Chapter-3

3.7K 398 57
                                    

"အတန်းလစ်​ရ​အောင်​ "
ဟူသည့်​စကားတစ်​ခွန်းနှင့်​ သူ​ဆွဲ​ခေါ်ရာ​နောက်​ ပါလာခဲ့သည်​။

ကျောင်း​​ခေါင်းမိုးထပ်​တွင်​ လက်​နှစ်​ဖက်​ကို​နောက်​ကြမ်းပြင်​သို့်​​ထောက်​ကာ
သူ​ခြေဆင်းထိုင်​ချ​လိုက်​​တော့ ကိုယ်​သူ့​ဘေး ကျုံ့ကျုံ့​လေးဝင်​ထိုင်​မိသည်​။

ကိုယ်​အကြိုက်​ဆုံး မိုးပြာ​ရောင်​သန်း​နေသည့်​​ကောင်းကင်​ကြီး.. ​အေးမြလန်းဆန်း​စေသည့်​ ​လေ​လေးများက တသုန်​သုန်​တိုက်​ခတ်​​နေပြီး ကိုယ်​ချစ်​ရ​သောသူသည်​ ကိုယ့်​​ဘေးတွင်​ရှိ​နေသည်​မှာ အဘယ်​ ချမ်းသာခြင်းပါနည်း
....

လမင်းကိုပတ်​ရံထားသည့်​ ​ကြယ်​က​လေးများစုံသည့်​ညတွင်​ သူ့ရင်​ခွင်​၌ကိုယ့်​ကိုဖက်​ထားပြီး.. မခွဲနိုင်​အလွမ်းသယ်​ကြမည့်​ တစ်​ချိန်​ကိုလည်း ကိုယ်​​ရူးသွပ်​စွာ
စိတ်​ကူးမိပါ၏....

"Hun.. မင်းကိုတစ်​ခုတိုင်​ပင်​မလို့"

သူ့​​လေသံ​လေးက ကိုယ့်​အ​တွေးများကိုပြတ်​​တောက်​​စေသည်​။

"ငါ မိန်းကလေးတွေ အများကြီးနဲ့ မရှုပ်​​တော့ရင်​ကောင်းမလားလို့"

~ ​နောက်ဆုံးမှာ မင်းအတွက်ငါတစ်​​ယောက်တည်းရှိမှာသိပေမယ် အရှုပ်အရှင် မရှိရင်​​တော့ ပိုကောင်းသား~

"ဘာလို့လဲ Chan"

ရုတ်​တရပ်​ ကိုယ်​​ကြည့်​မဝ​ငေး​နေသည့်​ သူ့မျက်​နှာ​ချော​ချော​လေးက ကိုယ့်​ဘက်​လှည့်​လာကာ.. ကိုယ့်​နှင့်​မျက်​လုံးချင်းစုံပြီး
စူးစိုက်​ကြည့်​ရင်း

"ငါ..တစ်​​ယောက်​​ယောက်ကို ချစ်​မိသွားလို့"

ေ​ပြာပြီးဟိုဘက်​လှည့်​သွား​ပေမယ့်​...ကိုယ့်​မှာ​တော့ အသက်​​တောင်​မရှူရဲ ..နှလုံးသား​လေးက ကဆုန်​ ​ပေါက်​​နေသည်​။

သိစိတ်​က ဘယ်​​တစ်​​ယောက်လဲလို့ 
မေး​နေမိ​ပေမယ့်​ .... မသိစိတ်​က​တော့ ... ကိုယ်​များလားဆိုသည့်​.... ​မျှော်​လင့်​ချက်​အမျှင်​တန်း​လေး ထား​နေမိသည်​။

အချစ်​ရူး [Completed] Where stories live. Discover now