အချစ်​ထက်​မက...........

2.1K 119 6
                                    

ည​နေဆည်းဆာကိုကြည့်​​နေ​သောသူနှစ်​ဦး.........

ပင်​လယ်​ကမ်းစပ်​က​နေမြင်​ရတဲ့ဆည်းဆာကို
ကြည့်​​နေခြင်းလားအ​ဝေးတ​နေရာကိုထွက်​​ပေါက်​ရှာ
ငေး​နေခြင်းများလား.........

" ငါလက်​ထပ်​ရ​တော့မယ်​ kyungsoo "

" ငါဝမ်းသာပါတယ်​ "

" မင်း ! ငါ့ကို​ပြောစရာမရှိဘူးလား "

ဘေးတိုက်​ယှဉ်​ရပ်​​နေရာမှထို​ကောင်​​လေး
လှည့်​လိုက်​တယ်​ ~

ကြေကွဲရိပ်​​တွေသန်း​နေတဲ့သူ့မျက်​ဝန်း​တွေက
တည်​ငြိမ်​လွန်း​နေတဲ့ပုပု​သေး​သေး​ကောင်​​လေးကို
ကြည့်​ရင်းအဓိပ္ပါယ်​တစ်​ခု​ဆောင်​​နေသလို ~

" kyungsoo ya ကျစ်​ ! မင်းကွာ "

ပုခုံးနှစ်​ဖက်​ကိုဆွဲကိုင်​လှုပ်​ရမ်းရင်း အားမလိုအားမရ
သူညည်းတွားသလို​ရေရွတ်​ပြန်​တယ်​ ~

" ငါတို့​တွေရူးခဲ့တယ်​ chanyeol မဟုတ်​ဘူး ရူးခဲ့ဖူး
တာ အခုချိန်​မှာအဲ့လိုလုပ်​လို့မရ​တော့ဘူး "

" ငါ ငါတို့ကရူးခဲ့တာ ဟုတ်​လား kyungsoo ဟမ်
ငါတို့အချစ်​ကအဲ့​လောက်​​တောင်​​ပေါ့ပျက်​ပျက်​ဆန်​ "

" စိတ်​ကုန်​​နေပြီ အဆုံးသတ်​လိုက်​ကြရ​အောင်​ "

နားထဲမှာချိုမြိန်​​နွေး​ထွေးခဲ့ဖူးတဲ့သူ့နှုတ်​ဖျားကထွက်​တဲ့
စကား​​တွေမှဟုတ်​ပါ​လေစ ​ပြောထွက်​​လေခြင်းကွယ်

" ဘာ ! မင်းဘာ​ပြောလိုက်​တယ်​ kyungsoo! "

" စိတ်​ကုန်​​နေပြီ လို့ "

" မယုံဘူး ငါမယုံဘူး do kyungsoo ဘဝမှာ park
chanyeol ကိုစိတ်​ကုန်​တယ်​ဆိုတာမဖြစ်​နိုင်​ "

" ​တော်​​တော့ Chanyeol ငါပင်​ပန်း​နေပြီ ငါမင်းကို
ဘယ်​လိုမှခံစားလို့မရ​တော့ဘူး "

သူ့ပုခုံးကိုတင်းကျပ်​စွာဆုပ်​ကို​င်​ထားမိတဲ့ကျ​နော့်​ရဲ့
လက်​​တွေကရုတ်​ချည်းအားယုတ်​သွားသလိုပဲ

" မဖြစ်​နိုင်​တာ မညာပါနဲ့ kyungsoo ရယ်​ ငါတို့ကတိ
တွေ​ပေးခဲ့ကြတယ်​ လက်​စွပ်​​လည်းဆင်​တူဝတ်​ခဲ့ပြီး
ဘုရား​ကျောင်းမှာဆု​တောင်းသစ္စာပြုခဲ့တယ်​​လေ "

Only CHANDI World Where stories live. Discover now