အိပ်မက်ကိုခူးဆွတ်ခြင်း
----------------------------- [Snow Hninn]စိတ်ရှိတိုင်း ကမ္ဘာသစ်ဆီ
ရွက်လွှင့်မိတယ်...။စိတ်ကူးတိုင်းဟာ
ကဗျာဖြစ်တယ်...။စိတ်ညစ်စရာများ
လွင့်ပါသွားမလားဆိုပြီး
ခေါင်းကိုပဲအကြိမ်ကြိမ်ခါနေမိတယ်...။ခိုးချမိတဲ့သက်ပြင်းတွေလည်း
ရင်မောတာပဲအဖတ်တင်တယ်...။မြေကြီးထဲဝင်ဖို့အတွက်နဲ့တော့
အူဝဲတေးနဲ့ဟစ်ကြွေးခဲ့တာမဟုတ်...။အိပ်မက်တွေတက်တူးလိုပဲ
ဖျက်မရအောင် သေရာပါစွဲနေဆဲ...။ဒီအိပ်မက်တွေတောက်တယ်...။ ငြိမ်းတယ်...။
ကောက်ရိုးမီးလို
အကြိမ်ကြိမ်ထတောက်ပြီး
အကြိမ်ကြိမ်ငြိမ်းတယ်...။ပါးလျလျေ၀၀ါးဝါး
အိပ်မက်တွေက
ဆေးသားတွေ သိပ်ပြယ်တာပဲ...။လန့်လန့်နိုးတိုင်း
အိပ်မက်တွေကို
အသက်သွင်းနေမိတယ်...။တစ်ခါတစ်ခါ
စစ်တုရင်ကစားကွက်ထဲက
နယ်ရုပ် ကနေ ဘုရင်မဖြစ်ဖို့
ကြိုးစားရင်း
အစားခံလိုက်ရတဲ့
ကံကြမ္မာကများနေတယ်...။ကံကောင်းခြင်းဆိုတာ
ငါ့ဆီ သိပ်အလည်မလာတတ်ဘူး...။အချိန်တိုက်စားမှုတွေကြား
လဲကျတိုင်းပြန်ပြန်ထနေရတာ
ရာသီသုံးပါး ခြေရာတွေထပ်နေပြီ...။လွဲမှားနေတဲ့ နက္ခတ်တစ်ခွင်မှာ
မဟူရောင် ကတ္တီဘာ တံခါးကို ဆွဲဆွဲဖွင့်ပြီး
မသေနိုင်တဲ့အိပ်မက်ဓူဝံကြယ်ခူးဆွတ်ဖို့
အလှမ်းဝေးနေလည်း
ရိုးသားစွာ ခြေဆန့်ခဲ့မိရုံလေးသာ... ။Snow Hninn
14 Feb 2017
7:41 PM
YOU ARE READING
စတုဂံလွင်ပြင်
Poetryမင်းသုဝေ(စိန်ပန်းမြေ)၊ ဝိုင်းဝိုင်း၊Minsetwai၊ Snow Hninnတို့၏ ကဗျာကောင်းလေးများ