ကဗျာလူသား

19 2 0
                                    

ကဗျာလူသား
[Snow Hninn]

ကဗျာတွေ
ဆာလောင်နေတယ်...။

ကဗျာပဲ့တွေကို
တယုတယ
သိမ်းထားချင်ဆဲ...။

ကဗျာအသက်သွေးကြောနဲ့
နေ့ရက်တွေကိုရှင်သန်နေတာ
ငါ့ကိုအစိတ်စိတ်ပိုင်းခြားကြည့်
ကဗျာသွေးဆဲလ်တွေရဲနေတာမြင်ရမယ်...။

ကဗျာတွေလွတ်လပ်စွာ
ငါ့ခန္ဓာမှာစီးဆင်းလည်ပတ်နေဆဲ
ဝင်သက်ထွက်တိုင်းမှာ
ကဗျာတွေချည်းပဲ...။

ကဲ!
ငါ ကဗျာတွေဆာလောင်နေတာ
နားလည်လောက်ပြီပေါ့
ငါဟာ. ..
ကဗျာလူသား....။

Snow Hninn
19 Nov 2016
10:14pm

စတုဂံလွင်ပြင်Where stories live. Discover now