Part.13{Are u make me shy}

751 72 6
                                    


Kongpopရဲ့အော်သံအဆုံးမှာ ကန်တင်းတစ်ခုလုံးမှာရှိတဲ့ လူတွေအကုန်လုံးက Arthitကိုတလှည့်Kongpopကိုတလှည့်ကြည့်လာကြတယ်။Arthitမျက်နှာက အသိစိတ်ကင်းမဲ့နေသလို ဖြူဖွေးစွတ်နေတယ်။Wadကတော့ Kongကို တော်တယ် ဆိုတဲ့ သဘောနဲ့ လက်မထောင်ပြနေလေသည်။
Kongpop စားပွဲပေါ်ကနေ ခုန်ဆင်းလိုက်ပြီး အနီးနားက စားပွဲခုံမှာ ထိုင်နေကြတဲ့ ကောင်လေးတွေဆီကို သွားမေးလိုက်တယ်။
"တကယ်လို့ ကျွန်တော် P'Arthitနဲ့dateလုပ်ချင်ပါတယ်လို့သွားပြောရင် P'Arthitကလက်ခံပါ့မလား?"
ကောင်လေးတွေကတော့ ဘာမှပြန်မပြောပဲ Kongကိုပဲဝိုင်းကြည့်နေကြတယ်။Kongကတော့ ဘယ်သူမှ ဂရုမစိုက်ပဲ သူ့တာဝန်အတိုင်းလူဆယ်ယောက်အပြည့်လိုက်မေးနေသည်။အဲ့ဒီအချိန်မှာ လောကကြီးနဲ့ ခဏအဆက်သွယ်ပြတ်ပြီးကြောင်ရပ်နေတဲ့ Arthit တစ်ယောက် သတိဝင်လာခဲ့ပြီး Kongဆီကိုပြေးသွားကာ လက်ကိုသာဆွဲခေါ်လာခဲ့တော့သည်။နည်းနည်း လူရှင်းတဲ့နေရာရောက်မှ လွှတ်ပေးပြီး အသံကုန်ခြစ်အော်လိုက်တယ်။
"WHAT THE HELL!!မင်းအခု ဘာလုပ်လိုက်တာလဲ!!!!'
"ကိုယ် မင်းခိုင်းတဲ့အတိုင်းပဲလုပ်တာလေ"
"ငါ မင်းကိုခိုင်းတာက ယောကျာ်းတွေကို ကြိုက်တယ်လို့ အော်ခိုင်းတာလေ!ငါ့ နာမည်မဟုတ်ဘူး!"
"ကိုယ် မင်းကို ကြိုက်တယ်Arthit!မင်းကလည်း ယောကျာ်းလေးတစ်ယောက်ပဲလေ!မင်းက ယောကျာ်းလေးဖြစ်နေရင်တောင်မှ ကိုယ်က ချစ်နေဦးမှာပဲ"
Kongpopစကားကြောင့် Arthit ရင်ထဲမှာ ကြည်နူးမိသွားသည်မှာတော့ အမှန်ပင်။ဒါပေမယ့် သူဘာလို့ အဲ့လိုခံစားနေရတာလဲ။
"မင်းကိုယ်မင်း ကြည့်ကောင်းနေတယ်များထင်နေလား ဟမ်!မင်း ငါ့ကို တမင်အရှက်ခွဲနေတာလား?"
"ကိုယ့်ဘဝတစ်လျောက်လုံး မင်းကို နာကျင်စေမဲ့အလုပ်မျိုး ဘယ်တော့မှလုပ်မှာမဟုတ်ဘူး"
"မင်းက တော်တော်အပြောကောင်းတာပဲ"Arthit ရွဲ့ပြီးပြောလိုက်တယ်။
"မယုံဘူးလား?"
မျက်ခုံးနှစ်ဖက်ပင့်ကာမေးလာတဲ့ Kongကြောင့် Arthitခဏတော့ငေးကြည့်မိသွားတယ်။ပြီးမှ
"မင်းမှာ လေးစားမှုမရှိဖူးလား။ငါက မင်းရဲ့စီနီယာတစ်ယောက်၊အဲ့ဒါကြောင့် ငါ့ကို Arthitလို့ခေါ်နေတာတွေ ရပ်တော့။P'လိုခေါ်ရမယ်ဆိုတာ မင်းနားလည်သင့်တယ်"
"ကိုယ့်ကို Nong ဒါမှမဟုတ် Kongလို့ခေါ်ရမယ်။အဲ့ဒါဆိုရင် မင်းကို P'လို့ခေါ်မယ်"
"မင်း!ဘယ်လို....."

?Time Can Mess Thing Up?[myanmar translation]Tempat cerita menjadi hidup. Temukan sekarang