Kying Soo POV,
"၆၀ ၅၉ ၅၈....၁"
နာရီအား ကြည့်ပြီး ရေတွက်နေကြအတိုင်း အချိန်တွေကို ကျွန်တော်အကြိမ်ကြိမ်အခါခါ ရေတွက် ပြီးသော်လည်း ကျွန်တာ့လက်ထဲရှိ ဖုန်းလေးမှာ ပကတိ ငြိမ်သက်ဆဲပင်။လွန်ခဲ့သေတစ်လခန့်အထိကျွန်တော့အတွက်အချိန်မှန်စွာ အလုပ်လုပ်ပေးခဲ့သည့် ဖုန်းလေးမှာ ယခုအချိန်တွင် ငြိမ်ချက်သားကောင်းလွန်းလှသည်ဟု ကျွန်တော်ထင်နေမိသည်။
"သူမအားလို့ နေမှာပါ"ဟူသည့် အတွေကို လက်ဝယ်ပိုက်ပြီး ဖုန်း Ringtonge အသံကိုသာ ကျွန်တော် နားစွင့်နေမိသည်။
အချိန် နာရီတွေသာ တစ်နာရီ ပြီး တစ်နာရီ ကုန်ဆုံးသွားခဲ့သည်။ကျွန်တော် စိုက်ကြည့်နေမိသည့် ဖုန်းscreenမှာတော့မည်သည်မျှ ထူးခြားခြင်းရှိမလာခဲ့။
အမှောင်ထုကြီး ကုန်လွန်လို့ မိုးသောက်သည်အထိ ကျွန်တာ် မျှော်နေမိသည့် ဖုန်းလေး မလာသည်မှာ လွန်ခဲ့သော တစ်ပတ်ခန့်မှ အစပြုခဲ့ခြင်းပင်။
"နောက်နေ့တွေမယ်" ဟု ပြုံးပြုံးကြီး ပြောခဲ့ တဲ့ သူ့အပြုံးချိုချိုကို ကျွန်တော် လွမ်းလှပြီ။သူ့ရဲ့ ချစ်တယ်ဆိုသည့်စကားများအားကျွန်တော် လွမ်းလှပြီ။သူပြောနေကြ Good Night ဟူသည့် နှုတ်ဆက်စကားအား မကြားရ၍ အိမ်မပျော်သည့် ညများ များလာသည်နှင့်အမျှ မျက်ဝန်းတစ်ဝိုက်မျက်ကွင်းညိုညိုကြီးကြီးစိုးထားသည်မှာ ပန်ဒါနှင့်ပင် အမျိုးတော်နေသလိုပင်။
"လွမ်းတယ် Jong In ရယ်"
ဖျော့တော့စွာပြောအပြီး စားပွဲ ပေါ်မှ အိပ်ဆေးအား တစ်လုံးယူသောက်လိုက်သည်။တစ်ခဏလောက် သူအကြောင်းမေ့
ပြီး အိပ်သင့်သည်။ မနက် ကျွန်တော်လည်း ကျောင်းသွားရဦးမည်မလေ။🚥🚥🚥🚥
"Kyung Soo Jong In ပြန်ရောက်နေပြီတဲ့"
ဟင် ကျောင်းရောက်ရောက်ချင်း ကြားလိုက်ရသည့် သတင်းကြောင့် ပျော်မိသွားပြီး တစ်ခဏ ဆို တစ်ကယ် တစ်ခဏပင်။ နောက်ဆက်တွဲ " ငါတောင် မသိလိုက်ရပါလား " လို့တွေးမိတိုင်း ဝမ်းနည်းစိတ်က ကပ်ပါလာခဲ့သည်။