ကဗျာဟုတ်​သည်​ဖြစ်​​စေ ၊မဟုတ်​သည်​ဖြစ်​​စေ

25 0 0
                                    

ကဗျာဟုတ်​သည်​ဖြစ်​​စေ ၊မဟုတ်​သည်​ဖြစ်​​စေ
--------------------------------------------------- [Minsetwai]

တစ်​ချို့​တွေက သူတို့ကဗျာ​တွေကို
အတင်းအကျပ်​ ​မော်​ဒန်​ဆန်​ခိုင်းကြတယ်
ကျွန်​​တော်​က​တော့ ကျွန်​​တော်​ကဗျာ​တွေကို
စကားလုံး​တွေနဲ့ အစာသွပ်​တယ်
ကျွန်​​တော့်​ကဗျာထဲမှာ
ကျွန်​​တော်​ကိုယ်​ကျွန်​​တော်​ပဲ ​သွေဖယ်​ထားတယ်
ခင်​ဗျား...
ကဗျာကို ​မော်​ဒန်​ကျ​အောင်​လို့
အတင်းအကျပ်​အားထုတ်​​နေရပြီဆိုရင်​​တော့
ကျွန်​​တော်​ကို အဲဒါဟာ ​မော်​ဒန်​လို့လာမ​ပြောကြပါနဲ့
ခေတ်​စနစ်​ဟာ ကဗျာ​တွေကို ထိကပါး ရိကပါး
ဆရာကြီး​တွေကလည်း ကဗျာ​တွေအ​ပေါ် ထိကပါး ရိကပါး
ဟုက်​ကဲ့....ကျွန်​​တော်​ပို့စ်​​မော်​ဒန်​ဆိုတာကို မသိပါ
ကျွန်​​တော်​ရဲ့..ကဗျာပြတင်းမှာ
အိမ်​မက်​လှလှ မက်​​နေရုံကလွဲလို့
အခြား..အပိုတန်​ဆာမရှိပါ..။
ဖက်​​ကောင်း​အောင်​ ​ရေးထားတာပါ
စနစ်​တကျ တည်​ဖွဲ့ထားခြင်းမဟုတ်
စိတ်​ကပြုလုပ်​​သော အနုပညာပစ္စည်းစစ်​စစ်​ပါ
ဤအရာ..
ကဗျာမဟုတ်​ပါဟု
ဆိုချင်​လည်းဆိုပါ...။
ကဗျာဆိုတာက
........................
............
...............
အဲဒီလိုမှတ်​လား။ ။
                            
May6.16

စတုဂံလွင်ပြင်Where stories live. Discover now