလာသည်။သူ မိမိကို အနို်င်ကျင့် သမျှဘာမှ မတုန့်ပြန်ပဲ ငြိမ်ကာငိုနေလိုက်သည်။ ထိုသို့နေလေ သူကစိတ်ဆိုးလေဖြစ်သည်။ နောက်ဆုံး မိုးစက် ငိုရင်းအသိကင်းလွတ်သွားတော့သည်။

မိုးစက် သတိရလာသောအခါ ဆေးရုံပေါ်ရောက်နေလေပြီ။ မိုးစက်ထထိုင်လိုက်စဉ် သူနာပြုဆရာမ လေးက ပြုံးရွှင်စွာဖြင့် မိုးစက်ကို ထူပေးသည်။

"မမိုးပွင့် သတိရလာပြီလား။ ခဏလေးနော်။ ကျွန်မ ဆရာဝန်ကြီးကို အကြောင်းကြားလိုက်ပါ့မယ်။ "

မိုးစက် ဆရာမလေးထွက်သွားတော့ ထကာ ပြတင်းပေါက်နားကို သွားကာလေရှုလိုက်သည်။ ရင်ထဲ မှာ နာနေတာပဲ သိသည်။ ညက သူ့ကြောင့် မိမိ သတိလစ်သွားပုံရသည်။ အခုလည်း သူနှိပ်စက် ထားသည့် ဒဏ်ရာက နာနေသေးသည်။ လူရော၊ စိတ်ရော နာကျင်နေမှတော့ မိုးစက် သူ့အနား မနေချင်တော့ပါ။

ပြတင်းတံခါးမှ အောက်ကို ကြည့်လိုက်စဉ် ၀တီကို သူကားပေါ်တက်ရန် တံခါးဖွင့်ပေးနေသည်ကို တိုက်တိုက်ဆိုင်ဆိုင်တွေ့လိုက်ရသည်။ မိုးစက် ဟာလာဟင်းလင်းဖြစ်နေသော ခေါင်းဖြင့် ကြည့်နေမိ သည်။ မိမိသာမရှိလျှင် သူတို့အတွဲလည်း အတော်ပျော်သွားလောက်သည်။ ယခုတော့ မိမိရပ်တည်မှု က အနှောင့်အယှက်ဖြစ်နေသည် မဟုတ်လား။

"မိုးစက်.."

ဝသုန့်အသံကိုကြားသော် မိုးစက်လှည့်ကြည့်လိုက်သည်။ ၀သုန်က မိုးစက်ကို တင်းကြပ်စွာဖက် လိုက်ကာ
"မင်း သိပ်အများကြီး မစဉ်းစားပါနဲ့ကွာ။ စိတ်ကို လျှော့လိုက်ပါ။"

မိုးစက် ၀သုန်ကို ကြည့်ကာ မေးလိုက်သည်။
"သူတို့ကို မင်းတွေ့ရဲ့လား။ ကားပါကင်မှာလေ။"

ဝသုန် မိုးစက်ကို ငေးကြည့်နေလိုက်သည်။ သူငယ်ချင်းအတွက် မခံချင်ဖြစ်ကာ ပြောလိုက်ချင်သည်။ သို့သော် မိုးစက် စိတ်ဆင်းရဲမည်စိုးသောကြောင့် ပြောလည်း မပြောရက်သဖြင့် ကြည့်ရုံသာ ကြည့်နေလိုက်သည်။

"သူငယ်ချင်း ... သူလည်း သူ့အခက်အခဲနဲ့ သူရှိမှာပါ။ မင်းနားလိုက်ပါဦး။ မင်း မျက်နှာ အရမ်းကို ဖြူဖျော့နေပြီ။ သူ မင်းကို တကယ်ချစ်တာပါ။ စိတ်အေးအေးထားပါ။"

မိုးစက် ဘာမှ ပြန်မပြောပေ။ ထိုစဉ် ဆရာဝန်ကြီးနှင့် သူနာပြုလေးဝင်လာခဲ့သည်။ ဆရာဝန်ကြီးက ၀သုန်ကိုတစ်ချက်ကြည့်ကာ မိုးစက်ကို ကြင်နာစွာပြောလိုက်သည်။
"မမိုးပွင့် စမ်းသပ်ရအောင် ကုတင်ပေါ် လှဲနေပေးပါ။ "

