=3=

378 55 10
                                    

Taehyung နဲ့ Jimin တောင်ကုန်းပေါ်မှာ ထိုင်ပြီး
သူတို့မြို့လေးကို ကြည့်နေကြတယ်.......။

"ငါတို့ မဆုံတာကြာပြီနော်....ငါနဲ့ မဆုံခင် ဒီမြို့ကို
လာခဲ့သေးလား"

Jimin Taehyung ဘက်လှည့်ပြီး မေးလိုက်တယ်

Taehyung ခေါင်းသာ ခါလိုက်တယ်.....

အေးလေ.....သူတို့နှစ်ယောက်စလုံး နာကျင်မှုတွေ
ပြည့်နှက်နေခဲ့တဲ့ နေရာကို ဘယ်ပြန်လာချင်ကြမလဲ

Taehyung ဘက်လှည့်ပြီး.......

"မင်းရှာနေတဲ့ သူတွေ့ခဲ့လား"

"မတွေ့ပါဘူးကွာ......ဒီလောက်နှစ်တွေ အများကြီးရှာတာ
တောင် မတွေ့သေးဘူး"

Taehyung သက်ပြင်းကိုသာ ချလိုက်တယ်.......။

"ငါကတော့ ငါရှာတဲ့သူကို တစ်ခါတွေ့ခဲ့တယ်....."

Taehyung မျက်လုံးများပြူးကျယ်သွားပြီး......

"မင်းသတ်လိုက်နိုင်လား"

Jimin ခေါင်းသာ တွင်တွင်ခါပြီး သူ့ခါးဘက်က
အင်္ကျီစကို လှန်ပြလိုက်တယ်......။

ခါးမှာ ခြစ်ရာအမာရွတ်ကြီး.......

"မင်းကို သူလုပ်လိုက်တာလား"

Taehyung ဒေါသတကြီးမေးလိုက်တယ်.......

"မဟုတ်ဘူး"

Jimin ၏ စိတ်ကတော့ အတိတ်သို့ပြန်လွင့်လျက်.........

✡✖✡✖✡✖✡✖✡✖✡✖✡✖✡✖✡✖✡✖✡✖✡✖✡✖✡

Jimin တစ်ယောက် Dope တောထဲမှာ vampires
တွေ စခန်းချနေတယ်သတင်းကြားလျှင် ကြားချင်း
အမြန်ထွက်လာမိတယ်......။သတင်းပေးကတော့
တပ်ကူစောင့်သင့်တယ်ပြောပေမဲ့လည်း သူရန်သူ
တော်ကြီးပါနေတဲ့အတွက် စောင့်မနေနိုင်ဘဲ အမြန်
ထွက်လာခဲ့တယ်.....။ဝါမရင့်သေးပေမဲ့ အပြင်းအထန်
လေ့ကျင်မှုကြောင့် vampires ၁၀ ကောင်လောက်
အသာလေး.....။

Vampires တွေကို တွေ့တော့ သစ်ပင်ပေါ်မှာ
အခြေအနေစောင့်ကြပြီး ပုန်းနေလိုက်တယ်.....။
ဒီတောထဲမှာ vampires နှစ်ဖွဲ့တွေ့တော့ အလဲ
အလှယ်လာလုပ်ပုံရတယ်.....။အိမ်အိုကြီးတစ်ခု.....
အထဲမှာေ ခါင်းဆောင်တွေ ရှိပုံပေါ်တယ်.....။
အပြင်မှာ vampiresတွေ အများကြီးစောင့်ကြပ်
နေတယ်.....။ဒါပေမဲ့ တစ်သင်းမှာ အယောက်နှစ်ဆယ်လောက်ပဲပါတယ်.....။
အလဲအလှယ်လုပ်ပြီးတော့ ခေါင်းဆောင်
နှစ်ယောက် ထွက်လာကြတယ်.......။တစ်ဖက်က
Diamond Stars pack က ခေါင်းဆောင်
Lee junho.....
တစ်ဖက်က သူ့ရန်သူတော်ကြီး........
Silver moon pack ရဲ့ ခေါင်းဆောင် Min Yoongi
(ခွီး...ကိုယ်ပေးထားတဲ့ နာမည်တွေက ဘယ်လိုတောင်လား......)

Magical Heart{BTS Fanfic}Where stories live. Discover now