လွမ်းစိမ့်စိမ့်

32 3 0
                                    

လွမ်းစိမ့်စိမ့်
---------------- [ မင်းသုဝေ-စိန်ပန်းမြေ ]

သူရိယဆိုတဲ့ကောင် အနောက်ဘက်ကမ္ဘာမြေမှာ ခြေချတော့
ပုဇွန်ဆီရောင် ညနေခင်းလေးဟာ
ကြယ်တွေ တဖျောက်ဖျောက်နဲ့ပွင့်တယ်။

လေပြေလေညင်းလေးတွေ
ရင်ခွင်တစ်ခင်းလုံးမှာ ခုန်ပေါက်ပျော်မြူးလို့
အလွမ်းအဆွေးမကင်းတဲ့ ငါဟာအရူးဖြစ်ခဲ့။

နှလုံးခုန်နှုန်းတွေ မူမမှန်တာကြာပြီလေ
ရာသီဟာ တဖြည်းဖြည်းအိုမင်းလာခဲ့
အတိတ်က လျှောက်ခဲ့ဖူးတဲ့လမ်းတွေမှာ
နင့်မျက်ရည်နဲ့ပျိုးခဲ့တဲ့ သံသယပန်းတွေ
ဝေဝေဆာဆာ ဖူးပွင့်နေပြီ ချစ်သူ။

ငါ တရှိုက်လောက်……
တရှိုက်လေးလောက် နင့်နှုတ်ခမ်းကွေးကွေးကို နမ်းချင်သေးတယ်
စကားမပြောတက်တဲ့ အတွေးတွေနဲ့
ငါ့မျက်ဝန်းတွေဟာ ငေးချင်ရာငေး
နင်နံဘေးနား နေခွင့်မရတဲ့အချိန်တွေမှာ
အလွမ်းတွေ အထွေးလိုက် အထွေးလိုက်ကြွေတယ်။

မင်းသုဝေ-စိန်ပန်းမြေ

စတုဂံလွင်ပြင်Where stories live. Discover now