မိုးစက် ကုတင်ပေါ်တက်သွားလိုက်သည်။ ဆရာဝန်ကြီက စမ်းသပ်ကြည့်ပြီး
"အားလုံးပုံမှန်ပါပဲ။စိတ်ဖိစီးမှုများလို့ပါ။ ခုရက်ပိုင်း တနေရာကို အနားသွားယူရင်ပိုကောင်းပါတယ်။"

မိုးစက်ဘာမှ မပြောချင်တော့သဖြင့် ငြိမ်နေလိုက်သည်။ သူက မိမိကို အဝေးသို့သွားခွင့်ပေးမည် မဟုတ်ပေ။ သူအခန်းထဲဝင်လာပြီး ဆရာဝန်ကြီးနှင့် စကားပြောကာ မိုးစက်၏နဖူးကို အသာနမ်းပြီး

"ခဏနော်။ ကိုယ်ပြန်လာမယ်။ ဆရာကြီးနဲ့ စကားသွားပြောလိုက်ဦးမယ်။"

မိုးစက် ခေါင်းပဲငြိမ့်ပြလိုက်သည်။ မိုးစက် သူထွက်သွားမှ ၀သုန်ကို လှမ်းကြည့်ကာ
"ငါ့ကို ဒီကခေါ်သွားပေးစမ်းပါကွာ။ ငါ အရမ်းမွန်းကြပ်နေတယ်။"

ဝသုန် သူ့ကို လှမ်းကြည့်ကာ
"မင်းတို့ ညက စကားများကြတာလား။"

"အင်း.."

"သူပြန်လာအောင် စောင့်ဦိးလေ။"

မိုးစက် အ၀တ်စားထလဲကာ
"မင်း ငါ့ကို ခေါ်မသွားရဲလည်းရတယ် သူငယ်ချင်း။ ငါ့ဖာသာသွားမယ်။"

ဝသုန်က မိုးစက်ကို ကူပေးရင်း
"မင်းနဲ့ငါက ညီအစ်ကိုတွေပါကွာ.။ မင်းသွားချင်ရင် ကမ္ဘာအဆုံးထိလည်း လိုက်ပို့ပေးမယ်။ ဟုတ်ပြီလား။ လာ.. သွားမယ်။"

"ကျေးဇူးပဲ သူငယ်ချင်း။"

မိုးစက် ၀သုန့်ကားပေါ်ပါသွားချိန်တွင် နှင်းထန် အခန်းထဲပြန်ရောက်လာပြီးနောက် မိုးစက်ကို မတွေ့ သဖြင့် ၀သုန့်ထံ ချက်ချင်းဖုန်းဆက်လိုက်သည်။

"၀သုန် မင်း မိုးစက်ကို ချက်ချင်းလာပို့စမ်း။ သူ အားနည်းနေသေးတယ်။ သူခိုင်းတိုင်း မင်း ခေါ်မသွားနဲ့။"

"ဆောရီးပဲ အကို။ ကျွန်တော့် သူငယ်ချင်း အရမ်းစိတ်ဆင်းရဲနေတယ်။ သူ့ကို ကျွန်တော်ပြန်မပို့ နိုင်ဘူး။"

နှင်းထန် ဒေါသထောင်းခနဲထွက်သွားသည်။ ၀သုန်ကို နှင်းထန် တင်းမာစွာပြောလိုက်သည်။
"မင်း အခုချက်ချင်းလာမပို့ရင် မင်းကို မယားခိုးမှုနဲ့ တရားစွဲမယ်။"

"အကို့ သဘောပါ။ ကြိုက်သလိုလုပ်။ ကျွန်တော့် သူငယ်ချင်းကို လုံးဝပြန်မပို့နိုင်ဘူး။ "

"မင်း ငါ့ကိုစိန်ခေါ်တာလား ၀သုန်၊ မင်း အောင်မြင်မှုက ငါ့လက်ထဲမှာရှိတာ မမေ့နဲ။ မင်းကို ငါ ချောင်ထိုးထားလိုက်ရင် ဘာဖြစ်သွားမယ်ထင်သလဲ"

