ဆူး

1.6K 252 24
                                    

"​အောက်​ထိ လိုက်​မပို့နဲ့​တော့.....Hyunee..."

Sehunရဲ့ စကားကို ပြုံးပြီး ​ခေါင်းငြိမ့်​ပြ​နေတဲ့
ကောင်​​လေး......။

Sehunအခုတစ်​​လော ညကို အိမ်​ပြန်​မအိပ်​ပဲ အလုပ်​မှာပဲ အိပ်​တတ်​သည်​ဟု ​မေ​မေက ​ပြောသည်​ကို သိပ်​မသင်္ကာသည်​မို့ ဟို​ကောင်​​လေးရဲ့ တိုက်​ခန်းကို လိုက်​လာကြည့်​ခြင်းဖြစ်​သည်​။

နံရံအကွယ်​က​နေ ​လှေကားထိပ်​မှာ ရပ်​ကာ စကား​ပြော​နေကြသည့်​ သူတို့နှစ်​​ယောက်​ ကြည့်​​နေခဲ့မိသည်​။

"ဒီ​နေ့​ရော ဒီကို ပြန်​လာမှာလား...."

ကောင်​​လေးရဲ့အမေးစကားကို Sehunက ပြုံးပြီး

"ဒီ​နေ့​တော့ ပြန်​မလာ​တော့ဘူး..... ကိုကို
အိမ်မပြ​န်​တာ နှစ်​ရက်​ရှိပြီ..... ဒီ​နေ့ အိမ်​ပြန်​လိုက်​ဦးမယ်​.....​နော်​....."

"အင်း.... ချစ်​တယ်​....."

"ကိုကိုလည်း ချစ်​တယ်​....."

အနမ်းချိုချိုတို့ ခြွေနေကြသည့် ​သူတို့နှစ်​​ယောက်​၏ ပုံရိပ်​သည်​ ကျွန်​​တော့်​အတွက်​​တော့ အဆိပ်​တစ်​ခွက်​ပင်​......။

အဲ့ဒီအနမ်း​တွေကို ငါ ကိုယ်​တိုင်​ အဆိပ်​ခတ်​ပစ်​မယ်​ Sehun......။

"တာ့တာ...."

လှေကားက​နေ ဆင်းသွားသည့်​ Sehunကို တာ့တာပြ​နေ​သော ​ကောင်​​လေးကို ကြည့်​ရင်း ဆုပ်​ထားမိသည့်​ လက်​​ချောင်းတို့ကို ဖြည်​လိုက်​သည်​။ လက်​သည်းရာတို့ ထင်း​နေပြီး နာ​နေသည့်​ လက်​ဖ၀ါးကို လျစ်​လျူရှုလိုက်​ပြီး ​​နံရံအကွယ်​က​နေ ထွက်​ခဲ့လိုက်​သည်​။

"ဟက်​...... သိပ်​ချစ်​​နေကြတယ်​​ပေါ့....."

ကျွန်​​တော့်​စကားမှာ ​နောက်​ကို လှည့်​ကြည့်​လာသည့်​ Byun Baekhyun ဆို​သော ​ကောင်​လေး။

ကျွန်​​တော့်​ကို မြင်​​တော့ ​တော်​​တော်​​လေး အံ့ဩသွားသည်​။

"ဒီ....ဒီကို.... ဘယ်​လို....."

အံဩပြီး စကားပင်​ ထစ်​သွားသည့်​ သူ့ကို ကျွန်​​တော်​ မဲ့ပြုံး​လေးတစ်​ချက်​ပြုံးပြလိုက်​မိသည်​။

ရင်၌ဖြစ်သော ဆူးWhere stories live. Discover now