Final-Part(25)Z×U

5.6K 308 20
                                    

Kyungsoo ဆေးရုံကနေဆင်းတာ ဒီနေ့ဆိုလျှင်

တစ်ပတ်ပြည့်ပြီပင်.....

တစ်ပတ်အတောအတွင်း Kyungsoo လုပ်ချင်သမျှကို
မငြီးမငြူပဲ လုပ်ပေးနေသော Kai ကြောင့်
Kyungsoo နည်းနညိးတော့ အံသြမိသည်....

ဘာလို့လဲလို့ မေးရင်လည်း သေသေချာချာ ရေရေရာရာ
မဖြေပဲ ရှောင်သွားတတ်သည်..

ဒါပေမယ့် သူပြောနေကြ စကားလေးက

"Baby ကို စောင့်ရှောက်မယ်ဆိုတဲ့ ကတိကို တည်ချင်လို့"

"Baby ရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးချင်လို့"

ထိုစကား ၂ခွန်းကိုတော့ ပြောမြဲပြောသည်...

အခုတလော Kai ကို သတိထားပြီး ကြည့်တော့
သူ..မျက်နှာတွေ ချောင်ကျသွားသည်..

အိပ်ရေးပျက်တာကြောင့် လားမသိ မျက်ကွင်းတွေလည်း
ညိုနေသည်...

Kyungsoo မေးတော့ အိပ်မပျော်လို့ပါ ဟူ၍ပြောနေကြပင်..

ဒီနေ့တော့ Kyungsoo အစောကြီနိုးနေသညိ
နာကျင်နေသော ခေါင်းကို လျစ်လျူရှုပြီး...အိပ်ရာကနေ
အတင်းထကာ..

Kai စားဖို့အတွက် ပြင်ဆင်ပေးမည်ဆိုပြီး...ဆုံးဖြတ်လိုက်သည်

Kai လည်း သူ့ကို ပြုစုနေရတာနဲ့ အစာသိပ်မစားတာကြောင့်
သူကြိုက်တဲ့ ဟင်းလေးတွေကို ချက်မယ်ဆိုပြီး
အားတင်းကာ ထလိုက်သည်

မီးဖိုချောင်ထဲဝင်ကာ apron လေးကိုဝတ်ပြီး
Kai ကြိုက်တတ်တဲ့ အရာလေးကို ပြင်ဆင်နေလိုက်သည်

နောက်ဆုံး သူအရမ်းကြိုက်တဲ့ ကြက်ကြော်ကို ကြော်ပေးကာ
စားပွဲပေါ်မှာ သပ်သပ်ရပ်ရပ်လှလှပပလေးထားကာ
ပြင်ဆင်ထားလိုက်သည်

ပြင်ဆင်မှုတွေပြီးတာနဲ့ Apron လေးကိုချွတ်ပြီး Kai
ကိုသွားနှိုးမည်ကြံတော့

ကိုက်ခဲလာတဲ့ ခေါင်းကြောင့် စားပွဲခုံရဲ့ အစွန်းလေးကို
အားပြုကာ ကိုင်ထားမိသည်..

အသက်တမျှသူ[Z×U]Where stories live. Discover now