you,me and he...part..23

1.1K 96 31
                                    

"မမ သားကို တံခါးဖွင့်​​ပေးပါ "

အခန်းထဲ​က စစ်​ရဲ့ အသံကို ခြူး လျစ်​လျူရှု ထားလိုက်​သည်​။
အခန်း​ရှေ့မှာ ဇွဲ​ကောင်း​ကောင်းနဲ့ ခြူး ထိုင်​​စောင့်​​နေသည်​။

"မမခြူး..."
"​နေရိပ်​ ​မောင်​​လေး ပြန်​လာပြီလား..."
"ဟုတ်​ကဲ့မမ...မမ သွားအိပ်​​တော့​လေ၊ ကျွန်​​တော်​ စစ်​ကို
ကြည့်​​ပေးထားပါ့မယ်​..."
"​မောင်​​လေး ​နေရိပ်​ စစ်​ကို အပြင်​​ပေးထွက်​လို့
မဖြစ်​ဘူး​နော်​။ စစ်​က ​တောင်းပန်​ပြီ ​ပြောလာရင်​လည်း ​မောင်​​လေး ခွင့်​ပြုလို့ မရဘူး​နော်​..."
"ကျွန်​​တော်​ ချစ်​ရတဲ့ သူ့ကို အခြားသူ လက်​ထဲ ​ထည့်​​ပေးဖို့
 ကျွန်​​တော်​ အသည်းက မမာဘူး မမ..."
"မမ​ ​နေရိပ်​ကို ယုံပါတယ်​၊ ဒါ​ပေမဲ့...စစ်​က..."
"ကျွန်​​တော့်​ တာဝန်​ထားပါ မမ၊ မမ သွားအိပ်​​တော့​နော်​...
ကျွန်​​တော်​လည်း အခန်းထဲ ဝင်​​တော့မယ်​..."
"ဟုတ်​ပြီ ​မောင်​​လေး မမ စိတ်​ချမယ်​​နော်​..."

ခေါင်းပဲ ညိမ့်​ပြပြီ မမခြူး အခန်းထဲ ဝင်​သွားတဲ့အထိ ​နေရိပ်
ရပ်​ကြည့်​​နေမိသည်​။ ခွင့်​လွှတ်​ပါ​မမ၊ စစ်​ဆီက အမုန်း​တွေကို
ပြေ​ပျောက်​ဖို့ ဒီတစ်​နည်းပဲ ရှိလို့ပါ။

ချ​လောက်​...

တံခါးဖွင့်​သံ​ကြောင့်​ စစ်​ အားရဝမ်းသာ လှည့်​ကြည့်​မိသည်​။
ကြည့်​မိသည့်​ မျက်​လုံးကို ​ဖောက်​ထုတ်​ပစ်​ချင်​သည်​။ 
မျှော်​လင့်​မိတဲ့ စိတ်​ကို ရိုက်​ချိုး ချင်​သည်​။
အခန်းထဲ ဝင်​လာသူက စစ်​သိပ်​မုန်းတဲ့ ​နေရိပ်​။

စစ်​သူ့ကို လှည့်​ကြည့်​ပြီ ဖြစ်​သွားတဲ့ မျက်​လုံး မျက်​နှာက
နေရိပ်​ရဲ့ ရင်​ကို ဓားထက်​ထက်​နဲ့ အစိမ်းလိုက်​ထိုးလိုက်​သလို
ရင်ထဲမှာ စူးနင့်​​နေ​အောင်​ ခံစားလိုက်​ရသည်​။
ဒီ​လောက်​​တောင်​ မုန်း​နေခဲ့တာလား စစ်​ရယ်​။
မုန်းနိုင်ပါတယ် ​​​​ကိုယ်​ကလည်း လွန်​ခဲ့တာကို။

you,me and he(နင်​ရယ်​ငါရယ်​သူရယ်​)Where stories live. Discover now