နှင်တံကလေးရဲ့ကျေးကျွန်

21 2 0
                                    


နှင်တံကလေးရဲ့ကျေးကျွန်

=== === ==== ====

တံပိုးတင်ခံရတဲ့ နှလုံးသားမှာ
နင်နဲ့ပတ်သက်ရင်
ငါ့ရဲ့ခွန်အားတွေ အလိုလို ဆုံးရှုံးသွားတက်တယ်…………!

အချစ်ကို မြေစာအဖြစ်နင်းခြေရင်း
နင်'အပျင်းပြေ ဆော့ကစားဖို့
ငါ့ရဲ့ကျောရိုးကို နှင်တံကလေးနဲ့ရိုက်လိုက်ပါသခင်။

ကိုယ့်နဖားကို ကိုယ်တိုင်ကြိုးထိုး
မရိုးသားတဲ့ နင့်ရက်စက်မူ့အောက်မှာ
ငါဟာ ကောက်ရိုးပုံကိုစောင့်တဲ့
သတ္တဝါဖြစ်ခဲ့။

နင့်ကို……ငါပဲချစ်မယ်
ပြီးတော့……
နင့်ကို ငါပဲမုန်းမယ်
ပေါင်းစပ်ခွင့်မရှိတဲ့ ဘဝနှစ်ခုမှာ
ငါဟာ နင့်ရဲ့ကျေးကျွန်သက်သက်ပါကွာ။ ။

မင်းသုဝေ(စိန်ပန်းမြေ)

စတုဂံလွင်ပြင်Where stories live. Discover now