လွန်ခဲ့သော ၇နှစ်တာအချိန်များသို့

5.2K 89 0
                                    

(အခန်း - ၂)   
လွန်ခဲ့သော ၇နှစ်တာအချိန်များသို့

                       💕💕💕

"သုဝေ ဟိုအခန်းထောင့်က ချာတိတ် ဘယ်သူလဲ"

"အော် အဲ့ဒါမနေ့ကလာတဲ့ကျောင်းသားသစ် သူကလည်းချာတိတ်မဟုတ်ဘူး ငါတို့နဲ့ရွယ်တူပဲကွ"

ကျွန်တော်ဖြေတော့ သူမျက်လုံးပြူးသွားသည်။

"ဟင် တကယ်လား။ အသက် ၂၃နှစ်နဲ့အိုစာနေတာငါပဲရှိတာပေါ့နော်။ မင်းတို့တွေများနုဖတ်နေတာပဲ ဆုတောင်းကောင်းနေလိုက်ကြတာ။"
ဟု ညည်းညူရင်း ကျွန်တော့ပခုံးပေါ်လာမီသည်။

သူမနေ့ကဖျားပြီး ကျောင်းမတက်နိုင်လို့ အခုကျွန်တော့်ကိုလာချွဲနေတာဖြစ်သည်။
ကျွန်တော် အခုမှ သူ့မျက်နှာကို သေချာကြည့်မိသည်။

မျက်လုံး မျက်ခုံးတွေက ကောင်းပြီး အရမ်းညှို့နေသလို မထီသလိုအပြုံးနဲ့
သန့်စင်ကြည်စင်နေသောအသားအရေ
အလွန်တရာကို ဂရုစိုက်မှ နည်းနည်းသာထွက်သော
muscle အဖုလေးများနှင့် ခန့်ညားပါသည်။
သူက ဘယ်နေရာကများအိုလို့လဲ။ အပိုတွေ။
ဖြောင့်စင်းနေတဲ့နှာတံ ပြီးတော့ နှုတ်ခမ်းခပ်ထူထူလေးတွေ . . .

ဘုရား ဘုရား ငါဘာတွေကြည့်မိနေတာလဲ။

ဂလု . . . စိတ်တွေကိုချုပ်ထိန်းနေရသည်။
ဖြန့်ကျက်ထားတဲ့ စိတ်အစဉ်ကိုဖြေလျော့လိုက်သည်။
မဖြစ်ဘူး သုဝေနိုင် ကိုယ့်သူငယ်ချင်းကို ဘာဖြစ်နေလဲ။
ကိုယ့်ဘာသာသတိပေးလိုက်သည်။
သူ့ကိုကြည့်တော့ အခန်းရှေ့ထောင့်စွန်းခုံမှာထိုင်နေတဲ့ ကျောင်းသားသစ်ကိုငေးနေဆဲ။
ဟူး ဒီကောင်ကတော့ရောဂါပဲ
ကောင်လေးနုနုဖတ်ဖတ်မြင်ရင် ကျူလိုက်ရမှ။
သူမှီထားတဲ့ ကျွန်တော့ပခုံးကိုလွှဲလိုက်သည်။

"ဟာ သုဝေ ဘာဖြစ်လို့လဲ"

ကျွန်တော် ဘာမှမပြောပဲ မျက်စောင်းထိုးပစ်လိုက်သည်။

"ချစ်သူလေးရယ် ကိုက မင်းလေးကိုပဲ အချစ်ဆုံးပါကွာ"

သူပြောရင်း ကျွန်တော့ထိုင်ခုံနောက်က နံရံကို လက်ထောက်လိုက်သည်။
အားရှိလှတဲ့ သူလက်မောင်းတွေရဲ့ ထောင်ချောက်ကို
သူ့မျက်နှာခန့်ခန့်က ပိုပြီးအားဖြည့်နေသလို။
ကျွန်တော်သူ့ကိုမော့ကြည့်ပြီးပြောလိုက်တယ်။

မိုးသည်းညချစ်​သံစဉ်​Where stories live. Discover now