"ကျွန်တော့် နာမည်ကျော်ကြားမှုနဲ့ သူငယ်ချင်း စိတ်ချမ်းသာမှုကို မလဲနိုင်ဘူး အကို။ အကို ကြိုက်သလို လုပ်ပါ။ "

ဝသုန် ဖုန်းပိတ်ပစ်လိုက်ပြီး မိုးစက်ကို ပြုံးကြည့်ကာ
"ကဲ မင်း ဘိုးတော်ကို ခေါက်ထားလိုက်ပြီ။ မင်းဘယ်သွားမလဲ။ ငါ လည်း မင်းနဲ့အတူ သွားမယ်။"

မိုးစက်သည် သူငယ်ချင်း၏ ပြတ်သားမှုကြောင့်အားရှိသွားသည်။ တခါတလေ သူငယ်ချင်း၏ ပြတ်သားသောရပ်တည်ပေးမှုက ပြဿနာကို ဖြေရှင်းမပေးနိုင်သော်လည်း မိမိအတွက် ရှေ့ဆက်ဖို့ ခွန်အားဖြစ်စေသည်။ မိုးစက်ပျော်သွားသည်။ ၀သုန်၏ ပြတ်သားမှုက အားငယ်နေသော မိမိ အတွက် အားဆေး တစ်ခုဖြစ်သည်။

"ငါ့ကို တခုခု လိုက်ကျွေးပြီးရင်အိမ်လိုက်ပို့ပေးလိုက်တော့ ၀သုန်။မင်းကို သူ ပြဿနာ ရှာလိမ်မယ်။"

ဝသုန်မိုးစက်ကို စောင်းကြည့်ကာ
"မင်း ဘိုးတော် ငါ့ကို ဒုက္ခပေးမှာစိုးလို့လား။ ခေါက်ထားလိုက်။ လုံးဝမစိုးရိမ်ဘူး။ ငါ သီချင်းဆိုတာ ၀ါသနာပါလို့။နာမည်ကြီးချင်လွန်းလို့မဟုတ်ဘူး။ သူငါ့ကို ပြဿနာရှာမှာ လုံးဝကရုမစိုက်ဘူး။"

မိုးစက်သည် ၀သုန့်စကားကြောင့်ပြုံးသွားသည်။
"ကျေးဇူး သူငယ်ချင်း။ မင်းစကားကို ကြားရတာ ပျော်သွားပြီ။ လာ ငါတို့ ခါတိုင်းသွားနေကြ စားသောက်ဆိုင်ကို သွားရအောင်။"

ဝသုန် က မိုးစက်ကို မျက်မှောင်ကြုတ်ကြည့်ကာ လက်သီးထောင်ပြပြီး
"မင်း နောက်တခွန်းထပ်ပြောရင် မင်းကို ငါဆွဲထိုးပြီ။"

မိုးစက် နားမလည်နိုင်ဖြစ်သွားသည်။
"ဘာလို့လဲကွ"

"မင်းနဲ့ ငါ့ကြားမှာ ကျေးဇူးစကားပြောစရာလား။ မင်းနဲ့ငါက ညီအစ်ကို မဟုတ်ဘူးလား။"

မိုးစက်ပြုံးသွားပြီး ၀သုန့်ကို လှမ်းဖက်ကာ
"အင်း ဟုတ်တယ်။ နောက်တခါ သူစိမ်းဆန်တဲ့စကားပြောရင် ငါ့ကို ဆွဲထိုးလိုက်။ မင်းနဲ့ငါက ညီအစ်ကိုတွေ။ ထာဝရ ညီအစ်ကို။ "

ဝသုန် သူငယ်ချင်းကို ပြန်ဖက်ထားကာ အံကြိတ်လိုက်မိသည်။ မိမိသူငယ်ချင်းကို စိတ်ဆင်းရဲအောင် လုပ်သော ဟိုလူကြီးကို အသေအကြေထိုးပစ်လိုက်ချင်သည်။

မိုးစက် နှင့် ၀သုန် စားနေကျဆိုင်တွင်ထိုင်စားကာ ငယ်ဘ၀ကို တမ်းတကာ လေပေါနေကြသည်။ အစာဝင်သွားသောအခါ မိုးစက်၏ ဝေဒနာများလည်း တ၀က်ခန့်သက်သာသွားသလို ခံစားလိုက်ရ သဖြင့် မိုးစက် သူပြောသည့် စကားကို သတိ၇ပြီး ပြုံးလိုက်မိသည်။ ၀သုန်က မိုးစက်အပြုံးကို တွေ့ သော် မင်္သကာ ဟန်ဖြင့် ကြည့်ကာ မေးသည်။

