လေးလံထိုင်းမှိုင်းခြင်းရဲ့ကဗျာ

17 0 0
                                    

လေးလံထိုင်းမှိုင်းခြင်းရဲ့ကဗျာ
------------------------------------- [Minsetwai]

မီးခိုးကြွက်လျှောက် ပြဿနာတွေအူနေတယ်
စိတ်အတွေးတွေ ရုန်းရင်းဆန်ခတ်နဲ့
ပြဿနာတွေဖြစ်တယ်
ငါ့က လူယုတ်မာလို့
ငါ့ကိုယ်ငါ သိလာခဲ့ပြီးနောက်/ သူတို့က
ပြောခဲ့ပြီးနောက်
ငါ့ ငရဲရောက်သွားတယ်။

ငါ့နှလုံးသားတွေ
အရှင်လတ်လတ် ထုတ်ချင်းဖောက်
သွေးသံတရဲရဲနဲ့ မီးတကျီကျီပါဆိုလည်း
အချစ်အတွက်ပေးဆပ်ရတဲ့ ဒီဒုက္ခငရဲမှာ
သံမှိုတွေစားရတောင်
ငါ နေပျော်လိုက်တယ် ချစ်သူ
ယုတ္တိမရှိတဲ့အချစ်မှာ
တရားလွန်ယုတ္တိတွေနဲ့ ငါအမြင်မှောက်
ငါ့အရောက်လှမ်းခဲ့ချင်နေတာတောင်
တောင်၊ မြောက် အရပ်လေးပါးမှာ
ကြိုဆိုမယ့်သူတော့ မရှိပါ။

လူမဆန်သူတစ်ယောက်
မျှော်လင့်ခြင်း ကိုးယိုးကားယားနဲ့
မပြောပြရဲတဲ့ ဝေဒနာတွေ ထမ်းပိုး
အသဲတို့ကို ခြ ကိုက်စားနေသလိုမျိုး
လူတစ်ယောက်ကို သွေးမထွက်ဘဲ
အသံတိတ် သတ်လိုက်သလိုမျိုး
ညတွေကို ကျီးလန့်စာ စားသလို လွမ်း
ပျော်စရာကျောရိုးဆစ်တွေ
တစ်စစီကိုပြုတ်ထွက်
အနာဂတ်တွေ
ပျင်းကြောဆန့်သွားတဲ့အတွက်
ငါ့ငရဲခန်းထဲမှာ မင်းကိုချစ်ကြောင်း
စကားလေးတစ်ခွန်းပဲ
ပဲ့တင်ထပ်နေလိုက်တော့တယ်
ရင်ဘတ်ထဲကတော့ အောင့်တာပေါ့ကွယ်။

Jan15.17
Minsetwai

------------------------------------- [Minsetwai]

ပြဿနာတွေဖြစ်တယ်

ငါ့က လူယုတ်မာလို့
ငါ့ကိုယ်ငါ
သိလာခဲ့ပြီးနောက်/ သူက ပြောခဲ့ပြီးနောက်
ငါ့ ငရဲရောက်သွားတယ်။

ငါ့နှလုံးသားတွေ
သံမှိုတွေစားရတောင်
တရားလွန်ယုတ္တိတွေ ငါအမြင်မှောက်
ငါ့အရောက်လှမ်းခဲ့ချင်လို့
နင်များတံခါးဖွင့်မလား။

ငါ့နှလုံးသားတွေ အရှင်လတ်လတ် ထုတ်ချင်းဖောက်သွေးသံတရဲရဲနဲ့ မီးတကျီကျီပါဆိုလည်းအချစ်အတွက်ပေးဆပ်ရတဲ့ ဒီဒုက္ခငရဲမှာသံမှိုတွေစားရတောင် ငါ နေပျော်လိုက်တယ် ချစ်သူယုတ္တိမရှိတဲ့အချစ်မှာ တရားလွန်ယုတ္တိတွေ ငါအမြင်မှောက်ငါ့အရောက်လှမ်းခဲ့ချင်လို့ နင်များတံခါးဖွင့်မ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


လူမဆန်သူတစ်ယောက်


အနာဂတ်တွေ ပျင်းကြောဆန့်သွားတဲ့အခါ
စကားလေးတစ်ခွန်းပဲ ပဲ့တင်ထပ်နေလိုက်တာ
ရင်ဘတ်တွေ စူးတယ်အချစ်ရယ်။

Jan15.17
Minsetwai

စတုဂံလွင်ပြင်Where stories live. Discover now