Part - 39

1.7K 138 41
                                    

အမျိုးစုံကြိုးခုန်တတ်သော
cb normal fic
Part - 39

လူသူကင်းမဲ့နေတဲ့ မှောင်မည်းမည်း လမ်းမကျယ်ထက် ခြေဗလာနဲ့
ခြေလှမ်းများက ဦးတည်ရာမဲ့လို့

မိုးရေစက်တို့ကလည်း စိတ်သထက်စိတ်လို့
လူတစ်ကိုယ်လုံးလည်း ရွှဲရွှဲစိုနေသလို
မျက်နှာတစ်ပြင်လုံးလည်း မျက်ရည်များနဲ့ စိုစိုရွှဲလို့

အချိန်မည်မျှကြာအောင် ပြေးနေမိသည်မသိ
ခြေဖဝါးအောက်မှ စေးကပ်ကပ်နှင့် ကျိန်းစပ်နာကျင်လာတော့မှ သတိပြုမိသည်အထိ အသိစိတ်ကင်းလွတ်နေခဲ့သည်က နှလုံးသားထဲ ဗလာနတ္ထိဖြစ်နေခဲ့သည်ကိုးးး

မိုးတိတ်သွားပြီ 
နှလုံးသားထံမှ မျက်ရည်မိုးကတော့ စဲသွားတာလား ခမ်းခြောက်ကုန်ခမ်းသွားတာလား မသဲကွဲ
ပါးပြင်ထက်ရှိ မျက်ရည်စက်တို့ကတော့ လောလောလတ်လတ် စိုစွတ်နေဆဲပင်

နုံးချိလာတဲ့ ကိုယ်ခန္ဓာကြီးကို လမ်းဘေးပလက်ဖောင်းထက် ပစ်ချထိုင်လိုက်ရင်းး ခြေဖဝါးကို ဆွဲလှန်ကြည့်မိတော့ သွေးတွေ

" hk hk သွေးတွေ ဟားဟားးး နီရဲရဲလေးတွေ စေးကပ်ကပ်နဲ့ hk hk "

အရူးမကြီးတစ်ယောက်လို ထိုင်အော်ရယ်မိနေသည့် ကျွန်မကို ခုချိန် ဘယ်သူမှမှတ်မိနိုင်မှာမဟုတ်

လူသူမရှိတဲ့ လမ်းမကြီးက သိပ်ကိုအထီးကျန်ဆန်လွန်းတယ်

မှောင်မိုက်လွန်းတဲ့ ညအမှောင်က သိပ်ကို ကြောက်ဖို့ကောင်းနေတယ်

တစ်ဖန်ပြန်လည်ရှင်သန်လာတဲ့ မိုးရေစက်တွေက သိပ်ကို အေးစက်လွန်းတယ်

အဖော်မဲ့တဲ့ ငါကရော hk hk သိပ်ကို နာကျင်လွန်းနေခဲ့ပါပြီ

စူးခနဲ့ ထိုးအောင့်လာတဲ့ ဝဲဘက်ရင်အုံကို လက်ဖဝါးဖြင့် နာနာဖိထားလိုက်ရင်း ပလက်ဖောင်းပေါ်ပဲ လှဲအိပ်လို့ မျက်လုံးအစုံကို မှိတ်ထားလိုက်မိတယ်

နာကျင်ရလွန်းလို့ အရာရာတိုင်းကို စွန့်လွှတ်လိုက်ချင်ပြီ ကိုကို အထူးသဖြင့် ဟော့ဒီရင်ဘတ်ထဲက နှလုံးသားတစ်စုံကိုပေါ့
ဒါပေမယ့် ကိုကို သိထားတယ်မလားး baek ကိုကို့ကို ဘယ်လောက်ထိ ချစ်ခဲ့လဲ ဆိုတာတွေကိုပေါ့

အမျိုးစုံကြိုးခုန်တတ်သောWhere stories live. Discover now