အပိုင်း(၅) BinKyo Couple

41 2 0
                                    

ဆိုးလ်မြို့ ၊ ဟဲဆောင်းလ်ဆေးရုံရှေ့သို့ ကားလှလှလေးနှစ်စီး ထိုးရပ်လာပါသည် ။ အဲဒီကားလေးနှစ်စီးရဲ့ ပိုင်ရှင်တွေက ဟဲဆောင်းလ်ဆေးရုံရဲ့ star လို့ပဲ ပြောပြော ၊ ဟဲဆောင်းလ်ဆေးရုံရှိ လူနာများရဲ့
မျှော်လင့်ချက်ရောင်ခြည်တန်းလို့ပဲ ဆိုဆို အမျိုးမျိုးတင်စားလို့ရနိုင်သည့် ဟဲဆောင်းလ်ဆေးရုံ၏ ကလေးအထူးကုဆရာဝန် Dr.Hyun Bin နှင့် ခွဲစိတ်ဆရာဝန် Dr. Song Hye Kyo တို့ပင် ။ ဒီဆေးရုံတွင်
ကလေးလူနာနှင့် အရေးပေါ်လူနာများက ပိုများရာ Dr. Hyun Bin နှင့် Dr. Hye Kyo တို့သည် Schdule ပြည့်နှက်နေသော ဆရာဝန်များဖြစ်ကြပေမယ့် သူတို့သည် ပင်ပန်းနွမ်းနယ်သော ရုပ်သွင်ကိုမဆောင် ။
အမြဲတမ်း တက်ကြွရွှင်လန်းပြီး လူနာများအပေါ်တွင် စေတနာ မေတ္တာအပြည့်နှင့် ဆက်ဆံသောကြောင့် လူနာတွေနှင့် လူနာရှင်တွေရဲ့ ပါးစပ်ဖျားမှာရော နှလုံးသားထဲမှာပါ ထာဝရနေရာယူထားကြသော သူများပင် ။
အခုလည်း တစ်ညလုံး ခွဲစိတ်ခန်းကို အရေးပေါ်ဝင်ထားရပြီး အိမ်ကို ခဏသာပြန်နားထားရပေမယ့် သူတို့နှစ်ဦးကတော့ လန်းဆန်းတက်ကြွမှုအပြည့်နဲ့ ပြန်ရောက်လာပါသည် ။ မရောက်လာလို့လည်း မဖြစ်ပေ ။
ဆေးရုံတွင် သူတို့ကို စောင့်မျှော်နေသော ကလေးလူနာများနှင့် အရေးပေါ်ခွဲစိတ်ပေးထားရသော လူနာများက ရှိသေးသည်လေ ။
Bin : Good Morning ပါ Kyo ကလေး ...
Kyo : Good Morning ပါ oppa ။ အိပ်ရေးရော ၀ရဲ့လားရှင် ...
Bin : Oppa က သိပ်မအိပ်တတ်တဲ့ အကျင့်ရှိတော့ အိပ်ရေး ၀ပါတယ် ။ Kyo ကလေးရော ...
Kyo : အတော်အသင့်တော့ အိပ်လာပါတယ် ။ ကော်ဖီလေးတစ်ခွက်လောက် သောက်လိုက်ရရင် ပိုလန်းဆန်းလိမ့်မယ် ထင်ပါတယ် ။ အထူးသဖြင့် ချစ်ခြင်းအပြည့်နဲ့ Oppa ဖျော်ပေးမယ့်
ကော်ဖီပူပူလေးပေါ့ ...
Bin : အပြောလေးက ချိုလိုက်တာနော် ။ ဖျော်ပေးချင်အောင်ကို ပြောတတ်တယ် ။ ရုံးခန်းထဲမှာ စောင့်နေလေ ။ Oppa ကော်ဖီပူပူလေး ဖျော်လာခဲ့မယ် ။အတူတူ သောက်ကြတာပေါ့ ...
Kyo : ဟုတ်ကဲ့ပါ Oppa ။ ကော်ဖီသောက်ပြီးမှပဲ တစ်ခေါက် Round တော့မယ် ။ ကြာလို့တော့ မဖြစ်ဘူးနော် ။ Oppa ကိုရော Kyo ကိုပါ စောင့်နေကြတဲ့ လူနာတွေက အများကြီးပဲလေ ...
