အပိုင်း ၆
53K 2K 69
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
မနက်​ မိုးလင်းတာ နဲ့ မာခု အိပ်​ယာက​နေ ထလိုက်​တယ်
သူ့ကို ဖက်​ထားတဲ့ ဂျူးစန်း လက်​ကို ဖယ်​လိုက်​​တော့......
ဂျူးစန်း လည်းနိုးလာခဲ့တယ်
ဂျူးစန်း မျက်​လုံး​လေးဖွင့်​ကြည့်​လိုက်​​တော့ ....
တစ်​ကိုယ်​လုံး သူ့ရဲ့ love bite ​တွေနဲ့ ပြည့်​နှက်​​နေတဲ့
မာခု ကိုယ်​လုံး​လေးကိုမြင်​​တော့ ....
ဂျူးစန် နှုတ်​ခမ်းကိုေ​ကွး​ကွေး​လေး ပြုံးလိုက်​ပီး ....
"မာခု ........ ဒီကိုလာပါဦး .... hummm "
ဂျူးစန်း.အိပ်​ချင်​မူးတုးအသံ​လေးနဲ့ .. မာခုကိုယ်​​လေးကို
ရင်​ခွင်​ထဲ ဆွဲသွင်းလိုက်​သည်​ ....
မာခု ကိုယ်​လုံး​လေးက ဂျုးစန်း ရင်​ခွင်​ထဲမှာ ​.....
ကြောင်​​လေးတစ်​​ကောင်​လို ငြိမ်​ကုတ်​​နေမိတယ်
ဂျူးစန်း မာခုရဲ့ ကိုယ်​သင်း ရနံ​လေး​တွေကို
တဝကြီး ရူ ရိုက်​​နေ​လေရဲ့
မာခု တစ်​ကိုယ်​လုံး ညက ဂျူးစန်း ​........
ကောင်း​ကောင်းကြီး နှိပ်​စက်​ထားးတာ​ကြောင့်​ ....
အခုထိ မာခု အိပ်​​ရေး မဝ​သေးပုံရတယ်​ ...
"အရှင်​မင်းကြီး.... ကျ​နော့်​ အ​ဖေကို ကတိ အတိုင်း လွှတ်​​ပေးပါ "
မာခုစကား​ကြောင့်​ ဂျူးစန်း အနည်းငယ်​ မျက်​​မှောင်​ကြုတ်​ ထားသည်
နောက်​မှ "အင်း .... ပြန်​လွှတ်​​ပေးမယ်​ ..... ဒါ​ပေမဲ့..... "
ဂျူးစန်း ရဲ့စကား​တွေကြား မာခု မျက်​လုံး ​လေးပြူးရင်း ဂျူးစန်းနှုတ်​ခမ်းဖျားက ထွက်​ကျလာမဲ့ စကား​တွေကို​စောင့်​ဆိုင်း​နေ​လေရဲ့
"ဒါ​ပေမဲ့ ....... မင်း ငါ့ အနားမှာပဲ ​နေရမယ်​ ... ဒီ​နေ့ကစပြီး မာခု မင်း က စစ်​သူကြီးရဲ့ သား မဟုတ်​​တော့ဘူး ငါ့ရဲ့ ကိုယ်​လုပ်​​တော်​ တစ်​​ယောက်​ပဲ "
"ဟင်​ !! .... ကျ​နော်​က ဘာလို့ အရှင်​မင်းကြီး ရဲ့ကိုယ်​လုပ်​​တော်​ဖြစ်​ရမှာလဲ
ဲ ကျ​နော်​အိမ်​ပြန်​ချင်​တယ်​ .... "
"ငါ မင်း အ​ဖေကို လွှတ်​​ပေးပီးပီ​လေ ... မင်းပဲ မင်းအ​ဖေကို လွှတ်​​ပေးရင်​ ငါကြိုက်​တာ လုပ်​လို့ရတယ်​ဆို "
"အရှင်​မင်းကြီး .... မဟုတ်​ဘူး ... ah.....!!!!!"
မာခု နာလွန်းလို့ ​​အော်​​နေ​ပေမဲ့ ဂျူးစန်း ဂရူမစိုက်​ပဲ
ထပ်​မံ တင်းကျပ်​စွာ ဆုပ်​ကိုင်​လိုက်​ပြန်​တယ်
ဂျူးစန်းရဲ့ မျက်​လုံး​တွေကလည်း ​ဒေါသ​ကြောင့်​နီရဲ ​နေတယ်
"ဒီ​နေ့က စပြီး မင်းက ငါအ​စေခံ တစ်​​ယောက်​ပဲ 
မင်း နန်း​တော်​ မှာပဲ​နေ ရမယ်​ အိမ်​ကိုပြန်​ခွင့်​ မရှိဘူး ... 💢💢💢 " ဆိုပီး
မာခုကို ​ဆောင့်​တွန်းလိုက်​သည်
မာခု နံရံကို ​နဖူးနဲ့ ​ဆောင့်​မိသွားတယ်
အဲ့တာ​ကြောင့်​ မာခု နဖူးမှာ​သွေး​တွေထွက်​ကျလာတယ်
ဒါကို ဂျူးစန်း မြင်​​ပေမဲ့ မသိသလို ခပ်​​အေး​အေးပဲ
အဝတ်​သပတ်​ကို ​ကောက်​ဝတ်​လိုက်​ပီး ​​ရေချိုးခန်းထဲကို ဝင်​သွားတယ်
မာခုက ​တော့ သူ့နဖူး​လေးကို ကိုင်​ပီး ထွက်​ကျလာတဲ့ 
သွေး​တွေကို သာ ​ငေးကြည့်​​နေမိတယ်
မာခုလို့ စစ်​သူကြီးသားက ငယ်​ငယ်​ကတည်း
အိမ်​မှာ ​ရွှေ​ပေါ်ါမြတင်​လို ​နေလာတာ တစ်​ခါမှ ဒီလိုမျိုး ဒဏ်​ရာ ဒဏ်​ချက်​ မရဖူးဘူး
ဂျူးစန်း ​ရေချိုးခန်းထဲက ထွက်​လာတဲ့အချိန်​အထိ ...
မာခု ခုနက​နေရာ​လေးမှာပဲ ​ကြောင်​​တောင်​​တောင်​ ​လေး ထိုင်​​နေမိတယ်
ဂျူးစန်းကိုလည်း သူအရမ်း​ကြောက်​​နေတယ်​ ..
စကား​တောင်​မ​ပြောရဲဘူး
ဂျူးစန်း က အဝတ်​အစား​တွေ ဝတ်​ပီး အပြင်​ထွက်​ဖို့အပြင်​မှာ မာခုကို တစ်​ချက်​လှည့်​ကြည့်​ပီး " ​ရေချိုးခန်းထဲမှာ ပုံထားတဲ့ ငါ့အဝတ်​​တွေရှိတယ်​ ..မင်း ... အကုန်​​လျှော်​လိုက်​ .." ဆိုပီး ထွက်​သွားတယ်
💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦
စိတ်​မ​ကောင်းဘူး 😢😢😢😢😢😢😢
မာခု​လေး သနားပါတယ်​​နော်
အရှင်သခင်ရဲ့အမိန့်တော်အတိုင်း(Completed)Where stories live. Discover now