..LFH.1.

457 40 7
                                    

••26.3.2023••

"ကို..ကို ချစ်​ကိုထားမသွားပါနဲ့...
ချစ်​. ဘာအမှားလုပ်​မိလို့လဲ... ဟင်​.
ကို​..ပြောပါ ကိုမကြိုက်​တဲ့အချက်​​တွေရှိရင်​ ချစ်​ပြင်​​ပေးပါ့မယ်​..​နော်​ ..ဟင့်​..ကို.ဟင့်​ ...ကို မသွားပါနဲ့...ဟင့်​..."

ကောင်​မ​လေးက ဘယ်​​လောက်​ပဲ သနား​စရာကောင်းစွာ
ငိုယို​တောင်းပန်​​နေပါ​စေ 
ကောင်​​လေးက​တော့ ​ကောင်​မ​လေးကို တစ်​ချက်​​တောင်
လှည့်​မကြည့်​ပဲ ထွက်​သွားခဲ့လေပြီ။

ဆိုင်​ထဲကထွက်​သွားတဲ့ ​ကောင်​​​လေးရဲ့​နောက်​​ကျော
ကိုကြည့်​ရင်းအတိတ်​က တစ်​စုံတစ်​​ယောက်​နဲ့တူလိုက်​တာလို့​တောင်​ baekhyun မှတ်​ချက်​ချလိုက်​မိသည်​။

ကောင်​မ​လေးကို ​ပြန်​ကြည့်​မိလိုက်​​တော့
တစ်​ချက်​​တောင်​လှည့်​မကြည့်​ဘဲထွက်​သွားခဲ့တဲ့
ကောင်​​လေးအတွက်​ ​ကောင်​မ​လေးက နှာတစ်​ရှုံရှုံနဲ့
အခုချိန်​ထိငိုလို့​ကောင်းတုန်း။ 

လူ​တွေကလည်းဝိုင်းကြည့်​လို့ကြည့်​နဲ့ 
မဖြစ်​​တော့။.....

သောက်​လက်​စ ​ကော်ဖီခွက်​​ကို​ဘေးချလိုက်​ပြီး
ထိုင်​​နေတဲ့ ခုံ​လေးမှထကာ
ခြေလှမ်းများအား ပတ်​ဝန်းကျင်​ကို​မေ့ကာ ငိုယို​နေတဲ့
ဆယ်​​ကျော်​သက်​အရွယ်​ထိုမိန်းက​လေးရှိရာ သို့သာ
ဦးတည်​လိုက်​​တော့သည်​။

မိန်​က​လေးတစ်​​ယောက်​ရဲ့
အရှက်​သိက္ခာဆိုတာရှိ​သေးတယ်​မလား။...

"​​ဟေ့​ဟေ့ ညီမ​လေး ငိုချင်​ရင်​ ပြီးမှဆက်​ငို​နော်​။
အစ်​ကိုတို့ အရင်​ဆုံး ဆိုင်​ထဲက ထွက်​ရ​အောင်​​နော်​။
လူ​တွေဝိုင်းကြည့်​​နေပြီ​။."

လူ​တွေဝိုင်းကြည့်​​နေပြီလို့်​ ​ပြောလိုက်​မှသာ
အငိုရပ်​ပြီး ဟိုကြည့်​ဒီကြည့်​နဲ့ ပတ်​ဝန်းကျင်​ကို
သတိဝင်​လာပုံရှိသည်​။

သူ့ကို ကွက်​ကြည့်​ ကွက်​ကြည့်​ လုပ်​​နေတဲ့လူ​တွေ​ကြောင့်
တော်​​တော်​လည်းရှက်​သွားတဲ့ပုံပဲ မျက်​နှာတွေ​တောင်​နီရဲလာသလိုလို။

••LFH••(Chanbaek yaoi)Where stories live. Discover now