Bin : ဟုတ်ကဲ့ပါ Dr. ရယ် ။ ကျွန်တော်မျိုး အမြန်ဆုံး ဖျော်လာခဲ့ပေးပါ့မယ် ။ ကိုယ်တို့မှာလည်းနော် ချစ်သူတွေသာဆိုတယ် ။ Date လုပ်ဖို့အချိန်မပြောနဲ့ ။ ကော်ဖီအတူတူ သောက်ဖို့တောင်
အချိန်လုနေရတယ် ။ ဒါတောင် ဆေးရုံတစ်ခုတည်းလည်းဖြစ် ၊ အားလုံးကလည်း သိနေလို့သာပေါ့ ။ မဟုတ်ရင်တော့ မလွယ်ကြောပဲ ...
Kyo : Oppa နဲ့ Kyo က လူနာတွေအတွက် မွေးဖွာလာကြတာမဟုတ်လား ။ ဒီတော့ ဒီလိုပဲ ကြုံဆုံရတော့မှာပေါ့ ။ လက်ထပ်ပြီးမှပဲ Oppa ကို Kyo က အချိန်ပိုပေးပါ့မယ်ရှင် ။ အခုကတော့
မြန်မြန်ကော်ဖီသောက်ပြီး လူနာတွေဆီ သွားကြဦးစို့နော် ...
ချစ်ရသူကို နှစ်သိမ့်စကားဆိုပြီး Hye Kyo တစ်ယောက် ဆေးရုံထဲသို့ ခပ်သွက်သွက်လေး လှမ်းဝင်လာခဲ့ပါသည် ။ အထဲအရောက်မှာတော့ Hye Kyo ကို စောင့်မျှော်နေသော Hye Kyo ရဲ့ အထူးလက်ထောက်
Nurse လေး Allin ...
Allin : Dr. ပြန်လာပြီလား ။ ကောင်းကောင်းရော နားခဲ့ရရဲ့လား Dr. ။ မနက် ၃ နာရီကမှ ခွဲစိတ်ခန်းက ထွက်သွားတာဆိုတော့ အခုက ၇ နာရီပဲရှိသေးတာကို ။ နည်းနည်းလောက် ထပ်နားလိုက်တာ
မဟုတ်ဘူး ။ အခု နည်းနည်းလောက် နားလိုက်ပါလား ။ ကျွန်မ ကော်ဖီခါးခါးပူပူလေးတစ်ခွက် ဖျော်လာပေးမယ်လေ ....
Kyo : ရပါတယ် Allin ရဲ့ ။ ကျွန်မ လုံလုံလောက်လောက် နားပြီးပါပြီ ။ ကော်ဖီလည်း မဖျော်နဲ့တော့ ။ Dr. Bin က ကျွန်မအတွက် ဖျော်လာပေးလိမ့်မယ် ။ ကျွန်မကို ၁၅ မိနစ်လောက် အချိန်ပေးမလား ။
အသေးစား Date လေးပေါ့ ။ Allin က Round ဖို့ပြင်ဆင်ထားပေးလေ ။ နောက် ၁၅ မိနစ်ဆိုရင် ကျွန်မတို့ လူနာတွေနဲ့ တွေ့မယ်နော် ...
Allin : ဟုတ်ကဲ့ပါ Dr. ။ ကျွန်မ အပြင်မှာ ပြင်ဆင်ပြီး စောင့်နေမယ်နော် ...
လေးစားရတဲ့ Dr.မလေးရဲ့ ပွင့်လင်းနူးညံ့တဲ့ အပြောအဆိုကြောင့် Nurse လေး Allin တစ်ယောက် နားလည်ကျေနပ်သော အပြုံးနဲ့ အခန်းထဲမှ လှည့်အထွက်တွင် ကော်ဖီခွက်နှစ်ခွက် ကိုင်ကာဝင်လာသော Child Ward
မှ Dr. Hyun Bin နှင့် တည့်တည့်တိုးတော့တာမို့ ...