"မင်း ဘယ်သူ့အကြောင်းတွေးပြီး ပြုံးလိုက်တာလဲ။ မင်းဘိုးတော်အကြောင်း မဟုတ်တာတော့ အသေအချာပဲ။"

မိုးစက် မျက်နှာပိုးသတ်ကာ ဗြောင်ငြင်းလိုက်သည်။
"ဘယ်သူ့အကြောင်းမှ မဟုတ်ပါဘူးကွ။ ငယ်ငယ်တုန်းက မင်း စာမရလို့ ဖင်လှန် အရိုက်ခံရတာကို တွေးမိလို့ပါ။"

ဝသုန်က မိုးစက် ကို လက်သီးထောင်ပြပြီး ကြိမ်းသည်။
"ဟေ့ကောင် မင်းနဲ့ငါက ငယ်ကတည်းက လည်ပင်းဖက်ပေါင်းလာတာပါကွ။ ငါ့အကြောင်း မဟုတ်မှန်း သိတယ်။ ပြောစမ်း။ ဘယ်စော်အကြောင်းတွေးနေတာလဲ။"

မိုးစက် ဟက်ခနဲ ရယ်လိုက်ကာ
"တောင်ကြီးက ငါခင်ခဲ့တဲ့ လူကြီးအကြောင်းတွေးမိလို့်ပါ။ သူက ပြောတယ်။ ၀မ်းနည်းနေလည်း အစာတော့ ၀င်အောင်စားတဲ့။ ဒါဆို ၀မ်းနည်းတာ တ၀က်သက်သာသွားတယ်တဲ့။"

ဝသုန် သတိရသွားသည်။ မနေ့က မိုးစက်နှင့် အတူရှိခဲ့သည် လူကြီးအကြောင်းကို မမေးရသေးပေ။
"မနေ့က မင်းနဲ့ အတူရှိတဲ့လူကြီးလား။ မင်း ဘိုးတော်နဲ့ စကားများတာ အဲ့ဒါကြောင့်လား။"

မိုးစက် မျက်နှာညှိုးသွားပြီး ခေါင်းငြိမ့်လိုက်သည်။ ၀သုန် စကားလွှဲကာ ထိုလူအကြောင်းမေးလိုက် သည်။
"သူက ဘယ်ကလဲ။ မင်းနဲ့ ဘယ်လိုခင်တာလဲ။ ငါ့ကို ပြောပြပါဦးကွ."

မိုးစက် သက်ပြင်းချကာ ၀သုန့်ကို သူ့အကြောင်းပြောပြလိုက်သည်။
"သူက တောင်ကြီးက လုပ်ငန်းရှင်တစ်ယောက်ပဲ။ မြစိမ်းတောင်ပေါ် လမ်းလျှောက်ထွက်ရင်း သူနဲ့ တွေ့ခဲ့တာ။ သူ ငါ အိပ်ရင်းမျက်ရည်ကျနေတာတွေ့လို့ ငါ့ကို စောင့်ပေးနေခဲ့တယ်။ မိုးလေး နဲ့ မေမေ့အကြောင်းကို ငါရင်ဖွင့်ပြောပြခဲ့ဖူးတယ်။ သူကလည်း နှင်းကလေးအကြောင်းကို ပြောပြခဲ့ သေးတယ်။ မနေ့က နှင်းကလေးနဲ့ သူသွားနေကြ မိဘမဲ့ကလေး ဂေဟာကိုလက်ဆောင်သွားပို့ တာ ငါလိုက်သွားခဲ့တာ။ "

မိုးစက် စကားကို ဖြတ်ကာ အဝေးက ကန်ရေပြင်ကို ငေးကြည့်နေလိုက်သည်။ ၀သုန်သည် မိုးစက် ၏မျက်နှာကို ငေးကြည့်ကာ စကားစမဖြတ်ပဲ တိတ်နေလိုက်သည်။ ပြောပါစေ။ စိတ်ထဲရှိသမျှ ဖွင့်ပြောလိုက်မှ သူငယ်ချင်းလေး ရင်ထဲပေါ့သွားမည်ဖြစ်သည်။

