မောင့်တစ်ပွင့်ပန်း

1K 100 10
                                    

           ~အပိုင်း-18~

xing:;Wuyifan!

kris:;ဗျာ သူဌေး

ကျွန်မခေါ်လိုက်တာမို့ စာရင်းတွေရေးနေရင်း မော့ကြည့်လိုက်တဲ့ မောင့်မျက်နှာလေးကြောင့် ဆက်ပြောမယ့်စကားကို ခဏတာမေ့လျော့စေသည်။

အမြဲတမ်း လှန်ပြီးဖီးသင်ထားတဲ့ ဆံပင်တွေက အနည်းငယ်တိုသွားသလို တိုစိတ်စိတ်ဆံပင်တွေကို ထောင်ထားတာမို့ ပိုနုနေသလိုပဲ.

မညာတမ်းဝန်ခံရရင် ဒီဆံပင်လေးနဲ့ မောင်ပိုချောတယ်.

kris:;ခိုင်းစရာရှိလို့လား

xing:;omm မနေ့ကပေးထားတဲ့ စာရင်းတွေအကုန်ပြီးပြီလား

kris:;ပြီးပြီသူဌေး

xing:;အဲ့ဒါတွေပြင်ဆင်ထားလိုက် ဂျယ်ဂျူ.ဒိုက စက်ရုံသွားစရာရှိတယ်

kris:;Nae!

xing:;မြန်မြန်လေးနော်

kris:;Nae

မှာစရာရှိတာမှာပြီး ရုံးခန်းထဲပြန်ဝင်ကာ လိုအပ်တဲ့fileတွေယူကာ အပြင်ထွက်ခဲ့တော့ မောင်ကအလိုက်တသိပင် လက်ထဲကပစ္စည်းတွေကို လွှဲပြောင်းယူသည်။

xing:;ကားကအဆင်ရောပြေပါ့မလား

kris:;ဘာဖြစ်လို့လဲ

xing::မနက်က လာတုန်းက နည်းနည်းပျက်ချင်နေပြီလားလို့

kris:;ရပါတယ် ထိန်းမောင်းလိုက်မယ်

xing:;ရှင်အဆင်ပြေတယ်ဆိုလည်းပြီးတာပဲ

ဂျယ်ဂျူ.ဒိုသွားတဲ့လမ်းတစ်လျှောက် ဘာစကားမှမဆိုကြပေမဲ့ တစ်ချက်တစ်ချက် Backမှန်ထဲမှာ အကြည့်ချင်းတော့ ဆုံမိကြသည်လေ.

စက်ရုံရောက်တဲ့အထိ ကားကဘာမှမဖြစ်.

မောင်ပဲကားမောင်းကျွမ်းကျင်လေလို့လား.

စက်ရုံစရင်းဇယား စာချူ.ပ်ကိစ္စတွေပြီး ဂျယ်ဂျူ ဒိုက ပြန်ထွက်လာတော့ အနည်းငယ်တော့ မှောင်စပြုလို့နေပြီ.

kris:;ပင်ပန်းနေရင် ခဏမှေးလိုက်လေ ရောက်ရင်ကျွန်တော်နိုးပါ့မယ်

xing:;omm

ကားမှန်အား ခေါင်းလေးမှီကာ မျက်ဝန်းလေးတွေ ပိတ်လိုက်ပေမဲ့ အိပ်လို့တော့မပျော်.

မောင့်တစ်ပွင့်ပန်းWhere stories live. Discover now