Part-16

5.9K 418 57
                                    

ဒီလိုမိုးသည်းသည်းမဲမဲ ရွာချနေသောအချိန်အခါမှာ ဟိုလူးဒီလွန့်ဖြင့် အိပ်မပျော်နိုင်သေးသော လူသားတစ်ဦး ရှိပြန်သေးသည်။
သူက Kwon Yuri....
အတွေးများဖြင့် ချာချာလည်နေသူဟုဆိုရမလား...တော်တော်နဲ့အိပ်မပျော်...

ဒါဆိုသူဘာတွေတွေးနေလည်း..။ Doctor Choi...ဟုတ်တယ် Doctor Choiအကြောင်း။ အခုတလော SooYoungအပြုအမူ ဂရုစိုက်မှုများကို သတိမထားမိပါဘူး မသိဘူးပြောလျှင် သူလိမ်ရာကြလိမ့်မည်။ သိပ်ပါးနပ်တဲ့ Kwon Yuriမလား။ သက်ပြင်းမောချပြီး ကွေ့ဝိုက်နေရသည့်အကြောင်းကတော့ ကိုယ့်ကိုကိုယ်SooYoungနှင့် မလိုက်ဖက်ဟုခံစားရသောကြောင့်ပင်...

Kim TaeYeon၏ခံစားချက်ကို လုံးဝကိုယ်ချင်းစာပေးလို့ရသွားသည်...ထောင်ထွက်တစ်ယောက်နှင့်အညွန့်တလူလူ လူသားတစ်ဦး။ ဘယ်လိုပဲဆိုစေအုန်းတော့ ကိုယ်ချစ်တဲ့သူကို မျက်နှာတစ်ချက်မညှိုးစေလိုပါ ။

ကိုယ်ချစ်တဲ့သူလို့ သုံးနှုန်းမိသွားသလား။ ဟုတ်တယ် အမှန်ဝန်ခံရရင် SooYoungကိုအရင် စသဘောကျခဲ့သူက မိမိ။ .ဒါပေမဲ့ခံစားချက်ကို လုံးဝမပေါ်စေပဲနေခဲ့သည်။ ယခုSooYoungဘက်ကပါ သဘောကျသည့်အမူအရာများပြလာတော့ ဘယ်လိုတင်းခံရမလဲYuri မသိတော့....

နှလုံးအထူးကုဆရာဝန်ကြီး ဒေါက်တာချွဲ ...ထောင်ထွက် သာမာန်စားသောက်ဆိုင်လေးရဲ့ ပိုင်ရှင် သူ..။
အို ဘယ်လောက်မလိုက်ဖက် ကွာဟလိုက်တဲ့ အနေအထားကြီးလည်း..။ ဒါပေမဲ့ ဘဝမှာ အမေပြီးလျှင် ပထမဆုံးတွယ်တာခဲ့ရသူ နှစ်ဦးသာရှိသည်...TaeYeon နဲ့SooYoung....

တစ်ဖက်ကလည်း တွန်းထုတ်ချင်နေသည့်စိတ်..တစ်ဖက်ကလည်း လောဘတက်ပြီး ရင်ခွင်ထဲကို အပြီးသိမ်းပြစ်လိုက်ချင်သည့်စိတ်။ မတူညီတဲ့စိတ်နှစ်ခုက လွန်ဆွဲနေတာကြောင့် ဒီညကိုသူအိပ်မပျော်နိုင် ဖြစ်နေတာပါ။

"ဟူး......ညကတကယ်ရှည်တယ်..."

ဘေးနားရေဖန်ခွက်ထဲက ရေတစ်ခွက်ကိုယူမော့လိုက်ပြီး အိပ်ပျော်ဖို့ကြိုးစားရသည်။ တော်ကြာမနက်မျက်ကွင်းများ ညိုနေလျှင် Doctor Choiကစစ်ဆေးမေးမြန်းအုန်းမည်လေ.......

******
မိုးနံ့သင်းသော မနက်ခင်းကိုသဘောကျသော်လည်း အရက်နာကျသည့်မနက်ခင်းကိုတော့ TaeYeonသဘေါမကျပါ...ဆိုဂျုသုံးခွက်နှင့်မက်ဂျုတန်ခိုးတွေက ခေါင်းကိုတူဖြင့်ထုနေသလို အုံပြီးတစစ်စစ်။ မျက်လုံးလည်းတန်းမဖွင့်နိုင်။ တွေးလိုက်မိတာက နောက်ဘယ်တော့မှ မသောက်တော့ဘူးဟူ၍ပင်။

အမုန်း၏အခြားတစ်ဖက်Where stories live. Discover now