အရောင်ဆိုးမိသော (1)

751 80 8
                                    

ဘေးအိမ်ကို လူသစ်တွေပြောင်းလာတဲ့ အကြောင်း ရပ်ကွက်ထဲက အစုံသုပ်လို့ ကျွန်တော် နာမည်ပေးထားတဲ့ Arjima နဲ့ Omma နဲ့အတင်းတုပ်နေတာ ကြားလိုက်တယ်... Ommaနဲ့ အဲ Arjima နဲ့တွေ့ရင် မပြီးတော့ဘူး တစ်ရပ်ကွက်လုံးအကြောင်းကနေ ဟိုးဘက်ရပ်ရွာတွေအကြောင်း စုံလို့ ။ မနက်စာနောက်ကျရင် ကျောင်းကို ကမန်းကတန်းသွားရဦးမှာ...စိတ်ညစ်တယ်

"သားရေ ဟိုဘက်အိမ်ကို ပြောင်းလာတဲ့ထဲမှာ မောင်နှမနှစ်ယောက်ပါတယ်တဲ့ သားတော့ အဖော်ရပြီ ''

အဖော်မက်တဲ့ တစ်ဦးတည်းသော သား ကျွန်တော့်အတွက် အပျော်ဆုံးသတင်းပဲ ။ ဟိုးဘက်အိမ်ကို ပြတင်းပေါက်ကနေ လှမ်းကြည့်တော့ ကျွန်တော်နဲ့ရွယ်တူ ကောင်လေး တစ်ယောက်နဲ့ သုံးနှစ်လောက် ငယ်မည့် ကလေးမလေးတစ်ယောက်ကို တွေ့တယ် ။ ညနေကျမှ သွားနှုတ်ဆက်ဦးမယ်...

Omma နဲ့ အစုံသုတ် Arjima စကားကောင်းနေမှုကြောင့် မနက်စာနောက်ကျ၍ ကျောင်းမှီအောင် ကမန်းကတန်းစားသောက်ပြီး ကျောင်းသွားဖို့ စက်ဘီးထုတ်တော့လည်း ဘီးကပေါက်နေ တကယ့် ပြဿ ဒါးပဲ!!! ကိုယ့်ခြေထောက်ကိုသုံးကာ အပြေးချီတက်ဖို့ လွယ်အိတ်ကိုသေချာလွယ်ပြီး ခြံထဲကနေ ပြေးထွက်တုန်း ဘေးအိမ်က ရုတ်တရက် ထွက်လာတဲ့ စက်ဘီးတစ်စီး...
တိုက်မိမလိုဖြစ်သွား၍ စိတ်တိုပြီး လှမ်းအော်မယ် ပြင်လိုက်စဉ်

"ဟာ မင်း လူတစ်ယောက်လုံးကို မမြင်ဘူးလား အော် ဆောရီးဆောရီး မျက်လုံးမှေးတဲ့သူတွေကို သနားကြင်နာရမယ် ဟားဟားဟား''

အော ဘေးအိမ်က လူသစ်ကောင်! !! မနက်က ခင်ချင်နေတဲ့ စိတ်လေးပါပျောက်သွားတယ်
ဒါ ကျွန်တော့်ဒေါသကို သပ်သပ်လာစမ်းတာ။ အထိမခံရွှေပန်းကန် စွာတေးလန်လို့ နာမည်ရထားတဲ့ ကျွန်တော့်အကြောင်း သိအောင်ကို ပြပစ်မယ်လို့ ကြံလိုက်တုန်း ဒင်းက ပြောချင်ရာပြောပြီး စက်ဘီးကိုဦးအောင်နင်းထွက်သွားတယ် ။
ကျောင်းနောက်ကျနေလို့ သက်သာသွားတယ်မှတ် ညနေကျ တွေ့မယ်လို့ စိတ်ထဲတေးထားပြီး ကျောင်းကို ခြေကုန်သုတ်ရတော့တယ် ။

ကျောင်းရောက်တော့ ခေါင်းလောင်းတောင်ထိုးပြီးလို့ ဆရာမတောင်ဝင်နေပြီ...ဆရာမကို မျက်နှာချိုသွေးပြီး ဝင်ခွင့်တောင်းလိုက်တော့
"ဝင်ပါတော် ဝင်ပါ ဘတ်ခ်ဟျွန်း ကျောင်းစောစောရောက်တဲ့နေ့ ထီကို ထိုးမယ် '' ဆိုပြီး ရွဲ့ပြောခံလိုက်ရသည် ။ အဲဒါ Omma ကြောင့် ><

အရောင်ဆိုးမိသောWhere stories live. Discover now