ထာဝရ

4.4K 235 33
                                    

အပြီးထိမမက်ဖြစ်ခဲ့သောအိမ်မက်များ
ကျွန်တော့တွင်အများအပြားရှိပါသည်
အဆုံးထိမက်ရမယ်လို့လဲမျှော်လင့်မထားသလို
ကိုယ့်စိတ်ကူးနဲ့ကိုယ်လဲမဖြည့်စွက်ခဲ့
လူတွေကထင်ကြတယ်
ကျွန်တော်ငိုနေလိမ့်မယ်လို့ပေါ့
ရာနှုန်းပြည့်မှားကြပါသည်
တကယ်တော့ ကျွန်တော်မငိုပါ
ငိုရန်လဲမလိုဟုကျွန်တော်ထင်သည်
တကယ်ဆိုသူကကျွန်တော့ကို
​မျှော်လင့်ချက်တွေပေးပြီး
ရိုက်ချိုးခဲ့တာမဟုတ်ဘူးလေ

သူပြောခဲ့သောနာခံခြင်းများကို
အကောင်အထည်ဖော်ခြင်းဖြစ်ပြီး
သူပေးခဲ့သောကတိကိုတည်ခဲ့ရုံသာဖြစ်သည်

ကျွန်တော်ကိုယ်တိုင်လိုလိုလားလား
ဖန်တီးတည်ဆောက်ခဲ့တဲ့
Relationship တစ်ခုရဲ့အဆုံးသတ်ကို
အထွန့်တက်စရာဘာအကြောင်းပြချက်မှမရှိ
တစ်နေ့ဒီလိုပဲဖြစ်လိမ့်မည်ဟု
ကြိုတင်သိရှိပြီးသားဖြစ်သည့်အလျောက်
နာကျင်မှုသည်
မဆိုစလောက်တိုးလာသည်မှလွဲ၍
အရာရာသည်မနေ့ကအတိုင်းသာဖြစ်သည်
အတိတ်ကိုပြန်လည်ရွေးချယ်ခွင့်များ
ရှိခဲ့မည်ဆိုပါစို့
မလွဲမသွေသူ့ကိုသာ
​ရွေးချယ်ဖြစ်လိမ့်မည်ဆိုတာ
ယုံမှားသံသယဖြစ်ဖွယ်ရာမရှိ
သူသည်လဲကျွန်တော်နှင့်ထပ်တူထပ်မျှ

ကိုယ်နဲ့တူညီသောယောကျာ်းလေး
တစ်ယောက်ကို
မြတ်နိုးစုံမက်မိခြင်းမှတပါး
အမှားဟူ၍ကျွန်တော်မယူဆ

စိတ်ကူးယဉ်အိမ်မက်ထဲမှာ ဘယ်တုန်းကမှ
သဲအိမ်မဆောက်ခဲ့ဖူးသော သူနဲ့ကျွန်တော်
တကယ့်ဖြစ်ရပ်မှန်ကိုသာရှေးရှု၍
လက်တွဲခဲ့ကြသည်
တစ်နေ့နေ့တစ်ချိန်ချိန်
ဒီလိုဖြစ်ရပ်မျိုး၊ ဒီလိုအဆုံးသတ်မျိုး
ကြုံတွေ့ရမည်ကို သိရဲ့နှင့်သာ
ဒီလိုဇာတ်လမ်းမျိုးကိုပုံနှိပ်ခဲ့ခြင်းဖြစ်သည်

ကျွန်တော့ရှေ့တွင်ရှိနေသော
ဓါတ်ပုံအယ်လ်ဘမ်များအား ငေးကြည့်မိချိန်
လှစ်ခနဲပြုံးမိချေ၏
သူအလွန်တရာမှ နှစ်သက်သည်ဟု
ဆိုပါသော အပြုံးမျိုးဖြင့်ပေါ့

လွန်ခဲ့သောနှစ်များဆီမှသူနဲ့ကျွန်တော်
အတူတူရှိခဲ့ဖူးသောအမှတ်တရများကို
လက်နဲ့ဖွဖွထိတွေ့ကြည့်မိသည့်အခါ
၀ဲဘက်ရင်အုံသည် လှိုက်ခနဲခုန်ပါ၏
အကြိမ်ပေါင်းများစွာ သူရှေ့ရောက်တိုင်း
သူ့အပြုံးများကိုမြင်ရတိုင်း
သူနဲ့အတူရှိနေချိန်တိုင်း
ခုန်လှုပ်ခဲ့သော ရင်ခုန်သံပမာဏအတိုင်း
ကျွန်တော့်ရင်သည်ခုန်လှုပ်မြဲ
အတူရှိရခြင်းကိုစွန့်လွှတ်ခဲ့သောသူ့အား
တစုံတရာအပြစ်မတင်ခဲ့သလို
ဖြစ်သင့်သည်အားရွေးချယ်သွားသော
သူသည်လဲ
ကျွန်တော့အား များစွာတောင်းပန်ခြင်းမပြုခဲ့
အတိတ်တို့သည်ချိုမြိန်ခြင်းအတိပြီး၏

ထာဝရနိုင္​တဲ့ .... သူWhere stories live. Discover now