~11(final)~

2.3K 279 57
                                    

အချိန်တွေက ပစ္စုပ္ပန်မှာ ကြာသလိုနဲ့ အတိတ်ကို ပြန်တွေးလိုက်ရင်တော့ မနေ့တစ်နေ့ကလိုပဲ…။
'လေးနှစ်တောင်ကြာခဲ့ပြီနော်'လို့ ကျွန်တော်တီးတိုးရွတ်ဆိုမိတဲ့အခါ အောင့်မြတ်လာသည့် ရင်ဘတ်ထဲက 'ဟုတ်ရဲ့လား'လို့ ငြင်းဆန်ချင်သည်…။
ဒဏ်ရာဆိုတာကလည်း ကြာလာလေလေ ပိုနာတတ်တဲ့ အမျိုးလားမသိ…

တောင်ကုန်းလေးပေါ် ကျွန်တော်ညနေတိုင်း ရောက်ဖြစ်သည်…။
အန်နာပြောသလို ကိုယ့်ဘဝကိုကိုယ် ပြန်ရှာတဲ့ သဘောပေါ့…။
ချန်းယောလ်ထိုင်နေကျ သစ်ပင်အောက်က သစ်မြစ်ပေါ်ထိုင်လိုက်တော့ မစ်ကီက အလိုက်တသိနဲ့ ဘေးနားမှာ လာဝပ်သည်…။
မဖိတ်ခေါ်ဘဲရောက်လာသူ တော်တော်များများသည် ကိုယ့်သဘောကိုယ်ဆောင်ပြီး ထွက်သွားကြတာများသည်…။နောက်ဆုံးကျွန်တော့်မှာ မစ်ကီပဲကျန်ခဲ့သည်…။
ချန်းယောလ်ကို ပထမဆုံးမြင်မြင်ချင်းမှာပဲ သူက ကျွန်တော့်ဘဝကို တမူထူးခြားစေမည့်သူမှန်း သတိထားမိခဲ့သည်…။
ထို့ကြောင့်ပဲ ရှောင်ဖယ်ချင်ခဲ့သည်…။
တစ်ခါသေဖူးလို့ ပျဉ်ဖိုးနားလည်ခဲ့သည်။ထားခဲ့တာရော အထားခဲ့ခံရတာရော အားလုံးက သူ့အတိုင်းအတာနှင့်သူ နာကျင်ရတာတွေချည်းပဲ…ထာဝရဆိုတာကို မယုံတတ်တော့တဲ့နောက်ပိုင်း ကျွန်တော့်ဘဝထဲမှာ ဘယ်သူ့ကိုမှနေရာမပေးဖို့…ဘယ်သူ့ဘဝထဲကိုမှလည်း မဝင်ရောက်စေဖို့ စောင့်စည်းခဲ့သည်…။
ထိန်းသိမ်းခဲ့သည်။

ဒါပေမယ့် ထိန်းချုပ်လို့ရတာက သပ်သပ်ရှိပြီး သူ့သဘောသူဆောင်ပြီး ထိန်းချုပ်ရခက်တာကလည်း သပ်သပ်ရှိနေခဲ့သည်…။
အဲ့ထိန်းချုပ်ရခက်တဲ့ အထဲမှာ အချစ်နှင့် ချန်းယောလ်က ထိပ်ဆုံးမှာပါနေခဲ့သည်…။
သူ့မျက်ရည်တွေကို မြင်တဲ့အခိုက်မှာ ကျွန်တော်က ဒါကို သဘောပေါက်ပြီး ဖြစ်နေခဲ့သည်…။

သူရယ်လိုက်တဲ့အခါ ပေါ်လာလေ့ရှိသည့်(တမင်မပေါ်ပေါ်အောင်ရယ်လေ့ရှိသည့်) ပါးချိုင့်လေးကို ကျွန်တော် မည်မျှ မြတ်နိုးလေ့ရှိသည်ဆိုတာ သူကတော့ သိမည်မထင်…။
စာအုပ်ဖတ်ချင်ယောင်ဆောင်ပြီး သူကျွန်တော့်ကို ခိုးကြည့်တာကို စောင့်ဖမ်းရတာလဲ ရင်ခုန်ခဲ့သည်…။
အလိုမကျအောင် စပြီးမှ အလိုလိုက်သည့်အခါ သူပြုံးလေ့ရှိတဲ့ပုံကိုလည်း သဘောကျသည်…။
သူဘယ်တော့မှ သိမည်မဟုတ်ပါ။ကျွန်တော်ဘယ်လောက်အတိုင်းအတာထိ သူ့ကို ချစ်ခဲ့တယ်ဆိုတာ…
တစ်သက်လုံး မပြောဖြစ်ဖို့ကိုလဲ ကျွန်တော့်ကိုယ် ကျွန်တော် အထပ်ထပ်ထိန်းချုပ်ထားခဲ့သည်…။
အချစ်ဆိုတာက ပြောတော့သာ လွယ်သည်…။
တကယ်ချစ်ကြည့်သည့်အခါ အချစ်တစ်ခုနှင့် မပြည့်စုံသည်တွေက များသည်…။
သူ့ကို ကျွန်တော့်ဘေးမှာထားပြီး တစ်သက်လုံး ပျော်စေဖို့ ယုံကြည်ချက်မရှိတဲ့အခါ လက်လွှတ်ပေးလိုက်ဖို့ပဲတတ်နိုင်ခဲ့တယ်…။
သူက ကျွန်တော့်ထက် သာတဲ့ဘဝမှာ နေဖို့ထိုက်တန်တဲ့သူပါ…။

Hug meМесто, где живут истории. Откройте их для себя