...... / BODY /......

329 49 8
                                    

ငါမင်းကို ချစ်တယ်ဆိုတာ သတိရပေးပါ။
ငါတို့ကို နီးစပ်စေတာလဲ ကံတရားပဲ။
ငါတို့ကို ဝေးကွာစေတာလဲ ကံတရားပဲ။
အာ့ကြောင့် သတိလေးသာရပေးပါ။
ငါမင်းကို အရမ်းချစ်တယ်ဆိုတာ။

မင်းက ငါမပိုင်ဆိုင်နိုင်တဲ့ လူတစ်ယောက်ပါ။
ငါမေ့ပစ်သင့်တဲ့ လူတစ်ယောက်ပါ။
ငါတို့အချစ်က ဝေးကွာလွန်းတယ်။
ငါမင်းကို စွန့်လွှတ်ရမယ်။

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

အိမ်ပြန်တဲ့ လမ်းတလျှောက် မွန်းကြပ်လွန်းလှပါသည်။
ရိုက်ချိုးခံလိုက်ရသည့် မျှော်လင့်ချက်တွေ
အဖတ်ဆယ်လို့မရတော့တဲ့ အိမ်မက်တွေ
နာကျင်ခြင်းနဲ့ကုန်ဆုံးခဲ့၃နှစ်ဆိုတဲ့ အချိန်တွေ။

ကျနော် ဘယ်လိုလုပ်သင့်လဲ။
ကျနော် ဘာဆက်လုပ်သင့်လဲ။
ကျနော် အရာအားလုံးကို အဆုံးသတ်ချင်ပီ။
ကတိတွေ မရှိတော့တဲ့ကတိတွေ ....
အဆုံးသတ်ကြရအောင်။

ဟုတ်သည်လေ ..... 
ကိုယ့်ကို မချစ်သူအား ထပ်ပီး
မျှော်လင့်နေစရာမရှိတော့။
ဆက်ပီး အချစ်တွေကို ပေးဆပ်ဖို့
မဖြစ်နိုင်တော့ပါ။

နာကျင်လှပါပီ။
ရင်တွေ နာကျင်ရပါသည်။
ထိုဆုံးဖြတ်ချက်ကို ပုံမှန်ထက်နာကျင်နေတဲ့
နှလုံးသားအား လျစ်လျူရှု၍
ကျနော် ဆုံးဖြတ်လိုက်သည်။

"Omma သားမင်ဆော့တို့ အိမ်ဘက်ခန
သွားလိုက်ဦးမယ်"

"သားရယ် နားပါဦးလား၊ခနကမှပြန်လာတာကို"

"မဟုတ်ဖူး ommaသားခနက မတွေ့ခဲ့ရဘူး၊
သားရောက်သွားတော့ ဧည့်သည်ရှိနေလို့ ပြန်လာခဲ့တာ။
ရေမိုးချိုး ခနနားပီးမှပြန်သွားမယ်ဆိုပီး"

"အော် ဖစ်ရမယ် ၊ အာ့ကြောင့် ပြန်လာတာ
မြန်တယ် ထင်နေတာ၊ ကဲသွား သွား။
ပြန်လာရင် တို့မိသားစု ထမင်းလက်ဆုံ
စားကြမယ်သားရေ"

"ဟုတ် Ommaသားမြန်မြန်ပြန်လာခဲ့ပါ့မယ်"

"အေးပါသားရေ ၊ နောက်ပီးတော့ သား ဆယ်ဟွန်း
မင်ဆော့လေးနဲ့ ပြသနာကို သေချာဖြေရှင်းခဲ့ပါ
သားရယ် "

You Are My Mind Body And Soul MateWo Geschichten leben. Entdecke jetzt