မန္တလေးကညတစ်ည

22 1 0
                                    

မန္တလေးကညတစ်ည
------------------------- [Minsetwai]

ညက ကိုယ့်ကို အသက်ရှူကျပ်စေခဲ့ပြီလေ
နေရာတိုင်းမှာ အရိပ်တွေ
ထိုးထိုးထောင်ထောင်နဲ့
နား အနားမှာ လာစကားများနေတဲ့
ခြင်တစ်ကောင်ကိုပဲ
မဆီမဆိုင် သေအောင်မုန်းပစ်လိုက်မိတယ်။

ကိုယ့်ရင်ဘတ်ကို တစ္ဆေတွေခြောက်နေတယ်
မဖုံးကွယ်တတ်တဲ့ ကိုယ့်အတွက်
ငှက်တွေ ထ ၊ ထ ပျံသွားပုံရတယ်။
မီးပျက်နေတဲ့ အကြောင်းရင်းထဲမှာ
သူမရဲ့ စကားသံတွေက ရင်ကို ခတ်နေပြန်တဲ့အခါ

ငုတ်တုတ်ထိုင်လိုက်၊မတ်တပ်ရပ်လိုက်
ဗျာများ...
သောက်ထားတဲ့ ကော်ဖီတွေက
မျတ်ခွံကို အသကုန်ဆွဲဆန့်နေပြန်တော့
ညရဲ့ငရဲထဲမှာ၊ဗုံးတီးသံတွေ ကိုယ်ကြားတယ်..။
သူတို့ရဲ့ပေးဆပ်မှုတွေက.
ကိုယ့်ကိုသတ်နေတာများလားလို့
နံရံကို လှမ်းအော်မေးကြည့်မိ
ဟိုတစ်ယောက်က
ကိုယ့်ကိစ္စဟာ အရမ်းရှုပ်သတဲ့

ပင့်ကူရေ..ငါ့ဦးနှောက်ကိုစားလိုက်ပါတော့
မျက်ရည်ဝဲတဲ့ တိုင်တည်တေးတွေကို
အိမ်မြှောင်တစ်ကောင်က
ခပ်တည်တည်နဲ့ လာဟပ်သွား
ဒီမှာ! ရယ်သံတွေ မရှိတော့ပါဘူး
အိပ်မရခြင်းဟာ မျက်လုံးကြောင်နေတာထက်
နှလုံးသားကြောင်နေတာက
ရာခိုင်နှုန်း ကိုးဆယ်
ဟောဒီ ငရဲထဲမှာ
သံယောဇဉ်တွေကို ထိုးထည့်တယ်
အမိန့်ပေးသံ ခပ်ပါးပါးလေးပါပဲ
ကိုယ်ရေစုန်မျောပြီး
ကမ်းပေါ်တက်လိုက်တယ်
ခယောင်းတွေ.....

ကိုယ် ထပ်နားစွင့်တယ်
ဗုံတီးသံလာတဲ့အရပ်မှာ သံသယတွေ
နယ်မြေက ဖြူစင်ရိုးသားမှု ရှာမရလို့
မောင်းထုတ်လိုက်ရတာပါတဲ့
အဲဒါပေါ့.. ကိုယ့်..ငရဲခန်းကို
စိမ်ပြေနပြေ လွမ်းနေတာ
မှန်းစမ်း..ဒီဒဏ်ရာက
မိုက်တွင်းနက်နေတာများလားလို့
ဟုတ်ကဲ့
ညတွေ ခေါင်းညိတ်ပြတယ်။

March28.2017
Minsetwai

စတုဂံလွင်ပြင်Where stories live. Discover now