Ch.1 : Kickboxing Championship

7K 268 18
                                    

နှစ်စဉ်နှစ်တိုင်း တစ်နှစ်ကို တစ်ကြိမ် တရုတ်ပြည်မကြီးနှင့် အမေရိကန် ရဲတပ်ဖွဲ့ကြား အလွတ်တန်းအဆင့် လက်ဝှေ့ယှဉ်ပြိုင် ထိုးသတ်ပွဲကြီးကို ဘေဂျင်းမြို့တော်ရဲ့ အားကစားခန်းမကွင်းကြီးမှာ ဆင်ယင်ကျင်းပလေ့ရှိလေတယ် ။

" ယမန်နေ့တုန်းက ရူံးထွက်ပွဲစဉ်ကို ယှဉ်ပြိုင်ထိုးသတ်စေခဲ့ရာမှာ အမှတ်ပေးဒိုင်အဖွဲ့ကို အကျပ်ရိုက်စေနိုင်လောက်တဲ့ ရင်သပ်ရူမောဖွယ်ရာ ပွဲစဉ်များကို ကျော်ဖြတ်ပြီးတဲ့နောက် နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကို တက်ရောက်ဖို့ ပြိုင်ပွဲဝင် ၁၆ယောက်သာ ကျန်ရစ်နေခဲ့ပါတယ် ။ "

အဲ့ဒီနောက်မှာ အစီအစဉ်တင်ဆက်သူဟာ ဇကာတင်ကျန်ရစ်သူ ပြိုင်ပွဲဝင် ၁၆ယောက်ရဲ့ နာမည်ကို အစဉ်လိုက် ခေါ်ဆိုလေတော့တယ် ။

" Joy, Zhou Huaqing, Brown, Dai Gao Gao, Xia Yao, Anderson.... "

ရဲယူနီဖောင်းဝတ်စုံကို ဆင်ယင်ထားတဲ့ အမျိုးသား၁၆ယောက်ဟာ စင်မြင့်ထက်ကို ကြွားကြွားဝင့်ဝင့် လျှောက်လှမ်းလာပြီး စက်ဂိုင်းသဏ္ဍန် ဝိုင်းပတ် နေရာယူထားကြလေတယ် ။ တရုတ်လူမျိုး၈ယောက် ၊ အမေရိကန်လူမျိုး ၈ယောက်ဟာ မျက်နှာခြင်းဆိုင် အနေအထားမှာ ရပ်တန့်နေကြပြီး တစ်ဦးကိုတစ်ဦး ဦးခေါင်းအနည်းငယ် ညွှတ်ကာ အရိုအသေးပေးနေကြတယ် ။ အမေရိကန်ရဲတပ်ဖွဲ့အသင်းရဲ့ တတိယမြောက်နေရာမှာ နေရာယူထားတဲ့ Brown ကတော့ ကိုယ်ခန္ဓာကို ၉၀ဒီဂရီ ညွတ်ကိုင်းပြီး မျက်နှာခြင်းဆိုင်နေရာမှာရှိနေတဲ့ Xia Yao ကို ဦးခေါင်းမှ ဘောင်းဘီခွကြား နေရာအထိ တိတ်တဆိတ် လေ့လာဆန်းစစ် အကဲခပ်ကြည့်နေလေတယ် ။ လျို့ဝှက်ပြီး တဏှာရာဂဆန်တဲ့ အပြုံးတစ်ခုက သူ့ရဲ့နူတ်ခမ်းမှာ တိတ်တဆိတ် တွဲခိုနေလေတယ် ။

သေနတ်ပစ်ဖောက် အချက်ပြလိုက်ပြီးနောက်မှာတော့ ပထမအဆင့် ပွဲစဉ်ကို စတင်ယှဉ်ပြိုင် ထိုးသတ်ကြလေတော့တယ် ။ Head to Head ယှဉ်ပြိုင်ထိုးသတ်ကြရပြီး အနိုင်ရရှိသူဟာ နောက်တစ်ဆင့်ကို တက်ပြီး ဆက်လက် ယှဉ်ပြိုင်ကြရတယ် ။

အခုလို နှစ်စဉ် လက်ဝှေ့ယှဉ်ပြိုင်ထိုးသတ်ပွဲ ကျင်းပရတာဟာဆိုရင် တရုတ်ရဲတပ်ဖွဲ့ နှင့် အမေရိကန်ရဲတပ်ဖွဲ့ အကြား ရင်းနှီးကျွမ်းဝင်မူ အခြေအနေကို ပိုမို တိုးတက်အောင် လုပ်ဆောင်ပေးရာကျသလိုပဲ ၊ အရှေ့တိုင်းနဲ့ အနောက်တိုင်း ကိုယ်ခံပညာရပ်အချင်းချင်း နှီးနှောဖလှယ်တဲ့ အဓိပ္ပာယ်မျိုးပါ ပါဝင်နေလေတယ် ။ တရုတ်ရဲတပ်ဖွဲ့ဘက်က ခြေထောက်လူပ်ရှားမူတွေမှာ အာရုံအထူးစိုက်ပြီး တစ်ဖက်က ရင်ဆိုင်တိုက်ခိုက်သူကို ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်နဲ့ အလဲဖြို တိုက်ခိုက်နေသလို ၊ တစ်ဖက်က အမေရိကန်ရဲတပ်ဖွဲ့ကလည်း သူတို့ရဲ့ တောင့်တင်းခိုင်မာလှပြီး အလဲထိုးသတ်နိုင်တဲ့ လက်သီးတွေကို အားပြုပြီး ယှဉ်ပြိုင်နေလေကြတယ် ။ အားလုံးထဲမှာ Brown ကတော့ အတော်ဆုံးနဲ့ အကောင်းမွန်ဆုံးပဲ ။

Advance Bravery ( Myanmar Translation)Where stories live. Discover now