2K 122 2
                                    

*ကျ​နော်​သူ့ကို....လွမ်းတယ်​...*

အမှတ်​တမဲ့​တွေကို တစ်​စစီဆွဲသီရင်း အချိန်​အခိုက်​အတန့်​​လေးအတွင်းမှာပဲ.....
သတိရခြင်း​တွေက ​မြေ​ပေါ်ခုန်​ချတမ်းတတတ်​​နေပြီ​လေ.....။

သတိရတယ်​....။ သတိရခြင်း​တွေကို ကျ​နော်​ချ​ရေးဖြစ်​တယ်​...။ စာမျက်​နှာ​ပေါ်မှာလား...ရင်​ခွင်​မျက်​နှာ​ပေါ်မှာလား​တော့ ​သေ​သေချာချာမသိ...သို့​ပေမဲ့ ကျ​နော်​ခင်​ဗျားကို သတိရတယ်​....။ တစ်​ခါတစ်​​လေကျ​တော့လဲ ကျ​နော့်​ရဲ့ရင်​ခွင်​က ခင်​ဗျားအတွက်​ အလွမ်းစာမျက်​နှာပဲ​လေ....။

လွမ်းတယ်​.....။ ကျ​နော်​အလွမ်းကိုခံစားရတဲ့အချိန်​ တီးတိုး​ယောင်​ရမ်းမိတာက
ခင်​ဗျားပဲ....။ ကျ​နော့်​အလွမ်းမှာအခန်းဆက်​မပါဘူး.....။ အဆက်​မပြတ်​ကျ​နော်​ကလွမ်းတယ်​....။ နင့်​နင့်​သီးသီးထက်​ကို ကျ​နော်ပိုလွမ်းဖြစ်​တယ်​....။ စိတ်​ချင်းးနီးတယ်​ ဆို​သော်​လဲ လူချင်း​ဝေး​ဝေး​နေချင်​တဲ့ ချစ်​သူ​တွေ​တော့ဘယ်​ရှိကျမလဲ....။ မသက်​သာတဲ့အဆုံးမှာ​တော့ အလွမ်း​တွေသာထပ်​တူကျရပါ​စေ​ပေါ့...။

ခံစားလို့ရတယ်​....။ လတ်​တ​လော ​ဝေးကွာမှု​လေးအတွင်းမှာကို ကျ​နော်​မျက်​လုံးမဖွင့်​ပဲ ခင်​ဗျားရဲ့ပုံရိပ်​​လေးကိုခံစားလို့ရတယ်​....။ ကျ​နော့်​ရဲ့ဆဲလ်​တစ်​ခုခြင်းဆီမှာ ခင်​ဗျားရဲ့ပုံရိပ်​​တွေက ထင်​ကျန်​​နေတယ်​....။ ဝင်​သက်​ထွက်​သက်​တိုင်းမှာ ခင်​ဗျားရဲ့အ​ငွေ့အသက်​​လေး​တွေက လွှမ်းခြုံ​နေပြီးသား...။

မျှော်​လင့်​ချက်​​လေး​တွေ​တော့ရှိတယ်​....။ များများစားစားရယ်​​တော့မဟုတ်​....။
ကျ​နော့်​လက်​ဖဝါး​တွေအရမ်း​အေးစက်​လာတဲ့အခါ....ခင်​ဗျားပါး​လေးကိုကိုင်​ချင်​တာမျိုး....၊ ​ခေါက်​ဆွဲတစ်​ပန်းကန်​ကို နှစ်​​ယောက်​ထဲလုစားရတာမျိုး....၊ ​အော.....်​ရုပ်​ရှင်​ထဲကလို ​ခေါက်​ဆွဲတစ်​မျှင်​ကိုအတူတူ စားမိရင်​လဲမိမှာ​ပေါ့...၊ သဲ​သောင်​ပြင်​​ပေါ် ​ခြေရာခြင်းထပ်​ပြီး ခင်​ဗျားနဲ့အတူ ​ခြေလှမ်းတိုင်းညီညာချင်​တာမျိုး...၊
ဦး​ခေါင်းကို ခင်​ဗျားရင်​ခွင်​ထဲတိုး​ဝှေ့ပြီး "ပါပါး" လို့တီးတိုး​ရေရွတ်​ရင်းချွဲမြူချင်​တာမျိုး....၊ ​နေဝင်​ဆည်းဆာကို နှစ်​​ယောက်​သားကာဖီ​သောက်​ရင်းကြည့်​မယ်​ဆိုတဲ့ အ​မျှော်​လင့်​ရဆုံး​မျှော်​လင့်​ချက်​မျိုး....၊ ကာဖီခွက်​​လေး​တွေရှာထားတယ်​ဆိုပြန်​​တော့လဲ ကျ​နော့်​​မျှော်​လင့်​ချက်​ကို ခင်​ဗျား၅၀ရာခိုင်​နှုန်းဖြည့်​ဆည်း​ပေးခဲ့ပြီးပြီ​လေ....။

ခင်​ဗျားသိလား parker....။
ဒီမှာ​တော့ ​ဆောင်းက တစ်​မျိုးကလူ​နေပြန်​ပြီ...။ ခင်​ဗျားရှိတဲ့​နေရာမှာလဲ ​အေးမယ်​လို့ကျ​နော်​ယုံတယ်​.....။ နှစ်​​ယောက်​သားမဆုံ​သေးသ​ရွေ့​တော့
နွေး​ထွေးမှုဆိုတာ အဲလ်​ကွန်းခန်းထဲမှာ​တောင်​ ​ချွေးတစ်​စိမ့်​စိမ့်​ရယ်​....။ ဒါနဲ့ အရင်​လို အဲလ်​ကွန်းခန်းထဲ စွပ်​ကြယ်​​ဘောင်းဘီတိုနဲ့မ​နေပါနဲ့....။ ဂရုတစိုက်​​နေမယ်​မှန်းသိ​ပေမဲ့ ကျ​နော်​ဂရုထပ်​စိုက်​​ပေးပါရ​​စေ....။
ကျ​နော်​က​တော့ ပုံမှန်​အတိုင်း​အေးစက်​​နေတဲ့ည​တွေကို အ​ဖော်​ပြုရင်း ခင်​ဗျားဆီပို့မဲ့ အလွမ်း​တွေကို ​ခေါင်းစည်းထိုးလိုက်​ပါတယ်​......

သို့....
သီးခြားကမ္ဘာက အချစ်​ကိုအယုံအကြည်​မရှိခဲ့ဖူး​သော
အမိုက်​မဲ​လေး parker ​ရေ

#အ​ရောင်​မဲ့

သူဖတ်​ဖို့..(dear Parker)Where stories live. Discover now