"မင်း င့ါကို ဖုန်းဆက်ပြီး ၀တီတို့အကြောင်းပြောတော့ ငါတို့ နေ့လည်စားစားနေတဲ့အချိန်ပဲ ။ ငါ ဂေဟာရဲ့ ပန်းခြံထဲမှာ သွားငိုနေတုန်း သူ ငါ့ကို လယ်ကွင်းတွေချည်းရှိတဲ့နေရာကို ခေါ်သွားပြီး စိတ်ရှိလက်ရှိ အော်ပြီး ပေါက်ကွဲခိုင်းခဲ့တယ်။ သူက ကားပေါ်မှာ စိတ်ရှည်လက်ရှည်စောင့်ပေးနေခဲ့ တယ်။ ညနေစောင်း ငါငိုလို့အားရမှ သူ ငါ့ကို ညနေစာလိုက်ကျွေးရင်း ငါ့ကို ဒီစကားပြောခဲ့တယ်။ လွမ်းရင်လည်း အစာစားပါ။ ဒေါသထွက်ရင်လည်း အစာစားပါ၊ ၀မ်းနည်းနေရင်လည်း အစာစားပါတဲ့။ ဒါဆို သောကတစ်ဝက် သက်သာသွားတယ်တဲ့။"

ဝသုန် သည် မိုးစက် အကြောင်းကို နားထောင်ပြီး စိတ်မကောင်းဖြစ်ရလွန်းသဖြင့်
"သူငယ်ချင်း... မင်းဘိုးတော်ကို သိပ်စိတ်ထဲမထားပါနဲ့တော့။ သူ့ကို ပြောပြီး ကွာရှင်းလိုက်တော့ ကွာ။ ပြီးရင် အဲ့လူကြီးကို ယူလိုက်တော့။"

မိုးစက် ၀သုန့်ကိုစိုက်ကြည့်ကာ တခွန်းခြင်းပြောလိုက်သည်။
"ငါ သူ့မိန်းမဘ၀ကို နေရတာ ငြီးငွေ့ပြီ။ငါ သူနဲ့ပေါင်းနေတာ သူငါ့ကို သိပ်ချစ်လွန်းလို့၊ ငါကလည်း သူ့ကို ချစ်လွန်းလို့ပဲ၊ အခုတော့ သူ ငါ့ကို ချစ်တဲ့ ပုံစံကို ငါနားမလည်တော့ဘူး။ ငါ့အချစ်ထက် ၀တီ့ ငွေကို သူပိုလိုအပ်နေတယ်။ ငါ့အချစ်က သူ့ကို ဘာမှ အကူအညီ မပေးနိုင်တော့ဘူး ၀သုန်။ ဆင်းရဲခြင်းက အိမ်တံခါးဝမှာလာရပ်ချိန်မှာ ချစ်ခြင်းမေတ္တာက ပြတင်းတံခါးကနေ ခုန်ချထွက်ပြေး သွားတယ် ဆိုတဲ့ စကားပုံက သိပ်မှန်တာပဲ။ သူ့ကိုလည်း ဆက်မပေါင်းနိုင်တော့ဘူး။ အခြား ဘယ်သူ့ကိုမှ ငါမယူချင်တော့ဘူး။ ငါ မိန်းမလို ခွဲစိတ်တာ ညီမလေးကြောင့်ပါ။ သူ့မယားဘ၀နေတာ သူ့ကိုချစ်လို့ပါ။ငါ့ဘ၀မှာ ဘယ်ယောက်ျားကိုမှ မချစ်ခဲ့ဖူးဘူး။ငါက ယောက်ျားတယောက်ပါ ၀သုန်။"

ဝသုန် မိမိစကားမှားသွားသည်ကို သတိရကာ စကားကိုပြင်ပြောလိုက်သည်။

"ဆောရီး မိုးစက်။ ငါ့ အဲ့သဘောပြောတာ မဟုတ်ဘူ။ ငါ မင်းအစား မခံချင်လို့ ပြောလိုက်တာပါ။ ဆောရီးကွာ။ "

~ ဆက်ရန်


အချစ်စစ်၏ တည်နေရာSeason (2)Wo Geschichten leben. Entdecke jetzt