အစာမကြေခြင်း

14 1 0
                                    

အစာမကြေခြင်း

အစာမကြေခြင်း

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.




                        
ပျော်ရွှင်မူ တစ်ချို့ ချပေးလိုက် ၊
ငါ ပြေးပြေးဟပ်မယ်
အငမ်းမရ မျိုချလိုက်မိတဲ့ ဇောမှာ၊
ဆူးတွေပါတယ်
အာခေါင်မှာ ထောက်တဲ့ ဆန္ဒတစ်ချို့ဟာ
ပြန်အန်ထုတ်ဖို့ လှုံ့ဆော်နေလည်း
ဆူးဟာ ချိုနေတယ်လို့ ရူးဆဲ။

ရမ္မက်တွေနဲ့ကျစ်တဲ့ကြိုးက၊
နောက်မှာ ကောက်ကောက်ပါတယ်
ဒီကြိုးဟာ
ငါ့အသွေးအမွေးနဲ့ လိုက်ဖက်ညီပုံပဲ
ပြီးနောက်
စိုးရွံ့ခြင်းထဲမှာ
တစိမ့်စိမ့်အေးလာတာ အနမ်းတွေလိုလိုနဲ့
ဆောင့်ဆွဲခံလိုက်ရတဲ့
မျှော်လင့်ခြင်းထဲ ရူးမတတ်ဘဲ ထိတယ်
ဒါပေမယ့်
နာကျင်ခြင်းဟာ ချိုတယ်လို့ ယုံကြည်ဆဲ။

Apr18.2017
Minsetwai

စတုဂံလွင်ပြင်Where stories live. Discover now