Part-1

4.4K 199 36
                                    

(Sequel of When we were wrong)

Plz check of my wall before read this "Stop---Rewind" then you will find "When we were wrong"

♥ ♥ ♥

နေရောင်​ခြည်​ ခပ်​စူးစူးက မျက်​ခွံ​​ပေါ် ကူးယှက်​လာ၍ နိုးထ​စေရန်​​အလို့ဌာ ဒို​​ဂျောင်​ဆူး တ​ယောက်​ အိပ်​ရာထက်​၌ လှုပ်​လီ လှုပ်​လဲ့ ဖြစ်လာသည်​​။
အိပ်​ရာမှ ထထိုင်​ကာ အမြင်​အာရုံ အ​ရှေ့ ကာစီးကျ​နေ​သော ဆံသားနုနု​တို့ကို ​ဘေးသို့ သပ်​တင်​လိုက်​သည်​။ ဂျောင်ဆူးရဲ့မျက်ဝန်းတို့က ​တံခါး​ပေါက်​နားရပ်​​နေ​​သော သူတစ်​​ယောက်​ကို လှမ်းမြင်​၏။ထိုသူက အနားသို့ ​လျှောက်​လာကာ ​​ကောင်​ငယ်​​လေးနား ထိုင်ချ​လိုက်​သည်​။

"ဘာလို့ ​စော​စောနိုး​နေတာလဲ အခုတ​လော??
ဘာ​တွေ ဖြစ်​​နေလို့လဲ။ အိပ်​မ​ပျော်​ဘူးလား ။
K members ​တွေနဲ့ dorm တစ်​ခုတည်း အတူတူ သုံး​နေ​တော့မှာ မို့လို့ stress များ​နေတာ မလား ဆူး..? "

ဂင်​မ်​​ယောင်​မင်းက အက်​ဇို ကမ်းဘတ်​ အတွက်​ သူတို့အား ​ကြောငြာခဲ့သည်​။ လာမည့်​ ကမ်းဘတ်​​တွေ အဖွဲ့ဝင်​ 12 ​ယောက်​လုံး အတူတူ ပါဝင်​ရ​တော့မည်​ ဖြစ်​​ကြောင်း ​ပြောသွားသည်​။
အဖွဲ့ဝင်​ အားလုံး ပါဝင်​မည့်​ အခုလာမယ့်​ ကမ်းဘတ်​အတွက်​ အားလုံး စိတ်​လှုပ်​ရှား​နေ​ကြသည့်​အထဲ အငယ်​နှစ်​​ယောက်​ဖြစ်​တဲ့ ထာအိုနဲ့ ဆယ်​ဟွန်းတို့က​တော့ ပိုပီး စိတ်​လှုပ်​ရှား​နေကြသည်​။
dorm တစ်​ခုတည်း K ​ရော M ပါ ​အတူတူ​နေရမယ့်​ ကိစ္စတစ်​ခုအတွက်​​တော့ မန်​ဘာတစ်​ချို့ စိတ်​မသက်​သာဖြစ်​​နေသည်​။ ခရစ်​စ်​ ​ဂျောင်​ဆူးကို တချက်​ လှမ်းကြည့်​လိုက်​ချိန်​ ~ က​လေးမျက်​နှာ​လေး ​ဖြူ​ဖျော့​လာကာ အဆင်​​မ​ပြေခြင်းက အထင်းသား... သူ ချန်း​ယောလ်​နဲ့ ထပ်​ပီး မျက်​နှာချင်းဆိုင်​ ဘယ်​လို​နေရမလဲ..​.. ရှောင်​လွဲ​နေရမယ့်​ အ​ခြေ​နေ​တွေကို ဘယ်​လို ဖြတ်​သန်းရမလဲ... ဒါ​တွေ အားလုံး ​ဂျောင်​​ဆူး​လေးအတွက်​ စိတ်​ဒုက္ခဖြစ်​​စေနိုင်​သည့်​ အ​ခြေ​အ​နေ​တွေပင်​။ က​လေးအတွက်​ ခရစ်​စ်​ စိတ်​ပူ​နေမိသည်​။ အခုဆို ​လေ့ကျင့်​ရင်​လဲ အတူတူ .. dorm ထဲ ​နေရတာလဲ အတူတူဆို​တော့... ​ဂျောင်​ဆူးကို ကြည့်​ရတာ လုံးဝ
အ​ခြေအ​နေက မဟန်​။

Stop---Rewind 💛Where stories live. Discover now