💌7💌

264 46 2
                                    

"ChanYeol သား ခဏလာဦး"

အိမ်အပေါ်ထပ်မှာကျောင်းသွားရန် ဆင်းလာသော ChanYeol အား Mr.Park မှလှမ်းခေါ်လိုက် သည်။

"ဘာဖြစ်လို့လဲ Appa"

ခုံတစ်ခုံတွင်ဝင်ထိုင်ရင်း မေးလိုက်သည်။

Mr.Park ကပြန်မဖြေသေးပဲ ကော်ဖီခွက်ကို မော့သောက်လိုက်ပြီးမှ

"Appaအခုပြောမယ့် စကားကို သေချာနားထောင် စေချင်တယ်"

ChanYeol ကြောင်အမ်းအမ်းဖြင့်သာကြည့်နေမိ သည်။Mr.Park ကမျက်မှောင်ကြုံ့လိုက်ပြီး

"သား စိတ်ဝင်စားနေတဲ့ကောင်မလေးရှိလား?"

"Nae?သား အဲ့တာတွေမစဉ်းစားမိသေးဘူး Appa "

"ဒီလိုဆို Appa ပြောမယ့်ကိစ္စအဆင်ပြေမှာပါ"

"သားကို ကောင်မလေးနဲ့ တွေ့ခိုင်းဖို့လား?"

Mr.Park က ChanYeol အမေးကို နှစ်လိုဖွယ် ပြုံးပြပြီး ခေါင်းငြိမ့်ပြလိုက်သည်။

"Appa သား အဲ့တာတွေမတွေးချင်ဘူး ပြီးတော့ အချစ်ရေးကို သားစိတ်တိုင်းကျရွေးချင်တယ်"

"သား စိတ်ဝင်စားနေတဲ့ကောင်မလေးတွေ့ရင် ခေါ်လာခဲ့လေ အကယ်၍မတွေ့မှသာ Omma တို့ စီစဉ်တာကိုလက်ခံပါ။Omma သားသဘောထား ကိုနားလည်လို့ဒီလိုပြောတာနော်"

ပေါင်မုန့်မီးကင်ထည့်ထားသော ပန်းကန်ကိုယူလာ ရင်း Mrs.Park ကဝင်ပြောလိုက်သည်။

ChanYeol သက်ပြင်းချလိုက်ပြီး ခေါင်းငြိမ့်ပြ လိုက်တော့ Mrs.Park ကပြန်ပြုံးပြလိုက်သည်။

"သား သွားတော့မယ် omma"

"ပေါင်မုန့်မစားသွားတော့ဘူးလား?"

"စားချင်စိတ်မရှိဘူး ဖြစ်နေလို့ သွားတော့မယ်နော် omma"

ကျောပိုးအိတ်ကိုဆွဲကာ အသင့်စောင့်နေသော ကားပေါ်သို့ တက်ကာအိမ်မှထွက်လာလိုက်သည်။

Appaပြောလိုက်သောစကားကို ပြန်တွေးပြီး စိတ်ထဲလေးနေမိသော်လည်း Omma စကား ကြောင့် စိတ်သက်သာရာရမိပြန်သည်။

ရုတ်တရက် ကားကအရှိန်ဖြင့်ထိုးရပ်သွားသော ကြောင့် ChanYeol အသိပြန်ကပ်ပြီး

More than LOVEWhere stories live. Discover now