Allin : မင်္ဂလာပါ Dr. ။ ကော်ဖီလာသောက်တာလား ။ အတော်ပဲ ။ ကျွန်မလည်း Round ဖို့အတွက် သွားပြင်ဆင်ရမှာမို့လို့ ။ ကျွန်မရဲ့ Dr.ကို ဆရာ့ဆီ အပ်ခဲ့ပါရစေရှင် ။ မနက် ၃ နာရီအထိ
ခွဲစိတ်ထားရတာကို ဆက်မနားဘဲ ခေါင်းမာနေလို့ ကျေးဇူးပြုပြီး နားခိုင်းပေးပါရှင် ...
Bin : စိတ်ချပါခင်ဗျာ ။ ဆရာမရဲ့ Dr.ကို ကိုယ်ဖိရင်ဖိ ပြုစုပြီး နားခိုင်းထားပါ့မယ်ခင်ဗျာ ...
မျက်လုံးကလေးတစ်ဖက် မှိတ်ပြကာ ပြောလိုက်တဲ့ Dr. Hyun Bin ရဲ့ စကားကြောင့် Nurse မလေး Allin တစ်ယောက် အားကျကြည်နူးသွားရသည်မို့ ရယ်သံလေးများပါ ထွက်သွားရပါတော့သည် ။
Nurse တွေရဲ့ နားနေခန်းတွင် ....
Round လှည့်ဖို့ ပြင်ဆင်ပြီးပြီမို့ ခဏထိုင်နားနေသော Nurse မလေး Allin အနားသို့ Nurse မလေး Hyori တစ်ယောက် ရောက်လာကာ ...
Hyori : Allin ရေ... နားပြီလား ။ ဒီနေ့ အေးဆေးပေါ့ ။ ဟုတ်လား ...
Allin : မနားရပါဘူး Hyori ရယ် ။ ကိုယ့် Dr.က မနက်က ၃ နာရီအထိ ခွဲစိတ်ခန်း ၀င်ထားပေးရလို့ အခုတော့ နောက်ကျမှာပဲ ။ ကိုယ်တော့ အနားရပြီထင်နေတာ ။ အမ်မလေး...Dr.မမက ခဏပဲ
နားပြီး တက်တက်ကြွကြွနဲ့ အလုပ်ပြန်ဝင်လာတော့ ကိုယ် မနားရတော့ဘူးပေါ့ဟယ် ...
Hyori : ဒါဆို အခု ဘာလုပ်နေတာလဲ ...
Allin : Child ward က Dr. ကိုကို ရောက်နေလို့ အတင်း နားခိုင်းထားရတယ် ။ မဟုတ်ရင် လူနာတွေဆီ မရောက်ဘဲ သူ အရင်လဲသွားမှာစိုးလို့လေ ...
Hyori : Dr. Hyun Bin ရောက်နေတာလား ။ သူတို့ ဘာလုပ်နေကြပါလိမ့်နော် ...
Allin : ဆေးရုံထဲက Coffee Date လေးပေါ့ ။ သူတို့မှာလည်း သနားစရာပါကွာ ။ တရားဝင် လူသိရှင်ကြား တွဲနေတာတောင် သူတို့မှာ date လုပ်ချိန်မရှိကြရှာဘူး ။ အလုပ်နဲ့ပဲ အချိန်ကုန်နေတယ် ။
ဆေးရုံတစ်ခုတည်း အတွင်းသိအဆင်းသိမို့လို့သာ တော်တော့တယ် ။ အပြင်လူနဲ့သာဆိုရင် လမ်းခွဲခံရတာ ကြာပေါ့ကွာ ...
Hyori : သူတို့တွေက ငယ်ချစ်တွေဆို ။ ဟုတ်လား ...
Allin : ဟုတ်တယ် ။ သူတို့တွေက Middle school ကတည်းက သူငယ်ချင်းတွေတဲ့ ။ ဆေးကျောင်းရောက်တော့ Dr. Bin က Dr. kyo ကို ချစ်ခွင့်ပန်ခဲ့ပြီး နောက်ဆုံးနှစ်မှာ Dr. Kyo က အဖြေပြန်ပေးခဲ့လို့
ချစ်သူတွေ ဖြစ်ခဲ့ကြတာလို့ပြောတယ် ...
