ဇနီးလောင်း

6.4K 341 25
                                    

ep-8
xingdae

Yixing's POV

" ဒဏ်ရာသက်သာရဲ့လား Yixing ဒီတစ်ခေါက်
တော်တော် အန္တရာယ်များတာ ခိုင်းမိတယ် appaလည်း
စိတ်မကောင်းပါဘူး "

" appaနဲ့လုပ်ငန်းခွဲဖို့ပြောထားတာ စဉ်းစားပြီးပြီလား "

" Omm ဒါပေမဲ့ သေချာပြန်ဆုံးဖြတ်ရဦးမယ် "

" ဒီတစ်ခေါက် အောင်မြင်ရင် သေချာပေါက် ခွဲခွင့်ပြု
မယ်ပြောခဲ့တယ် ဘာလဲ ကျနော်သေသွားမယ်ထင်နေခဲ့
တာလား "

" မင်းကငါ့ရဲ့တစ်ဦးတည်းသောသားပါ ဟုတ်ပြီ အပေးယူ
ထပ်လုပ်ကြမယ် "

" အပေးအယူဆိုတာ စိတ်မကုန်သေးဘူးလား ကျနော်
ဒီလောက ကနေထွက်ပြီး အေးအေးဆေးဆေးနေချင်တာ
ဖခင်တစ်ယောက်နေနဲ့ နားလည်ပေးလို့မရဘူးလား !!!
ဘာလုပ်ခိုင်းချင်ပြန်ပြီလဲ "

" မင်းရဲ့စိတ်ဖြေစရာကောင်လေးကို စွန့်ပစ်လိုက်
ဒါမှမဟုတ် ငါ့စိတ်တိုင်းကျ ချွေးမရွေးပေးထားတယ်
လက်ထပ်ပြီး မင်းရဲ့ဟာလေးကို အနားမှာဆက်ထားပေါ့ "

" Appa !! "

" ဒါဆို ငါလည်းစိတ်ချလက်ချနဲ့ US ပြန်လို့ရပြီ
ဘာမှဝင်မပါတော့ဘူး ဘယ်လိုလဲ လွယ်တယ်မလား "

" ကျနော့်မှာချစ်ရမဲ့သူရှိတယ် appaနဲ့မိတ်ဆက်ပေးပါ့
မယ် appaရွေးထားတဲ့သူထက် မညံ့စေရဘူးဘယ်လိုလဲ "

" ok My Son မနက်ဖြန် အိမ်တော်ကိုလာခဲ့မယ်
ငါ့ချွေးမလေးအသင့်ဖြစ်နေပါစေ "

" စိတ်ချပါ "

ဟုတ်တယ် ဒါကအကောင်းဆုံး
နည်းလမ်းပဲ စိတ်တင်းထားရမယ်
သူ့အတွက်လေကွာ သူ့အတွက်

**** ******* ***********
*************************************** ******** **********

" သခင် အိမ်မှာ ဘာပွဲရှိပြန်ပြီလဲဟင် "

" ဒီနေ့ သခင်ကြီးလာမှာလေ "

" ဒါဆို daeဟိုဘက်အိမ်သွားရတော့မလား "

" ရတယ် အိမ်ထော်ထိန်းကို ထမင်းပြင်ပေးခိုင်းထားတယ်
စားပြီးရင် ဧည့်ခန်းမှာပဲနေ ဒီနေ့ဘာကိစ္စပဲရှိရှိ လိမ္မာမယ်
မလား "

" nae "

" ထမင်းစားတော့ ဧည့်သည်တွေရှုပ်နေရင် မစားဖြစ်ပဲ
နေမယ် "

သခင်ပိုင်သော (Z&U)Where stories live. Discover now