''အမေ သားဆံပင်အဆင်ပြေလား''
Johnnyကသူ့အမေကိုမေးတယ်။''အဆင်ပြေတယ် သားလေး
သားလုပ်နိုင်မှာပါ အမေသားကိုယုံတယ်''''သားကောင်းကောင်းမလုပ်နိုင်ရင်ရော?
သားရဲ့အရည်အချင်းကိုသူ့ကိုမပြနိုင်ရင်ရော?''''စိုးရိမ်မနေပါနဲ့သားရယ် အားလုံးအဆင်ပြေမှာပါ အခုသွားတော့
နောက်ကျနေရင်သူက သားအပေါ်အမြင်မကောင်းပဲနေလိမ့်မယ် သွား သွား'' အမေကသူ့ကိုတွန်းလွှတ်တယ်။''သွားပြီ အမေ, နောက်မှတွေ့မယ်''
..............................
အစည်းအဝေးပြီးရုံပဲရှိသေးတယ် ကျွန်တော့်အတွင်းရေးမှူးဝင်လာတယ်,
''ဆရာ အလုပ်လျှောက်တဲ့သူတွေ ရောက်နေပါပြီ..သူတို့ရဲ့အချက်အလက်တွေကို အင်တာဗျူးဖို့အတွက် ပြန်ကောက်ထားပါတယ်''
''Ok, ကျေးဇူးပဲ Lily, ဒါပေမယ့် ၁၀ယောက်ပဲလက်ခံထားပေးလို့
ရမလား? အမေက
လာလည်မယ်ပြောထားလို့ အိမ်ကိုစောစောပြန်ရမှာမို့လို့''''ရတာပေါ့ ဆရာ, ဆရာကဒီမှာ
သူဌေးလေ'' သူမကပြုံးပြတယ်။ကျွန်တော်တို့အစည်းအဝေးခန်း
ထဲကထွက်လာတဲ့အချိန် ကျွန်တော်ရင်နှီးနေတဲ့မျက်နှာတစ်ခုကို
တွေ့လိုက်ရတယ်။ ကျွန်တော့်ရဲ့
ဝန်ထမ်းတွေကသူ့ကိုဝိုင်းအုံပြီး
စကားပြောနေကြတယ်။ Wow!
သူတို့ကအရင်ဗျူးနေကြတာပဲ။
အဲ့ဒါJohnnyပါ။ သူတို့မေးတာတွေကို
သူကယဉ်ယဉ်ကျေးကျေးနဲ့ပြုံးပြီး
ဖြေနေတာတွေ့ရတယ်။''Lilyရေ အချက်အလက်တွေပေးပါ''
ကျွန်တော်အော်ပြောလိုက်တာကြောင့် Johnnyကျွန်တော့်ဖက်လှည့်လာပြီး
ပြုံးပြလာတယ်။ အဲ့ဒီအပြုံးလေး.......Lilyကကျွန်တော့်ကို အချက်အလက်တွေ
ကမ်းပေးတယ်။ ရုံးခန်းထဲ
ဝင်သွားလိုက်ပြီး အလုပ်လျှောက်သူ
တစ်ယောက်ချင်းစီကို စခေါ်လိုက်တယ်။
YOU ARE READING
Fire, Ice and Everything Nice(မြန်မာဘာသာပြန်)
FanfictionCredit to SweetestSin1314 ၂၁အရွယ် မီလျှံနာလေး Timmy ရယ်... အလုပ်၃ခုလုပ်ပြီး ဘ၀ကိုကြိုးစားနေနေရတဲ့ Johnny ရယ်.... ဘာသာပြန်အရည်အချင်းကြောင့် ဖတ်ရတာအဆင်မပြေတာများရှိလာခဲ့ရင် ကြိုပြီးအားနာပါတယ်ရှင် May(Shangyin)