EP-17

17.2K 987 38
                                    

#Unicode
မိမိပေးထားသော Mickey Mouseအရုပ်ကြီးအား ဖက်ကာ အပျော်ကြီး ပျော်နေသော Gayစုတ်လေးကို တိမ်ရောင် ဘယ်လိုမှ ကြည့်လို့မဝ ချစ်လို့မဝနိုင်ပါ..

ခုနက ဖြစ်ပျက်ခဲ့သောကိစ္စတွေဆိုတာကလဲ
ထိုကောင်လေးကို အရမ်းချစ်တော့ ပိုင်ဆိုင်ချင်မိတာလဲပါပါသည်

ထိုကောင်လေး စိတ်ထဲ ကျွန်တော့်ကို ဘယ်လိုထင်သွားမလဲ? ကျွန်တော် လုပ်ချင်ရာလုပ်ပြီးမှ စိတ်တွေပူလာသည် ။ စိုးရိမ်လာသည် ။

"ကလေး ခုနက ကိစ္စကလေ..."

ကျွန်တော့်နှုတ်ခမ်းအား သူ့လက်ချောင်းသေးသေးလေးနဲ့ ဖိကပ်လိုက်သော ကျွန်တော့်ရဲ့ Gayစုတ်လေး...

"မပြောပါနဲ့တော့ လဒကြီး။
ကျွန်တော်ရှက်လာပြီ ။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာပါ။
ကျွန်တော်ကိုယ်တိုင်ကိုက
ကြည်ဖြူစွာ လက်ခံခဲ့တာပါ "

"ချစ်တယ်...ကလေးရယ်။
ကလေးနဲ့ကိုကို ဘယ်တော့မှ မခွဲကြေးနော်"

"ခင်ဗျားသာ ထားမသွားခဲ့ရင်ပေါ့.."

သုတရဲ့ ပထမဆုံးအကြိမ်မို့ တော်တော်ခံရခက်ပါသည်။ လမ်းလျှောက်ရတာလဲ အဆင်မပြေ ..

သုတ အိမ်ပြန်ရောက်လို့ နားမယ် ကြံကာရှိသေး
ကဗျာမဆီက Messageဝင်လာသည်။

အသဲသုတလေး အိမ်ကိုလာခဲ့ပါဦး နင့်အတွက်လက်ဆောင်တွေပါတယ် လာယူ...

ဒါမျိုးဆို လာထားပဲ သုတတို့ကတော့ ။
မိမိအောက်ပိုင်းနာနေတာတောင် ဂရုမစိုက် မိမိခြေလှမ်းတွေက ကဗျာမအိမ်သို့ ဦးတည်ခဲ့သည် ။

သုတ ကဗျာတို့အိမ်ထဲ ဝင်လျှင်ဝင်ခြင်း
မိမိအား ပြေးဖက်လာသော ကောင်းကင်...

"ကောင်းကင် .. ဘယ်လိုတွေဖြစ်နေတာလဲ။ လူကြီးတွေမြင်သွားရင် မကောင်းဘူးလေ။ လွှတ်ပေး"

"ခဏလေးပါ...ပိစိလေး...
ဒီအတိုင်းခဏလေး ဘာမှမပြောပဲနေပေးပါလား..
ကျွန်တော် လွမ်းနေခဲ့ရတာ...
မတွေ့ရတာ ဘယ်လောက်ကြာနေပြီလဲ။
1မိနစ်လောက်ပဲ ငြိမ်ငြိမ်လေးနေပေးပါနော်
ကျွန်တော် တောင်းဆိုတာပါ"

ထိုစဉ် ကဗျာမ ဘယ်က ဘယ်လိုရောက်ချလာမမှန်းမသိ..

"အောင်မလေးနော်...အိမ်ထဲမှာဆိုတာလဲ သတိရကြပါဦး ကိုယ်တော်တို့။ ဖြစ်ပျက်နေလိုက်တာ"

အခ်စ္ကိုသိခ်ိန္(Completed)Where stories live. Discover now