ထာဝရ အပိုင်း (၃၀)

772 82 15
                                    

အပိုင်း ၃၀

Yunho KyuHyun တစ်ယောက် လုပ်သမျှ ကို စိတ်ဝင်တစားလိုက်ကြည့်နေမိသည် မသိရင်တော့ KyuHyun ဟာ အရူးတစ်ယောက်လိုပဲ တစ်ယောက်တည်း စကားတွေပြောလိုက် ရယ်လိုက် ဖုန်းထဲမှတ်လိုက် နဲ့ တစ်ယောက်တည်း ရှုပ်ရှက်ခတ်နေသည် Yunho ကိုတော့ ကားထဲမှာပဲနေခိုင်းသည်

တော်တော်ကြာကြာမှ KyuHyun ကားထဲဝင်လာသည်

အဆင်ပြေလား... Yunho မျှော်လင့်တကြီးမေးလိုက်သည်

ဟင့်အင်းးးး....ဒါပေမယ့် မနက်ဖြန် ည ကျ နောက်တစ်နေရာ သွားရမယ်... Changmin ကို ဘယ်မှာ မြှုပ်လဲ သိရတော့မယ်... Hyung အကူအညီလိုတယ်.. Changmin က ကိုယ်ပိုင် မိသားစု သချိုင်းမှာ မြှုပ်ခဲ့တာ .. အခုထိလည်း Changmin အဆက်အနွယ်တွေဟာ ကိုယ်ပိုင် သချိုင်းမှာ မြှုပ်နှံဆဲလို့ သိရတယ်... Hyung seoul မှာ.. ကိုယ်ပိုင် သချိုင်းပိုင်တာ တဲ့ shim မိသားစုတွေကို ရှာပေးပါလား...

aww...အင်းး မနက်ဖြန် ကြိုးစားပေးမယ်... KyuHyun ah...miyan ... ငါကြောင့် အားလုံးပင်ပန်းကြရတယ်.. စိတ်မကောင်းပါဘူး... Yunho ခေါင်းကိုနှိမ့်ကာပြောလိုက်သည်

ရပါတယ်.. Hyung ... ကျွန်တော်က ကူညီတာ အရာရောက်မယ်ဆ်ု ပ်ုပျော်မှာ...

Yunho ပြုံးကာ ခေါင်းငြိမ့်ပြရင်း ကားစက်နိုးကာ မောင်းလိုက်သည်

မနက် ၆:၀၀ နာရီလောက်မှ ဟော်တယ်ပြန်ရောက်သည်

Hyung အိမ်မှာ တည်းပါလား.. KyuHyun ...

ရပါတယ် Hyung ... ကျွန်တော် ဒီမှာပဲတည်းပါမယ်.. ကားလည်းပါပါတယ် .. အခုတော့ အရမ်းလည်း အိပ်ချင်နေပြီ.. Hyung ညနေ မှ တွေ့မယ်လေ..

အိုခေ.. ညနေ ငါ ဖုန်းဆက်ပါမယ်..

Yunho KyuHyun ကိုနှုတ်ဆက်ပြီး ပြန်သွားသည်

KyuHyun ဟော်တယ် ထဲဝင်တော့ ဝန်ထမ်းတွေက အထူးအဆန်းကြည့်ကြသည် KyuHyun ဘယ်မှမကြည့်တော့ပဲ အခန်းထဲတန်းဝင် breakfast လှမ်းမှာကာ စားလိုက်သည်

ဆရာ.... ကျေးဇူးပါနော်... ကျွန်မအမျိုးသားကို တွေ့ရပြီမို့ ကျွန်မ ဒီမှာမနေတော့ဘူး ....

KyuHyun ခေါင်းငြိမ့်ပြလိုက်သည် စကားပြောဖို့တောင် အင်အားမရှိ... အမှန်အတိုင်းပြောရရင် စိတ်တွေအရမ်းပင်ပန်းနေပြီ ဘာမှမမြင်ချင်တော့ မြင်တာတွေအရမ်းများလို့ ထိတ်လန့်ရမှာ ထုံနေပြီ...

ထာဝရထက် တစ်ရက်ပိုသည်Where stories live. Discover now