ကုတင်ဘေးမှာ ခုထိ တရှုံ့ရှုံ့ လုပ်နေတဲ့ ဘတ်ခ်ဟျွန်း...ဘေးက သူ့အမေကတော့ တဗြစ်တောက်တောက်နဲ့ ငေါက်လို့...
ကျွန်တော့်အမေကတော့ ခွက်ထိုးခွက်လန် ရယ်နေဆဲ ... ဘယ်နှယ့် ကျွန်တော့်ကိုများ မွေးစားသား ထင်သွားရတယ်လို့ ကျွန်တော့်မှာ ရယ်ရခက် ငိုရခက်နဲ့
"လာ ဘတ်ခ်ဟျွန်းနီး အိမ်ပြန်မယ် ''
"Nae Omma''
အံမယ် ဒီ ပါပီပေါက်စက မျက်နှာငယ်လေးနဲ့ အသံသေးသေးညှောင်ညှောင်လေးလည်း ပြောတတ်သားပဲ...သူ့အမေကတော့ အထပ်ထပ်အခါခါ တောင်းပန်စကားပြောပြီး သူ့ကိုပါ ခေါ်သွားတယ်
...................
"ဘတ်ခ်ဟျွန်းရယ် ဟိုဘက်အိမ်က ငါ့ကို အပြေးလာခေါ်တဲ့အထိတောင် နင်က သည်းကြီးမည်းကြီး ငိုနေရလား ဘယ်လောက်အားနာစရာကောင်းတုန်း ''
"သားက ဒီတိုင်း သနားပြီး ''
"တော်! နင့်ရဲ့ အဲအကျင့် ဘယ်တော့မှာပျောက်မှာလဲ ဟိုးအငယ်တည်းက ပြင်ခိုင်းတာ ခဏခဏ လူက လူပျိုဖြစ်တော့မယ် ခုထိ ထစ်ခနဲဆို ပေါက်ကရ တွေးပြီး ငိုငိုနေတာ မရှက်ဘူးလား ကလေးလည်း မဟုတ်တော့ဘဲနဲ့ သားရယ် ပြင်စမ်း ကြားလား ''
"Nae''
မနက်ရောက်တော့ မှန်ထဲက ကျွန်တော့်မျက်နှာကျွန်တော်မြင်ပြီး လန့်သွားတာပဲ...အမလေး ဘယ်လောက်တောင် ငိုလိုက်မိတာလဲ...မျက်လုံးတွေဆိုတာ ဖောင်းမို့လို့...အလိုလိုကမှ လူက the whole King ရုပ်ဆိုပေမယ့် မျက်လုံးလေးမှေးနေတာကို လာလာထိခိုက်နေကြရတဲ့အထဲ ခုတော့ Omma ရေ Omma သား ကို လာကြည့်ပါဦးလို့သာ အော်ငိုချင်တော့တယ်...
"အဲဒါက ဘာဖြစ်လာတာလဲ ဘတ်ခ်ဟျွန်း နေကာမျက်မှန်ကြီးတပ်ပြီး ဘာဒီဇိုင်းထွင်လာပြန်တာတုန်း ''
"မျက်စိနာနေလို့ပါ ဆရာမ ''
"အေးအေး ဂရုစိုက်ဦး ''
တခွိခွိနဲ့ ဒင်းကတော့ နောက်ကနေ ရယ်လို့... တွေ့မယ် တွေ့မယ် ပတ်ချန်ယော မှတ်ထားဦး
"ဟေး ပေစိမှေးစိ ဒီညနေ ငါ လိုတာတွေ သွားဝယ်စရာရှိလို့ လိုက်ခဲ့ကွာနော် ''
YOU ARE READING
အရောင်ဆိုးမိသော
Fanfictionပုံပြင်တွေမှာ လှပတဲ့ဇာတ်သိမ်းတွေပဲရှိတယ်လို့ ဘယ်သူပြောသလဲ..."နောက်ဆုံးမှာ မင်းသားလေးနဲ့ မင်းသမီးလေးဟာ ပျော်ပျော်ရွှင်ရွှင် အတူတကွ နေထိုင်သွားကြလေသတည်း " ဆိုတဲ့ အိပ်ရာဝင်ပုံပြင်တွေကို ကျွန်တော်မုန်းတယ် ။ တကယ်တော့လည်း ကျွန်တော်တို့ကိုက အိပ်ရာဝင်ပုံပြင်...