Temporary FRIEND !! ( Z+U )

497 49 9
                                    

#Zawgyi

" ငါတို့က ဘာလဲ "

ဘီယာသောက်နေရင်းက ထမေးတဲ့ ချန်းယောလ်ကြောင့် ဂယောင်ဆူး ကြောင်သွားတယ်

" ဘာကိုဘာလဲရမှာတုန်း ငါနဲ့မင်းက သူငယ်ချင်းတွေလေ "

" ချီးပဲ "

ချန်းယောလ်မျက်နှာ ရှုံ့တွပြီး ထဆဲတယ်

" အရိုင်းစိုင်းကောင် ငါ့ဘာကိစ္စထဆဲတာလဲ
သေချင်လို့လား "

ဂယောင်ဆူးပြောနေတုန်း ချန်းယောလ်က
စားပွဲခုံပေါ်ခေါင်းမှောက်သွားတယ်

" တကယ်ဘဲ.... မင်းက.... စိတ်ရှုပ်စေတယ် "

ခပ်တိုးတိုးဆိုသည့် စကားပေမယ့်လည်း
ဂယောင်ဆူးအကုန်ကြားလိုက်ရတယ်

ရီဝေဝေဖြစ်နေတဲ့ကြားကပြုံးမိသွားတာပေါ့

" အင်း မင်းကငါ့အတွက်လည်း စိတ်ရှုပ်စရာပဲ
ဒာကိုရော မင်းသိလား ချန်းယောလ် "

................  Temporary FRIEND .................

" ဟေ့ကောင် ချန်းယောလ် ထတော့ !! "

" ခနလေးကွာ ငါးမိနစ်ဘဲ ဂယောင်းဆူးရား "

ဂွမ်းစောင်ပုံကြားထဲ လုံးထွေးနေသော
လောရှည်ကောင်ကို ဂယောင်ဆူးစိတ်မရှည်ပါ

" ဒီနေ့ စာမေးပွဲ ဖြေရမှာနော် ငါအကုန်ပြင်ပြီးနေပြီ မင်းအခုမထရင် နောက်ဆုံးနှစ်ကျခဲ့မှာဘဲ "

ဝုန်းခနဲ မြည်သံနဲ့အတူ စောင်ကိုပတ်လျက်
ချန်းယောလ်ကုန်းထ လာတယ်

" မင်းက ဘာကိစ္စ စောင်ပတ်ထားတာတုန်း "

" ငါဘာမှမဝတ်ထာဘူး ဂယောင်ဆူး
မင်းရှိနေဦးမှာလား ငါတော့ချွတ်ပြီ "

တကယ်ကို သူ့ကိုယ်ပေါ်က
စောင်ဖယ်နေပာတဲ့ ချန်းယောလ်..

" ငါအခုထွက်မယ် ပရမ်းပတာကောင် "

တံခားကို ဒုန်းခနဲ အသံမြည်အောင်ပိတ်ချပြီး
ဂယောင်ဆူး အခန်းအပြင်ထွက်သွားတယ်

ဖြူ ဖြူ စင်စင် ကလေးရုပ်ကလေးနဲ့ သူ့ကိုကြည့်
ပြီး ပြောတဲ့စကားက ဒီကောင်ကတော့....

ဂယောင်ဆူးစိတ်ထဲကနေ ကျိန်ဆဲနေလိုက်တယ်

ဂယောင်ဆူး နားရွက်ဖျားတွေ ရဲတွတ်သွားတာမြင်လိုက်တဲ့ ချန်းယောလ်က အပြုံးကြီးတစ်ခုနဲ့ ရေချိုးခန်းထဲဝင်သွားတယ်

Only CHANDI World Where stories live. Discover now