Just Memory ? ( Part 1 )

2.5K 158 10
                                    

2018 Dec 4

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

2018 Dec 4

🛬

" မကြာခင်အချိန်တွင်း ကျွန်မတို့ရဲ့ လေယာဉ်ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆင်းသက်တော့ကြောင့် လူကြီးမင်းတို့ရဲ့ ခါးပတ်များ .................. "

လေယာဉ်မယ် အသံလေးကြားမှ Gxxod လန့်နိုးသွားသည်... နာရီဝက် ကျော်ကျော်လောက်သာ အိပ်လိုက်ရပေမဲ့ တကိုယ်လုံး အားအင်အပြည့်နဲ့ လန်းဆန်းနေတယ်...
ပြတင်းပေါက်ကနေ အပြင်ဘက်လောကကြီးကို ငုံကြည့်လိုက်တော့ မီးရောင်ဟိုတကွက် ဒီတကွက်နဲ့ ရန်ကုန်မြို့ကြီးက သူ့အားပြုံးပြ ကြိုဆိုနေသယောင်...

လွန်ခဲ့တဲ့ ၁နှစ်က ကတိကို ကိုယ်တည်နိုင်ခဲ့ပီ ကလေးလေးရေ... ကလေးနဲ့အကြာကြီး နေနိုင်ဖို့ ကလေးကို လွမ်းတဲ့စိတ်ကို ၆လလောက် schedule အပြည့်အလုပ်လုပ်ပီး ခဏမေ့နိုင်ကြိုးစားခဲ့ရတယ်..
တကယ်တည်းတော့ ကိုယ်စိတ်ကို တင်းခံထားရတာပါ....ဘယ်လိုမေ့နိုင်ပါ့မလဲနော် .. ကလေးကို ကိုယ်က တရက်မတွေ့ရရင်တောင် ထိုင်မရ ထမရ ရင်ထဲမီးဟုန်းဟုန်းတောက် လောင်နေခဲ့တဲ့ ကောင်ပါ..... 💣

လေယာဉ်ပေါ်က မဆင်းခင် ကျောပိုးအိတ်ထဲက ဆံပင်တုကိုဝတ် မျက်မှန်ပုလင်းထူကြီးတပ်ပြီး လေယာဉ်ဘီးချပြီးတာနဲ့ ရှေ့ဆုံးက အရင်ရပ်စောင့်နေလိုက်တယိ... တံခါးလဲ ဖွင့်ရော အရှေ့မှာဘယ်သူမှ မရှိပဲနဲ့ကို တယောက်ထဲလုဆင်းတာ လေယာဉ်နဲ့လေဆိပ် အကူး ချောလဲမလိုဖစ်မိသွားတယ်....

ဝန်ထမ်းတွေက ကိုယ့်ကိုကြည့်ပီး ပြုံးတုံတုံ....
နည်းနည်းရှက်သွားပေမဲ့ မတက်နိုင်....
လေဆိပ်ကမြန်မြန်ထွက် ပီးတော့ တွေ့တဲ့ taxi သမားကို လိပ်စာကတ်ပြီး မောင်းခိုင်းလိုက်တယ်...
ဆံပင်တုတော့မချွတ်ရဲ... မတော်တဆ ပရိတ်သတ်တယောက်တွေ့သွားရင် ကိုယ့်အတွက်တော့ စိတ်မပူပေမဲ့ ကလေးထိခိုက်မှာပဲ စိတ်ပူမိမှာ......

Just Memory ?Where stories live. Discover now