Ep - 4

6K 907 44
                                    

*ချွင် ချွင်*

တံခါးဆီက ချလူလေးရဲ့ မြည်သံနဲ့အတူ ညနေပိုင်းမှာတောင် သန့်ပြန့်ခန့်ညားနေတဲ့ ယောက်ျားတစ်ယောက် ဆိုင်ထဲဝင်လာသည်။

"Baekhyun"

ထိုလူက Baekhyun နာမည်ကိုခေါ်ရင်း ပျားရည်စိမ်ထားသလို ချိုနေတဲ့ အပြုံးနဲ့နှုတ်ဆက်သည်။

"ဘယ်လိုရုံးက 3 နာရီဆင်းတာလဲ"

Jongdae က သတင်းစာကိုနောက်တစ်မျက်နှာ လှန်လိုက်ရင်း ခေါင်းခါကာပြောသည်။

"အလုပ်တွေအစောကြီး ပြီးသွားတယ်လေ"

"နာရီဝက်တစ်ခါလောက် Baekhyun ဆီ ဖုန်းဆက်နေရင်း အလုပ်တွေအမြန်ပြီးအောင် ဘယ်လိုလုပ်လဲ သိချင်မိ"

ဒီတစ်ခါတော့ Jongdae စကားကို Chanyeol အဖက်မလုပ်တော့။ ငြိမ်ပြီးထိုင်နေတဲ့ Baekhyun ကိုပဲ မျက်နှာရိပ် မျက်နှာကဲ သေချာကြည့်နေသည်။

"Baekhyun နေလို့မကောင်းဘူးလား"

"ကောင်းပါတယ်…ဒီလိုပဲ…နေရတာ နည်းနည်းပျင်းလို့"

Baekhyun ခေါင်းထဲပေါ်လာတာကိုပဲ လျှောက်ဖြေလိုက်၏။

"ကျွန်တော့်ကို ဖုန်းဆက်လိုက်ရင် ကျွန်တော် စောစောလာကြိုမှာပေါ့"

ဘေးနားက Jongdae တစ်ယောက် 'ဒီထက်များပိုစောရင်တော့လား' ဟု ခပ်တိုးတိုးရေရွတ်ကာ မျက်နှာရှုံ့မဲ့ပြသည်။

"သွားရအောင်လေ"

Baekhyun ခေါင်းညိတ်ပြလိုက်ပြီး နေရာကထကာ တံခါးဆီ ဦးတည်လျှောက်သွားလိုက်တော့ Chanyeol လည်း ဘာမှမပြောဘဲ Baekhyun ကို အသာလိုက်ထိန်းပေးရင်း ဆိုင်ထဲကလိုက်ထွက်လာသည်။

ဆိုင်ထဲကျန်ခဲ့တဲ့ Jongdae ကတော့ သူ့ကိုနှုတ်မဆက်ဘဲ ထွက်သွားကြသည်ကို ခုထိမယုံနိုင်ဘဲ ပါးစပ်အဟောင်းသားနှင့် ကျန်ခဲ့လေသည်။

----------

Chanyeol တစ်ယောက် အိမ်ရောက်၊ အဝတ်အစားလဲပြီးတည်းက နောက်ဖေးဝင်သွားပြီး ဟိုဖွင့်ဒီဖွင့်နဲ့ အလုပ်ရှုပ်နေပေမဲ့ Baekhyun ကတော့ ဆိုဖာပေါ်မှာ ငူငူကြီးထိုင်နေလေသည်။

"Baekhyun~"

အနားမှာလာရပ်ပြီး ခေါ်နေတဲ့ ခေါ်သံကြောင့် Baekhyun မော့ကြည့်လိုက်သည်။ တစ်နေကုန်အလုပ်လုပ်၊ Baekhyun ကိုလာကြို၊ အိမ်ပြန်ရောက်တော့လည်း ဘာတွေလုပ်နေမှန်းမသိ အခုထိမထိုင်ရသေးပေမဲ့ Chanyeol မျက်နှာက ကြည်လင်နေသည်။

I'm In Love With YouWhere stories live. Discover now