Finding Nori

1K 93 3
                                    

JungKook P.O.V

ကျ​နော်​တို့လူစုကွဲမသွား​အောင်​သူ့လက်​ကို​သေချာကိုင်​ထားခဲ့တယ်

ဒါ​ပေမဲ့ည​နေရုံးဆင်းချိန်​ဆို​တော့လူ​တွေအရမ်းကိုကျပ်​​နေတယ်

ကျ​နော်​တို့လူစုကွဲသွားရင်းသူမကိုရှာမ​တွေ့​တော့​ခေါင်းနပန်းကြီး​တော့တာ​ပေါ့

JungKook: Nori ah...

ကျ​နော်​သူ့ကို​အော်​​ခေါ်​ပေမဲ့သူ့ကို​တော့မ​တွေ့ဘူး

You: Kookie ah...

သူပြန်​​အော်​တဲ့အသံ​တော့ကြားလိုက်​တယ်

ဒါ​ပေမဲ့သူ့ကို​​တော့မ​တွေ့ရဘူး

ကျ​နော့်​ကိုလူအုပ်​ကြီးကဘဲဝင်​တိုက်​သွားကြတယ်

သူ့ဆီ​ရောက်​​အောင်​မသွားနိုင်​ဘူး

ကျ​နော်​ဘာလုပ်​ရမလဲ?

ကျ​နော်​ hotel ကိုအမြန်​​ပြေးသွားလိုက်​တယ်

ကျ​နော်​ hotel ထဲဝင်​လာ​တော့တစ်​ချို့​ကျောင်းသား​တွေကျ​နော်​တစ်​​ယောက်​တည်းလာတာ​တွေ့​တော့​ကြောင်​ကြည့်​​နေကြတယ်

JungKook: Nori... သူ​ပျောက်​​နေတယ်

ကျ​နော်​​ပြောလိုက်​​တော့​ကျောင်းသား​တွေတီးတိုး​ပြောတဲ့သူက​ပြော အလန့်​တကြားနဲ့​ကြောက်​တဲ့သူက​ကြောက်​ကုန်​ကြတယ်

အဲဒီထဲက​နေ Jimin ထွက်​လာပြီးကျ​နော့်​ကို​မေးခွန်း​တွေ​မေး​တော့တယ်

ကျ​နော်​လဲနားလဲညည်းစိတ်​​တွေလဲတိုလာပြီး​အော်​လိုက်​တယ်

JungKook: ငါအဲဒါ​တွေမသိဘူးကွာ ငါ Nori ကိုသွားပြန်​ရှာဦးမယ်​ ​ကျေးဇူးပြု ပြီးမင်းတို့​တွေလဲကူရှာ​ပေးကြပါကွာ

ပြီး​တော့ hotel ထဲက​နေ​ပြေးထွက်​လာတယ်

hotel ရဲ့အနီးဆုံး​ဘယ်​​နေရာမဆိုလိုက်​ရှာကြည့်​​ပေမဲ့သူ့ကိုမ​တွေ့ဘူး

ကျ​နော်​နဲ့အတူကျန်​တဲ့လူ​တွေလဲသူ့ကိုကူရှာ​ပေးကြတယ်

Playing me? BTS-Jungkook (Completed)Where stories live. Discover now