Hyori : သူတို့က တော်တော်လိုက်ဖက်ကြတယ်နော် ။ လူနာတွေကိုလည်း တော်တော်ဂရုစိုက်ကြတယ် ။ လူနာတွေကလည်း သူတို့ကို တော်တော်ချစ်ပြီး တော်တော်အားကိုးကြတယ် ။
လူနာတွေက ပြောနေကြတယ် သိလား...
Allin : ဘာတွေပြောနေကြတာတုန်းကါ လူနာတွေက ...
Hyori : Dr. Kyo နဲ့ Dr. Bin ရဲ့ မျက်နှာလေးတွေကို မြင်ရတာနဲ့တင် သူတို့ရဲ့ ဝေဒနာတစ်ဝက် သက်သာသွားကြတယ်တဲ့ ။ သူတို့က Dr. Kyo နဲ့ Dr. Bin ကို သိပ်ချစ်ကြတာပဲ ...
Allin : ဟုတ်တယ် ။ သူတို့ကလည်း လူနာတွေကို ချစ်သလို လူနာတွေ်မယ် ကလည်း သူတို့ကို ချစ်တယ်လေ ။ ဒီလို သံယောဇဉ်တွေကို ငဲ့ပြီးနေရတာနဲ့ပဲ သူတို့လည်း ဘယ်တော့မှ လက်ထပ်နိုင်မယ်
မသိတော့ဘူး ။ အခုပဲ Dr. Kyo က ၃၄ နှစ်ရှိနေပြီ ။ Dr. Bin က အသက်ပိုကြီးတာကို ။ တကယ်ဆို သူတို့ လက်ထပ်သင့်နေပါပြီကွာ ...
Hyori : ဟုတ်ပါရဲ့ ။ သူတို့ကိုလည်း သနားပါတယ် Allin ရယ် ။ သူတို့ကို ပြောပေးလိုက်ပါ ။ လက်ထပ်ဖို့ သင့်ပြီမို့ ထပ်ပြီး အချိန်မဆွဲပါနဲ့တော့လို့ ။ သူတို့နှစ်ယောက် လက်ထပ်ဖြစ်ခဲ့ရင် အပျော်ဆုံးဖြစ်မယ့်သူတွေက
သူတို့ရဲ့ လူနာတွေတင်မကဘူး ... ဒီဆေးရုံတစ်ခုလုံးပါ ပါပါတယ်လို့လေ ...
Allin : Hyori ရဲ့ Dr. Kang So Ra တော့ မပါဘူး ထင်တယ်နော် ...
Hyori : ဟုတ်တယ် ။ သူတော့ မပါလောက်ဘူး ။ ဟား ဟား ဟား ...
ဟဲဆောင်းလ်ဆေးရုံတစ်ခုလုံးကတော့ သူတို့ချစ်တဲ့ Dr. Hyun Bin နဲ့ Dr. Song Hye Kyo တို့အကြောင်းကို ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေခဲ့ပြီး ပြောသမျှတွေကလည်း သူတို့ရဲ့ ကောင်းကြောင်း ၊ တော်ကြောင်း နဲ့
သူတို့ရဲ့ မေတ္တာ စေတနာတွေအကြောင်းတွေပဲ ဖြစ်သည် ။ အဲဒီလို ချီးမွမ်းခံရလောက်တဲ့အထိ သူတို့တွေက အရမ်းချစ် ၊ အရမ်းလိုက်ဖက်ညီကာ ၊ အရမ်းစေတနာကောင်းကြပါသော မီးအိမ်ရှင်စုံတွဲလေး ဖြစ်နေသည်မဟုတ်လား...
အားလုံးရဲ့ ချစ်ခြင်းမေတ္တာတွေကို ခံယူပြီးပြီမို့ အချိန်တွေကိုမျှဝေပြီး တစ်ဘ၀စာ လက်တွဲလိုက်ကြဖို့ သင့်ပြီလေ BinKyo Couple ရယ် ..............။။

အမုန်းချစ်​Donde viven las historias. Descúbrelo ahora